Blogger Widgets

Tuesday, November 20, 2012

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်

 




 Windows 7 ကို အသုံးပြု နေသူများ အတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင်ချက်များ ရရှိ နိုင်စေရန် အတွက် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။


Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း

Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြု နိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။

 Windows 7 boot time ကို မြှင့်တင်ခြင်း 

Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန် အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နည်းမှာ Start မှ Run ကိုနှိပ်ပြီး Run Box မှာ msconfig လို့ ရိုက်ထည့်ပြီးလျှင် boot tab ရှိ Advanced options... ကို click လုပ်ရပါမည်။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processors ၏ core အရေအတွက်ကို ရိုက်ထည့်ရမည် ဖြစ်သည်။ မလိုအပ်သည့် font များကို ဖယ်ရှားရမည် ဖြစ်ပြီး ဖယ်ရှားခြင်း အားဖြင့် System ၏ လုပ်ဆောင်ချက် များကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Control Panel ၏ Font Folder ရှိ အသုံးမပြုသော Font များကို ဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Run Box မှတစ်ဆင့် Control Fonts ကို ရိုက်ထည့်ကာ ပြုလုပ်နိုင်ပါသည်။

 Windows 7 Shutdown Time ကိုမြှင့်တင်ခြင်း 

Window 7 က Shutdown ပြုလုပ်ခြင်းသည် Window XP, Window Vista တို့ထက် ပိုမြန်ပါသည်။ သို့သော် Registry အတွင်း အနည်းငယ် အပြောင်းအလဲ လုပ်ရန် လိုအပ်ပါသည်။ ပြောင်းလဲပုံမှာ Run Box ထဲတွင် Regedit ဟုရိုက်နှိပ်ပြီး Enter လုပ်ရမည်။ ထို့နောက် HKEY- LOCAL- MACHINE >> SYSTEM >> Current Control Set >> Control >> Wait To Kill Service TimeOut ကို D-Click နှိပ်ပါ.။ ပြီးရင် Value မှာ 2000 (12 Seconds) ကို ရိုက်ထည့်လိုက်ပါ။ ထို့နောက် OK လုပ်ပြီး PC ကို Restart လုပ်ရမည် ဖြစ်သည်။

Search Indexing Feature ကို disable လုပ်ခြင်း

မိမိ သိမ်းဆည်း ထားသည့် ဖိုင်များကို အလွယ်တကူ ပြန်ရှာဖွေ နိုင်ရန်အတွက် Search Indexing Feature ကို ပိတ်ထား သင့်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် Service. msc ဟု ရိုက်ထည့်ပြီး Window Search ကို Right- Click လုပ်ကာ disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။

Taskbar Thumbnail ရဲ့ဖော်ပြချိန်ကို လျှော့ချခြင်း 

Taskbar များကို thumbnail အဖြစ် ဖော်ပြခြင်းသည် Windows 7 ၏ အကောင်းဆုံး Feature ဖြစ်ပါသည်။ သို့သော် System ကို နှေးကွေး စေသောကြောင့် ၎င်း Thumbnail များ၏ ဖော်ပြချိန်ကို လျှော့ချ ပေးခြင်းဖြင့် System ၏ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် regedit ဟု ရိုက်ထည့်ပြီး HKEY- CURRENT- USER> Software> Microsoft> Window> Current Version> Exploer> Advance တွင် Right Click နှိပ်ပြီး New ကို ကလစ် ထောက်ကာ DWORD (or) DWORD Value ကို ရွေးကာ Thumbnail Live Preview Hover Time ဟု ရိုက်ထည့်ရမည် ဖြစ်သည်။ ထို့နောက် ရိုက်ထည့် လိုက်သည့် စာသားပေါ်တွင် Right- Click လုပ်ပြီး Modify လုပ်ရပါသည်။ ပြီးလျှင် Decimal Base တွင် 200 (0. 2 Seconds) ဟု ရိုက်ထည့်ပြီး OK ကိုနှိပ်ကာ Restart လုပ်ရပါမည်။ System Sounds ကိုလည်း မလိုအပ်လျှင် ပိတ်ပစ်သင့် ပါသည်။ 

Windows 7 ၏ System Sound ကို မလိုအပ်လျှင် ပိတ်ထားသင့်

ပိတ်ထား လိုသူများ အနေဖြင့် Run Box တွင် mmsys. cpl ဟု ရိုက်ထည့်ပြီး Sound Tab တွင် No Sounds ကို ရွေးကာ ပြုလုပ်နိုင်ပါသည်။ မလိုအပ်သည့် Startup ပရိုဂရမ်များကို ပိတ်ပါ။ အချို့ ပရိုဂရမ်များသည် Windows စတင် အလုပ်လုပ်ချိန်မှာ အလိုအလျောက် အလုပ်လုပ်ပါသည်။ အလို အလျောက် အလုပ်လုပ်သည့် ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည့်တို့ ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် System ကို လျင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပြုလုပ် နည်းမှာ Run Box တွင် msconfig ဟု ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်သည့် ပရိုဂရမ် များကို uncheak လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။

Aero Theme ကို Disable လုပ်ထားသင့်

Windows 7 ၏ Aero Theme သည် နှစ်သက်ဖွယ် ကောင်းပေမယ့် System လုပ်ဆောင်ချက်များကို နှေးကွေးစေပါသည်။ Aero Theme ကို disable လုပ်လိုသူများ အတွက် desktop တွင် Right Cilck နှိပ်ပြီး Personalise ကိုရွေးကာ Window Color Tab ကို ကလစ်လုပ်ပြီး Enable Transparency box ကို uncheak လုပ်ရမည် ဖြစ်သည်။ ထို့နောက် Open Classic appearance properties for more color options တွင် standard (okdY) Basic theme ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါသည်။

ဤသို့ဖြင့် Windows 7 အသုံးပြုသူများကို မိမိတို့၏ Windows များကို မြန်မြန် ဆန်ဆန်နှင့် အသုံးပြုနိုင်အောင် အထက်ပါ အချက် ခုနစ်ချက်ကို ဖော်ပြပေးလိုက် ပါသည်.။ အားလုံးပဲ လျင်မြန်စွာနဲ့ အချိန်ကုန်ခြင်း ကင်းဝေးကြပါစေခင်ဗျာ.။

0 comments:

Post a Comment

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews