Blogger Widgets

Tuesday, January 28, 2014

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ





SIM Card ဆိုတာ Subscriber Identity Module သို့မဟုတ် Subscriber Identification Module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။ တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။ H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ် H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ် H3 - ပိုမိုကောင်းမွန်သော ကွန်ရက် H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ် Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။ SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။ SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။ Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။ GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။ 2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

ဒီပို့ စ်လေးကို PDF အနေနဲ့ သိမ်းထားချင်ရင် ဒေါင်းပါ >> Download post as PDF

Viber မှာ Block လုပ်လို့ ရပြီ

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
Viber ရဲ့ နောက်ဆုံးထွက် Version လေးပါ ... block feature တွေပါပါဝင်လာပါပြီ... ကဲ ဘယ်သူမှန်း ဘယ်ဝါမှန်းမသိ Group တွေကနေ ဖုန်းနံပါတ်တွေရ ပြီး ကိုယ်နဲ့ မသိဘဲ ကိုယ့်ကို လာနှောက်ယှက်နေတဲ့လူတွေ ... ကိုယ့်ရဲ့ ရည်းစားဟောင်းတွေ ကို အရင်က Viber မှာ ဘလော့ လုပ်လို့ မရပါဘူး ... အခု ပေးထားတဲ့ Viber မှာတော့ Block လုပ်လို့ ရသွားပါပြီ...Valentine လဲနီးတော့ ရည်းစားသစ် လေး နဲ့ အဆင်ပြေနေတုန်း ရည်းစားဟောင်း က Viber မှာလာပြောရင်လဲ အခက်တွေ့ နိုင်တယ်နော့.... :D  အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
Download from here >> Mediafire Link

Thursday, January 2, 2014

Zapya ကို PC မှာသုံးလို့ရပြီနော်



Zapya ဆိုတာဘာလဲဆိုပြောစရာမလိုလောက်တော့ဘူးနဲ့ တူတယ်။
အခု PC အတွက် Zapya ထွက်ရှိလာပါပြီ။IOS ရော Android ရော ချိတ်ပီး
သီချင်းတွေ ဆော့ဖ်ဝဲတွေ ဖိုင်တွေ ရှယ်လို့ ရပါတယ်။စမ်းကြည့်တာတော့အိုကေတယ်။
သုံးပုံသုံးနည်းကတော့ ဆော့ဖ်ဝဲဖွင့်လိုက်တာနဲ့  hotspot ထောင်ပီးသားပဲ။Password
ရော တစ်ခါတည်းခံပီးသား။လွယ်ပါတယ်။ရှယ်ရတာလည်း မြန်တယ်။
Laptop တွေနဲ့ တော့ အိုကေတယ်။ Desktop တော့ မစမ်းကြည့်ရသေးဘူး :D
အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။
 
တရုတ်စာတော့ဖတ်တတ်ဝူး။သွင်းနည်းကတော့ အပြာရောင် စာတန်းတာနှိပ်သွားလိုက်။
ဖိုင်တွေ ပို့ပြီးရင် My document ထဲက
Dewmobile ဖိုဒါထဲမှာ သွားရှာနိုင်ပါတယ်ခင်ဗျာ
=======================

 

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews