Blogger Widgets

Friday, February 15, 2013

USB Pen Drive တွေမှာဖြစ်တဲ့ Write Protect ကိုပယ်ဖျက်နည်း

ကျနော်တို့ USB တို့ Memory Card တို့ သုံးတဲ့အခါမှာတစ်ခါတစ်လေမှာဖြစ်တတ်ပါတယ် USB Drive က Wirte Protect ဖြစ်နေပါတယ်ဆိုပြီးအောက်ကစာသားမျိုးတွေလာပြပါတယ်.။
  • Cannot copy files and folders, drive is write protected
  • Cannot format the drive, drive is write protected
  • The disk is write protected
  • Remove write protection or use another disk
  • Media is write protected
အဲလိုဖြစ်တဲ့အခါကျရင် အဲဒီ Write Protect ကိုပယ်ဖျက်တဲ့နည်းလေးကိုကျနော်ပြောပြချင်ပါတယ်.။ Registry ပိုင်းမှာပြင်ရမှာဖြစ်တဲ့အတွက် Registry Key ကို Backup လုပ်ထားဖို့ မမေ့ပါနဲ့ .။ တစ်ခုခုဖြစ်တာ နဲ့ နဂိုအတိုင်းပြန်လုပ်နိုင်အောင်လို့ ပါ.။ ဘယ်လိုလုပ်ရမလဲဆိုတာ အခုစပြောပြပါ့မယ်.။
1. ပထမဆုံး Start >> Run နဲ့ Run Box ကိုခေါ်လိုက်ပါ.။ (Window Key  + R) နဲ့ ခေါ်လဲရပါတယ်။
    ပြီးရင် Run Box ထဲမှာ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ.။ Enter ခေါက်ပါ.။

Photobucket

2. ရိုက်ပြီးရင် အောက်ကလမ်းကြောင်းအတိုင်းသွားပေးပါ.။
( HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies )
 
Photobucket

 
WriteProtect ဆိုတာကိုတွေ့ ရပါလိမ့်မယ်.။ အကယ်လို့ အဲဒီလိုမတွေ့ ခဲ့ရင် ကိုယ့်ဘာသာ ဖန်တီးပေးဖို့  လိုအပ်ပါတယ်.။ ဘယ်လိုဖန်တီးပေးရမလဲဆိုတော့.။ အဲဒီ Registry Key (Default) ဆိုပြီးရှိတဲ့ အဖြူကွက် လွတ်တဲ့နေရာမှာ Right Click >> New >> DWORD (32-bit) Value ဆိုတာပါကိုနှိပ်ပေးလိုက်ပါ.။ ပြီးရင် Key Name ကို WriteProtect လို့ ပေးလိုက်ပါ.။
 
Photobucket

မှတ်ချက်။        ။(ရှိပြီးသားလူများ အသစ်ဖန်တီးပေးရန်မလိုပါ။) 
ပေးပြီးရင် ကျနော်တို့ ဖန်တီးထားတဲ့ WriteProtect ဆိုတဲ့ Key ကို Double Click နှိပ်လိုက်ပါ.။ ပြီးရင် Value Data ဆိုတဲ့အောက်က Text Box မှာ 0 ထားပေးပါ။ ပြီးရင်ဘေးက Hexadecimal ဆိုတာကိုရွေးပေးပါ.။ ပြီးရင်တော့ ​Ok နှိပ်ပေးလိုက်ပါ.။

Photobucket

အားလုံးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ.။ စက်ပြန်တက်လာရင် USB Pendrive ထဲကို Data (File / Folder) တွေထည့်ကြည့်ပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.။

ကွန်ပျူတာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

Uninstall လုပ်၍ မရသော ပြဿနာ

သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ..
တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
အဲ့လိုမျိုးဖြစ်နေခဲ့ရင်တော့အောက်ပါအတိုင်းလုပ်ပေးလိုက်ပါဗျာ
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OKလိုက်ပါ

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အဆင်ပြေကြပါစေဗျာ

Registry ကို Virus တွေ ကြောင့်မထိခိုက်အောင်လုပ်ကြည့်မယ်

ကျနော်တို့ တွေ နေ့စဉ်ကြုံတွေ့နေရတာက Virus ပြဿနာပါ
တကယ်တော့ Virus ဆိုတာက Registry Key တွေကို ဟိုပြင်ဒီပြင်
ဟိုဖျက်ဒီဖျက်လုပ်ထားတာပါ
အကယ်လို့ ကျနော်တို့သာ အဲဒီ Registry Key တွေကို Permissions
ပေးထားမယ်ဆိုရင် Virus ရန်ကနေ 80% လောက်တော့ ကင်းဝေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကဲ စလိုက်ကြရအောင်

run >>> regedit >>> ကနေပြီးတော့ ကြိုက်တဲ့ Key မှာ right click
နှိပ် ပြီးရင် permissions ဆိုတာမှာ နှိပ်
အဲဒီမှာတွေ့တဲ့ ကိုယ်လိုချင်တဲ့ Feature ပါတာလေးတွေကို အမှန်ခြစ်လေးတွေ လိုက်ခြစ်
အဲဒါဆိုရင် Registry ကို ထိန်းတဲ့ Virus တွေ ဘာတတ်နိုင်တော့မလဲ....အဆင်ပြေပါစေဗျာ။

floder တွေကိုဖွင့်ရင်၊ မြန်ဆန်အောင်

1. အရင်ဆုံး Start button ကိုနှိပ်ပါပြီးတော့ Run ကိုခေါ်ပါ.။ (Window + R)

2. Run Box ထဲမှာ Regedit ရိုက်လိုက်ပါ။ ပြီးတော့ click OK.

3. ပြီးတော့ ဒီအတိုင်းလေးဆက်သွားလိုက်ပါ။
    HKEY_CURRENT_USER\Control Panel\Desktop folder

4. Desktop နေရာမှာ MenuShowDelay file. ကိုရှာလိုက်ပါ။ဖွင့်လိုက်ပါ။ ပြီးတော့တန်ဖိုးကို ပြင်ပါမယ်။

5. သူရဲ့တန်ဖိုးက စက်တစ်လုံးနဲ့တစ်လုံးမတူပါဘူး။ ၄၀၀ ၊ ၁၀၀ ဖြစ်နေတတ်ပါတယ်။ 1 လို့ရိုက်ထည့်ပေးပြီး Click OK. နဲ့ ထွက်လိုက်ပါ။

ပြီးရင်စက်ကို restart လုပ်လိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်.။

မိမိကွန်ပျူတာကိုလွယ်လွယ်ကူကူHack မခံရလေ အောင် ကာကွယ်ခြင်း

Run box မှာ compmgmt.msc လို့ရိုက်ထည့်ပြီးတော့ computer management (local)/ system tools/share folders/shares ကို သွားကြည့်လိုက်ပါ ညာဘက် box ထဲမှ
file များနောက် မှာ $ ပါနေလားကြည့်ပါ .. $ ပါနေတယ်ဆိုတယ် သေချာပါပြီ…. သင့် ကွန်ပျုတာကို
ဟက်မယ်ဆိုရင် အလွယ်တစ်ကူဟက်နိုင်နေပါတယ် ..ဘယ်လို ဟက်ခံရမှာလဲဆိုတော့

run box မှာ \\13.0.3.122\E$ ဒိလိုမျိုးရိုက်ခေါ်ပြီးတော့ အလွယ်တစ်ကူ ဟက်သွားနိုင်ပါတယ်
ဒီ default share ($) တွေကို ဘယ်လို ဖြုတ်ရမလဲဆိုတော့


1. Start – Run – regedit … HKEY_LOCAL_MACHIE\
SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။

2. ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။
မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value
ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။

3. AutoShareWks file အား Double Click ပါ။
Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares
တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊
0 (zero ) ပေးပြီး OK ပေးပါ။

4. Restart ပေးပြီး Windows ပြန်တက်သောအခါ
Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက်

လက်ရှိကျနော်သုံးနေတာကလည်း Window Vista လေးဖြစ်နေတဲ့အတွက် ကျနော်လဲ ဟို Post လျှောက် ဖတ် လိုက်ဒီ ပို့စ်လျှောက်ဖတ်လိုက်နဲ့ ကျနော်တွေ့ တာလေးကို ပြန်လည်ဖော်ပြပေးလိုက်တာပါ.။ Vista User တွေ အတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်.။ Window XP နဲ့ Window 7 User တွေအတွက် တော့ ရှာနေဆဲပါ။ ကဲစပြောလိုက်ကြရအောင်ပါဗျာ.။ Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက် အောက်က နည်းကလေးက အထောက် အကူပြုနိုင်ပါလိမ့်မယ်

1.Start Menu>> Run Box ခေါ်ပါ (Window key + R), regedit လို့ ရိုက်ပါပြီးရင် Enter ခေါက်ပါ။
2. UAC prompt ပေါ်လာလျှင် Continue ကိုရွေးပေးပါ။
3. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings     ကိုသွားပါ။
4. ညာဘက်ခြမ်းအဖြူရောင်လွတ်နေတဲ့နေရာတွင် Right Click >> New ကိုရွေးပါ။ DWORD (32-bit) Value ကိုရွေးပေးပါ။
5. MaxConnectionsPer1 _0Server ရိုက် Enter ခေါက်ပါ။ ၄င်း စာသားပေါ် Right Click နှိပ်ပြီး Modify  ကိုရွေးပေးပါ။
6. တန်ဖိုးကို 10 ပြောင်းပေးပါ။ OK နှိပ်ထွက်ပါ
ပြီးရင်စက်ကို restart လုပ်ပြီးဝင်းဒိုးပြန်တက်လာပါက internet အသုံးပြုရာတွင်မြန်ဆန်လာတာကို
တွေ့ ရပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ။

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက်

လက်ရှိကျနော်သုံးနေတာကလည်း Window Vista လေးဖြစ်နေတဲ့အတွက် ကျနော်လဲ ဟို Post လျှောက် ဖတ် လိုက်ဒီ ပို့စ်လျှောက်ဖတ်လိုက်နဲ့ ကျနော်တွေ့ တာလေးကို ပြန်လည်ဖော်ပြပေးလိုက်တာပါ.။ Vista User တွေ အတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်.။ Window XP နဲ့ Window 7 User တွေအတွက် တော့ ရှာနေဆဲပါ။ ကဲစပြောလိုက်ကြရအောင်ပါဗျာ.။ Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက် အောက်က နည်းကလေးက အထောက် အကူပြုနိုင်ပါလိမ့်မယ်

1.Start Menu>> Run Box ခေါ်ပါ (Window key + R), regedit လို့ ရိုက်ပါပြီးရင် Enter ခေါက်ပါ။
2. UAC prompt ပေါ်လာလျှင် Continue ကိုရွေးပေးပါ။
3. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings     ကိုသွားပါ။
4. ညာဘက်ခြမ်းအဖြူရောင်လွတ်နေတဲ့နေရာတွင် Right Click >> New ကိုရွေးပါ။ DWORD (32-bit) Value ကိုရွေးပေးပါ။
5. MaxConnectionsPer1 _0Server ရိုက် Enter ခေါက်ပါ။ ၄င်း စာသားပေါ် Right Click နှိပ်ပြီး Modify  ကိုရွေးပေးပါ။
6. တန်ဖိုးကို 10 ပြောင်းပေးပါ။ OK နှိပ်ထွက်ပါ
ပြီးရင်စက်ကို restart လုပ်ပြီးဝင်းဒိုးပြန်တက်လာပါက internet အသုံးပြုရာတွင်မြန်ဆန်လာတာကို
တွေ့ ရပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ။

CD / DVD Drive က My Computer ထဲမှာ မပေါ်တော့လို

My Computer တွင် CD/DVD Drive မပေါ်ပါ။ Device Manager တွင်လည်း CD/DVD Drive ၏ ဘေးတွင် အ၀ါရောင် Caution Sign လေး ပေါ်နေသည်။ Properties တွင်(Windows cannot load the device driver for this hardware. The driver may be corrupted or missing. (Code 39) ဟု ပြသနေသည်။

Cause

Upper Filter နှင့် Lower Filter များကြောင့် ဖြစ်နိုင်ပါသည်။ Upper Filer Lower Filter ဆိုသည်မှာ ထို CD/DVD Drive ၏ Driver ကို ထိန်းချုပ်ပေးသော Registry Key များ ဖြစ်သည်။ ထို Key နှစ်ခုကို Registry မှ ဖျက်ပစ်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။

Resolution
1. Click Start >> Run (Window key + R) >> and type regedit and press Enter.
2. Locate, and then click the following registry subkey:
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
In the right White Pane, right-click UpperFilters, and then click Delete.
3. Click Yes to confirm the removal of the UpperFilters registry entry.
4. In the right pane, right-click LowerFilters, and then click Delete.
5. Click Yes to confirm the removal of the LowerFilters registry entry.
6. Exit Registry Editor, and then restart the computer.

Injoy~!!!
အားလုံးပဲအဆင်ပြေကြပါစေ..။

Run box ခေါ်မရတော့ရင်

Run ဘောက်စ် ခေါ်လို့ မရတော့ရင်ဖြင့်my computer ကိုဖွင့် address bar မှာ C:\WINDOWS\system32\gpedit.msc လိုရိုက်ပြီး Enter ခေါက်၊
Group Policy ဘောက်စ်ပေါ်လာလိမ့်မယ်။
User configuration => Administrative Templates => Start Menu and Task Bar ဆိုတာပေါ်မှာ select မှက်လိုက်။
ညာဘက်ခြမ်းမှာ Remove Run Menu from Start Menu ဆိုတဲ့
ဆိုတဲ့ စာကြောင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်။
Disabled ဆိုတာကို ရွေးပြီး Apply , Ok ပေါ့။
ဒါဆိုရင်တော့ Run လေးပေါ်လာပါလိမ့်မယ်။


 အားလုံးအဆင်ပြေပါစေ ...။

Window ကို ၁၀ စက္ကန့်အတွင်း Start Up ဖြစ်ချင်ပါလား

Window ကို ၁၀ စက္ကန့်အတွင်း Start Up ဖြစ်ချင်ပါလား ။ ဖြစ်ချင်မယ်လို့ထင်ပါတယ်။ ဖြစ်အောင်လည်းလုပ်လို့ရပါတယ်။ ကဲ ပထမဦးဆုံး Run Box (Window key +R ) ကိုခေါ်ပြီး regedit လို့ရိုက်
လိုက်ပါ။ ပြီးရင် HKEY_LOACAL_MECHINE\SYSTEM\CurrentControlSet\Contr ol\ContentIndex အဲဒီကို သွားပါ။ အဲရောက်သွားပြီ ... ရောက်သွားရင် “Startup Delay” ဆိုတဲ့ Key ကိုရှာပါ။
တွေ့ရင် Doubel Click နှိပ်ပြီး သူ့ရဲ့ Default Value “4800000 (75300:hexadecimal) ” ကို
40000 လို့ပြောင်းလိုက်ပါ။
ပြီးရင်တော့ Registery Editor ကိုပိတ်ပြီး စက်ကို Restart ချလိုက်ပါ။

ကွန်ပျူတာပြန်တက်လာရင်တော့သင်ကျေနပ်နေပါလိမ့်မယ်

အဆင်ပြေကြပါစေဗျာ။

INTERNET DOWNLOAD SPEED မြန်စေရန်

ဟုတ်ကဲ့အင်တာနက်ကို မိုဘိုင်းဖုံးတွေနဲ့ သုံးစွဲသူတွေကောကော်နက်ရှင်ကျနေတဲ့သူတွေ အတွက်ဒီပို့ စ် လေးကို ကူးယူဖေါ်ပြလိုက်ပါတယ် registry ပြင်ပြီး အင်တာနက် Download Speed ကိုမြန်အောင်လုပ်တဲ့နည်းလေးပါ။ Registry ပိုင်းကိုပြင်မှာဖြစ်တဲ့အတွက် အထူးဂရုပြု ပေးပါ.။ ဖြစ်နိုင်ရင် ကိုယ့်လုပ်မယ့် Registry ကို Backup လုပ်ထားပေးပါ.။ Backup မလုပ်တတ်ရင်လဲ ကိုယ်လိုက်လိုက်တဲ့ တစ်ခုချင်းစီကို စာရွက်နဲ့ ဖြစ်ဖြစ်ရေးမှတ်ထားပါ..။ အဲဒါမှ နဂိုအတိုင်း ပြန်လိုချင်ရင်လုပ်လို့ ရမှာပါ.။

ကဲလုပ်ရမှာက

Start>run>regedit ကို
Enter နိပ်ပါ ..
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\ Tcpip\Parameters ကို ဖွင့်ပါ ...

အောက်က ဟာကို " " ထဲက စာတွေကိုလိုက်ရှာပါ တွေ့ ရင် Double Click နှိပ်ပြီး တော့ နဂို ရှိပြီး သား ဂဏန်းတွေ နေရာမှာ အောက်မှာပေးထားတဲ့ ဂဏန်းတွေ ပြောင်းထည့်ပေးပါ။
SackOpts”= 00000001
TcpWindowSize”= 0005ae4c
Tcp1323Opts”= 00000003
DefaultTTL”= 00000040
EnablePMTUBHDetect”= 00000000
EnablePMTUDiscovery”= 00000001
GlobalMaxTcpWindowSize”= 0005ae4c

ပြီးရင်ကွန်ပျူတာကို restart လုပ်ပြီးပြန်ဖွင့်ပြီး စမ်းကြည့်ပါ အဆင်ပြေပါလိမ့်မယ်။

web page တွေ loding time မြန်လာအောင်

web page တွေ loding time မြန်လာအောင် registry ကနေ လုပ်နည်းလေးပါ...တစ်ကယ်လည်းမြန်လာပါတယ်။ ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။
သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။
ပထမဦးဆုံး
start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။
HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\Se rviceProvider

ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။

နဂိုအတိုင်းပြန်ထားချင်းရင်တော့

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကိုပြန်ပြောင်းပေးလိုက်ပါ။
1.Class=1 --> 8
2.DnsPriority=1 --> 7
3.HostsPriority=1 --> 6
4.LocalPriority=1 --> 5
5.NetbtPriority=1 --> 8
ပြီးရင် reboot လုပ်လိုက်ပါ
နဂိုအတိုင်းပြန်ဖြစ်သွားမှာပါ...

Virtual Memory ဆိုတာ

Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီးMemory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့

Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆ ရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ
ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။ ပြီးရင်စက်က restart တောင်းပါလိမ့်မယ် လုပ်လိုက်ပါ စက်ပြန်တက်လာရင်မန်မိုရီနောက်တစ်ချောင်း ထပ်ပြီးတပ်ဆင်သကဲ့သို့ ပိုမိုမြန်ဆန် လာတာ ကိုတွေ့ ရပါလိမ့်မယ် virtual ဖြစ်တဲ့အတွက်တကယ့်မန်မိုရီလိုတော့မဟုတ်တာသိစေချင်ပါတယ်။ နောက်တစ်ခုက ဒီနည်းကိုလုပ်ရဲတဲ့လူပဲလုပ်ပါ.။ ဘာလို့ လဲဆိုတော့ ဒီနည်းက အခက်မသင့်ရင် CPU လောင်သွားတဲ့အခြေအနေထိတောင်ရောက်နိုင်လို့ ပါ.။ လိုအပ်မှသုံးပါ.မလိုအပ်ဘဲနဲ့ မသုံးပါနဲ့ ။

အဆင်ပြေကြပါစေဗျာ

မိမိတင်ထားတဲ့Program တွေကို သူများက ဖြုတ်လို့မရအောင်

ကျွန်တော်တို့ တစ်ခါတစ်လေကျရင် ကိုယ်တင်ထားတဲ့ Program(Application) တွေကို တစ်ခြားမသိတဲ့ သူတွေက ဖြုတ်ပစ်လိုက်တာမျိုးတွေရှိပါတယ်။ အဲဒီလိုမဖြစ်အောင် အခုလိုကာကွယ်ထားလိုက်မယ်ဆိုရင်
အရင်ဆုံး Run ကနေ gpedit.msc ကိုရိုက်လိုက်ပါ ပြီးရင် User configuration ထဲကထဲက Administrative Templates ထဲက Control Panel ထဲက Add or Remove Programs ကိုသွားပါ
အဲဒီရောက်ရင် ညာဘက်မှာ Remove Add or Remove Programs ဆိုတာကိုတွေ့ ပါလိမ့်မယ် Right Click ထောက်ပြီး Properties ကိုဝင်လိုက်ပါ ပြီးရင် Enable ပေးလိုက်ပါ။ ဒါဆိုရင် Control Panel ဖွင့်လိုက်တဲ့အခါ Add or Removes Programs ကိုဖွင့်ရင်မရတော့ပါဘူး ဒါဆိုရင် မိမိတင်ထားတဲ့ Program တွေကို သူများက ဖြုတ်လို့မရတော့ဘူးပေါ့ ပြန်ပွင့်ချင်ရင်တော့ Not Configured ပြန်ပေးလိုက်ပါ။ 


အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ

Task Manager ပျောက်နေလို့ရှိရင်ရင်

ဒီနေ့ တစ်နေ့ လုံးကျနော် Registry အကြောင်းတွေချည်းပဲထိုင်ပြီးတင်ပေးနေတာပါ..။ အခုလဲ ကျနော် စဉ်းစား မိတာလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်..။ ဒီပို့စ်မတိုင်ခင်က Registry ခေါ်လို့ မရရင် ပြန်ပြီး Enable လုပ်တဲ့နည်းလေးပါ..။ အခုပြောမှာက ဗိုင်းရပ်စ်ကိုက်လို့  TaskManager ပျောက်နေရင်ပြန်ခေါ်တဲ့နည်းလေး
အသုံးဝင်မယ်ထင်ကြပါတယ်ဒါကြောင့်တင်ပေးလိုက်တာပါ။

Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့
Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာ ပါလိမ့်မယ်။
အားလုံး Ok ကြပါစေ..။ အားလုံး Ok ဆိုလို့ လွှမ်းပိုင်ဆိုတဲ့သီချင်းကိုပြောတာမဟုတ်ဘူးနော် :D။

Registry Editor ခေါ်လို.မရရင်

ကျနော်လဲ အခုတစ်လော Registry ပိုင်းကိုတော်တော်လေးလေ့လာမိပါတယ်..။ ကျနော်လေ့လာ လို့ ရတဲ့ ထဲက တစ်ချို့ ကို ကျနော့်ဆိုက်ကိုလာရောက်ကြည့်ရှု့ ပေးတဲ့ စာဖတ်သူတွေအတွက် ကောင်းမယ် ထင်တာလေးတွေ ကိုပြန်လည်မျှဝေပေးနေပါတယ်..။ အယ် တစ်ခုရှိတာ ကျနော်ကသာ တောက်လျှောက် Registry အကြောင်းတွေ ပြောနေတာ.စာဖတ်သူတွေကတစ်ခုမဟုတ်တစ်ခုတော့လိုက်တော့လုပ်ကြည့် ကြမှာပဲ .။ အဲလိုလုပ်တဲ့အခါမှာ စာဖတ်သူတွေရဲ့ စက်မှာ Registry ခေါ်လို့ မရတော့ဘူးဆိုပါတော့ (Virus ကြောင့်လဲဖြစ်နိုင်ပါတယ်.ဖြစ်တတ်ပါတယ်.။) အဲဒီလိုမျိုးဖြစ်နေရင် Registry ကို ခေါ်လို့ ရအောင် ပြန်လုပ်တဲ့ နည်းလေးကိုပြောပြချင်ပါတယ်..။ ကဲစလိုက်ကြရအောင်ဗျာ.။

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို Enable ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှတ်လိုက်ရင် ညာဘက်ခြမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။
ဒီလိုလေးကဖြစ်ခဲပါတယ်..။ ဖြစ်တော့ဖြစ်တတ်တာကြောင့်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်တိုင် မဖြစ်ခဲ့ ရင်တောင်မိမိမိတ်ဆွေ အပေါင်းအသင်း တို့ ရဲ့ စက်မှာဖြစ်နေရင်လဲလုပ်ပေးလို့ ရတဲ့နည်းလေးပါ.။
အားလုံးပဲအဆင်ပြေကြပါစေ.။

Folder Option ပျောက်ဆုံးပါက

Run box ထဲတွင် gpedit.msc ကိုရိုက်၍ enter နိုပ်ပါ
- Group Policy Editor ပွင့်လာပါက ဘယ်ဘက်အခြမ်းတွင် User Configuration >Administrative Templates >Windows Components >Windows Explorer  အထိရောက်အောင်သွား ပြီးရင် ညာဘက်အခြမ်းတွင် Removes the folder options menu item from the tools menu ကို Double Click နှိပ်ပါ dialog box ကျလာရင် disables ကိုရွေး Ok ကိုကလစ် ပြီးရင်
- Explorer (Window Key + E) တစ်ခုကို ဖွင့်၍ Tools menu ကို ကလစ်လိုက်ပါက သင့်ပျောက်နေသော Folder Option ပြန်လည်ထွက်ပေါ်လာပါလိမ့်မည်ခင်ဗျား။


အဆင်ပြေကြပါစေဗျာ...။

Hardware ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ

မိတ်ဆွေ အပေါင်းအသင်းတို့ ရဲ့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware ကောင်းစွာအလုပ်လုပ်ခြင်း
ရှိမရှိ ကြည့်ရှုတဲ့ နည်းလေးပါ အလွန်အသုံးဝင်မယ်လို့ ထင်ပါတယ်ဗျာ.။ တော်တော် များများလဲသိပြိး သားတွေ ဖြစ်မှာပါ.။ ဒါပေမယ့် မသိသေးတဲ့လူတွေအတွက် မျှပေးတာပါ.။  ပထမဆုံး Run box မှာ
devmgmt.msc ” လို့ ရိုက်ထည့် ပြီး enter ခေါက်ပါ Device Manager ဆိုတဲ့ box အခုလိုကျလာ ပါမယ်
အခုဆိုရင်တော့ သင်ရဲ့ ကွန်ပျူတာမှာ ချိတ်ဆက်အသုံးပြုထားတဲ့ Hardware တွေ ပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာ ကိုတွေ့မြင်နိုင်ပါပြီ အဲဒီမှာ တစ်ခုခု ချို့ယွင်းနေရင် “ ? “ ပုံစံနဲ့ ပြနေမှာပါ Scan (or) or reinstall ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းနိုင်ကြောင်းပါဗျာ

 အဆင်ပြေကြပါစေ...။

Virtual memory page file ကို ကွန်ပျူတာက Auto ရှင်းမယ်

ကွန်ပျူတာကို နေ့ တတူကွ အသုံးပြူသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါ
Shutdow ပေါ်ကမလို အပ်တဲ့ virtual memory page file တွေကို ကွန်ပျူတာက Auto ရှင်းလင်းနိုင်အောင် ပြလုပ်ပေးမယ့် နည်းလေးပါ Run box မှာ secpol.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ Local Security Settings ဆိုတာလေးကျလာပါမယ်

Local policies , security options ကို double click လုပ်ပါ ပြီးရင် shutdown : clear
virtual memory Page file ဆိုတဲ့စာကြောင်းလေးကို အောက်ဖက်နားလေးမှာ ရှာလိုက်ပါဦး

ဟောတွေ့ ပြီဗျာ ... တွေ့ပြီဆိုရင် စာကြောင်းပေါ်မှာ Right click ထောက်ပြီး properties ကိုသွားပါ
ပြီးရင် Disable ကို uncheck လုပ်ပြီး Enable ကို check လုပ်ပြီး ok ပေါ့ဗျာ computer က
Automatically clear လုပ်သွားပါလိမ့်မယ် ။ လုပ်ကြည့်လိုက်ပါ

* virtual memory : virtual memory n. Memory that appears to an application to be larger and more uniform than it is. Virtual memory may be partially simulated by secondary storage such as a hard disk. Applications access memory through virtual addresses, which are translated (mapped) by special hardware and software onto physical addresses. Acronym: VM. Also called: disk memory. See also paging, segmentation.

အဆင်ပြေကြပါစေဗျာ...။


 

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews