Blogger Widgets

Friday, February 15, 2013

Registry Editor ခေါ်လို.မရရင်

ကျနော်လဲ အခုတစ်လော Registry ပိုင်းကိုတော်တော်လေးလေ့လာမိပါတယ်..။ ကျနော်လေ့လာ လို့ ရတဲ့ ထဲက တစ်ချို့ ကို ကျနော့်ဆိုက်ကိုလာရောက်ကြည့်ရှု့ ပေးတဲ့ စာဖတ်သူတွေအတွက် ကောင်းမယ် ထင်တာလေးတွေ ကိုပြန်လည်မျှဝေပေးနေပါတယ်..။ အယ် တစ်ခုရှိတာ ကျနော်ကသာ တောက်လျှောက် Registry အကြောင်းတွေ ပြောနေတာ.စာဖတ်သူတွေကတစ်ခုမဟုတ်တစ်ခုတော့လိုက်တော့လုပ်ကြည့် ကြမှာပဲ .။ အဲလိုလုပ်တဲ့အခါမှာ စာဖတ်သူတွေရဲ့ စက်မှာ Registry ခေါ်လို့ မရတော့ဘူးဆိုပါတော့ (Virus ကြောင့်လဲဖြစ်နိုင်ပါတယ်.ဖြစ်တတ်ပါတယ်.။) အဲဒီလိုမျိုးဖြစ်နေရင် Registry ကို ခေါ်လို့ ရအောင် ပြန်လုပ်တဲ့ နည်းလေးကိုပြောပြချင်ပါတယ်..။ ကဲစလိုက်ကြရအောင်ဗျာ.။

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို Enable ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှတ်လိုက်ရင် ညာဘက်ခြမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။
ဒီလိုလေးကဖြစ်ခဲပါတယ်..။ ဖြစ်တော့ဖြစ်တတ်တာကြောင့်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်တိုင် မဖြစ်ခဲ့ ရင်တောင်မိမိမိတ်ဆွေ အပေါင်းအသင်း တို့ ရဲ့ စက်မှာဖြစ်နေရင်လဲလုပ်ပေးလို့ ရတဲ့နည်းလေးပါ.။
အားလုံးပဲအဆင်ပြေကြပါစေ.။

0 comments:

Post a Comment

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews