Blogger Widgets

Wednesday, October 30, 2013

Facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ) အတွက်


ဒီရက်ပိုင်း ကျနော်ကြားနေရတာက အကောင့် တွေ Lock ကျကျ သွားတယ်လို့ ပြောကြတယ်... နောက်ပိုင်း Facebook က security တွေထပ်မြှင့်လိုက်တော့.. Device ၂ မျိုးနဲ့ ပြိုင်တူဖွင့်လို မရပါဘူးခင်ဗျာ.. ဖွင့်မိတာနဲ့ Lock ကျတတ်ပါတယ် အမြဲတော့မဟုတ်ဘူးခင်ဗျ... ဘယ်လိုလဲဆိုတော့ ဥပမာဗျာ ကျနော် တို့ ဖုန်းနဲ့ Facebook သုံးတယ်ဆိုပါစို့ ဗျာ... အဲပြီးတော့ အိမ်ရောက်တော့လဲ ကွန်ပျူတာနဲ့ ထပ်ပြီး သုံးတယ် အဲ့မှာ ဖုန်းနဲ့ သုံးတုန်းက အကောင့်ကို Log Out လုပ်ဖို့ မေ့သွားတယ်ဗျာ... အဲ့မှာစတာပဲ အဲ့ဒါကို Facebook security ကနေ မိသွားရင် ကိုယ့်အကောင့် Lock ကျပြီပဲ ... ဒါကတစ်နည်းပေါ့... နောက်ထပ် နည်းတွေလဲရှိပါသေးတယ်... နောက်မှ အချိန်ပေးပြီးပြောပြပေးပါ့မယ်ခင်ဗျာ.. အခုတော့ လိုရင်းကိုပဲ ပြောတော့မယ်ဗျာ....Facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။  ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။ ဒါပေမယ့် ကိုယ့်ကြောင့်တော့ သူများဒုက္ခ မရောက်စေနဲ့ ပေါ့လေဗျာ... :)




ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။



ဘာတွေလိုအပ်မလဲ
=======================
facebook လုံးဝ မဖွင့် ရသေးသော အီးမေး အသစ်တစ်ခု
security question 
သူငယ်ချင်း ( ၃ ဦး ) ၏ အကူအညီ ။

ဒီနေရာမှာ တော်ရုံတန်ရုံအကောင့် ကတော့  ရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ မိမိ အကောင့် ကိုမိမိ ပြန်ဟက်တာပဲေိေိ ဘာပြသနာမှမရှိပါဘူး။ သူများအကောင့် တွေ hack မယ်ဆိုရင်တော့ 
ညဏ်ကိုလွာ သုံးမှ ရပါမယ်။


 


( အဆင့်-1)  မိမိရဲ့ အီးမေး နံပါတ် (သို့  မဟုတ် ) hack ချင်တဲ့ အကောင့် အီးမေးကိုထည့် ပေးပါ။

ပြီးရင် forgot your password ကိုနိုပ်ပါ။





( အဆင့်-2 ) မိမိရှာချင်တဲ့ အီးမေး ( hack ) ချင်တဲ့   အကောင့် ကို ဒီမှာတစ်ခါထပ်ထည့် ပေးပါ။(www.facebook.com နေရာမှာ ကိုယ် hack ချင်တဲ့အကောင့်ကိုထည့်ပါ)။ပြီးရင် search ကိုနိုပ်ပါ။





( အဆင့်-3 )  အနီရောင်ကွင်းလေးဘောင်ခတ်ထား တဲ့  နေရာကိုနိုပ်ပါ။




( အဆင့်-4 ) facebook မဖွင့် ရသေးသောအီးမေး အသစ်ကို နှစ်ခါရိုက်ထည့် ပေးလိုက်ပါ။








( အဆင့်-5 )  seurity question ကိုဖြေပေးရပါမယ်။တစ်ချို့ အကောင့် တွေကတော့ security မရှိ ရင်ရင်တော့  အောက်ကပုံလေးအတိုင်းလုပ်ပေးပါ။
Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ။








(အဆင့်  -6 ) continue ကိုဆက်နိုပ်ပါ။

 



(အဆင့် - 7 )    Facebook အကောင့်ထဲက 3 trusted friends (သူငယ်ချင်း ၃ ယောက်ကို )  ရွေးရပါ မယ် ။အဲဒီသူငယ်ချင်း ( ၃ ) ယောက်ဆီကို facebook မှ ကုဒ်နံပါတ် ပို့ ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ယောက် ပဲရွေးလို့ ရလို့  ( ၃ ) ခါဆက်တိုက်ရွေးပေးရမှာဖြစ်ပါတယ်။


(အဆင့် - ၈ ) ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေပုံပါ။သူတို့ ဆီကိုကုဒ်နံပါတွေရောက်သွားမှာဖြစ်ပါတယ်။ Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။






( အဆင့်-9 )   စောစောကအပေါ်မှာရွေးချယ်ခဲ့ တဲ့  သူငယ်ချင်းတွေဆီကို facebook မှကုဒ်နံပါတ်တွေ ပေးလာပါလိမ့် မယ် ။ ၄င်း ကုဒ် နံပါတ် ကို ရိုက်ထည့် ပေးပါ။  Submit Condes ကိုနိုပ်ပေးပါ။








ဒါဆိုရင်သင့် အကောင့် ကို recovery လုပ်လို့ ရပါပြီ။ဒါကြောင့်  facebook မှာ
ကာကွယ်ရမယ့်အချက်တွေကတော့

 Facebook   မှာ ဖွင့်ထားတဲ့    Emailကို   Only Me   လုပ်ထာပါ။

Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ ။

မိမိ မသိတဲ့  အကောင့် တွေလာ အက်ရင်  သတိထားလက်ခံပါ။


Security Question   များကို သေသေချာချာ လုပ်ထာပါ ။

Facebookမှာ တိုင်မယ်တောမယ် (OR) Report လုပ်မယ်

facebook ကပေးသောအခွင့် အရေးတွေကို သင်သိပါသလား.....? facebook က လူတစ်ယောက်ကို  လုပ်ပိုင်ခွင့် တွေ အပြည့် အဝပေးထားသလို   သူတို့ ရဲ့  pivacy တွေနဲ့ ညှိစွန်းရင်တော့ ပြန်လည်  ထိမ်းချုပ်ပေးပါတယ်။ facebook မှာ report လုပ်ပိုင်ခွင့် တွေ tag လုပ်တာတွေကို ပြန်လည် ဘယ်လိုချေဖျက် ကြမလဲ ဆိုတာ လိုအပ်ရင်အသုံးပြုလို့   ရအောင်ရှင်းပြပေးပါမယ်။အခုဆိုရင် facebook မှာမြန်မာဝန်ထမ်းတွေကိုခန့် အပ်ထားမှာဖြစ်လို့  သိသင့် တယ်ထင်လို့ ရေးလိုက်တာပါ။
 ကျွန်တော်တို့ကို မိမိတို့ နှစ်သက်တာကို လုပ်ပိုင်ခွင့် ပိုစ့် တင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊   လူမျိုးရေး  ဘာသာရေး  လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ   တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ  ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။facebook ကအများလက်မခံတဲ့ ကိစ္စမျိုးတွေကို ခွင့် မပြုပါဘူး ။ကျွန်တော်အနေနဲ့ တစ်ဦးချင်း လုပ်ပိုင်ခွင် နှင့်  facebook ကို report တင်ပုံလေးကိုရှင်းပြပေးပါမယ်ခင်ဗျာ။



တစ်ဦးချင်းပြန်လည်ချေပခြင်း ( remove tag )လုပ်ခြင်း
-----------------------------------------------------------------
remove   tag လုပ်တာအနေနဲ့ ကတော့ ရှင်းပါတယ် ဘာမှ ထွေထွေထူးထူး   မရှိပါဘူး မိမိဖျက်ချင်တဲ့ photo ကိုယ့် ကို tag လုပ်ထားတဲ့ ပုံနေရာမှာStatus ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/remove tag   ဆိုတာလေးကိုနိုပ်ပြီးဖျက်ပေးရုံပါပဲ။

i want to untag myself ဆိုတာလေးကိုနိုပ်လိုက်ပြီး ဖျက်လို့ ရပါတယ်။ဒီနေရာမှာ report တင်ချင်တယ်ဆိုရင် အောက်ကအကွက်လေးကိုနိုပ်လိုက်ရုံပါပဲ။
ပြီးရင်တော့  ဒီလိုလေးပါ။



report တင်ခြင်း
--------------------------------------------
report လုပ်တာကတော့  မိမိတစ်ယောက်တည်းလုပ်လို့ ရသလို သူငယ်ချင်းတွေဆီကိုပေးပို့ ပြီးအများနှင့် report တင်လို့ လည်းရပါတယ်။

အောက်ကပုံလေးအတိုင်း report abuse ကိုနိုပ်လိုက်ပါ။(ဒီကောင်လေးက group ) တွေမှာဆိုရင် လုပ်လို့ ရပါတယ်။




















အောက်ကပုံလေးလိုပေါ်လာရင် report ဆိုတာကိုဆက်နိုပ်ပါ။



ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကျွန်တော်တို့ ဘက်က သေချာရွေးပေးရပါလိမ့်




ဒါကတော့  မြန်မာလိုတတ်သဘောက်ဘာသာပြန်ပေးထားတာပါ။


  • I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
  • It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို ထိခိုက်စေပါတယ်)
  • It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့် သူငယ်ချင်းကို ထိခိုက်စေပါတယ်)
  • Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ ပိုစ်တစ်ခု spam ပါ )

 ( 1 )Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့အကြောင်းအရာဖြစ်ပါတယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
           * Target a Race or Ethnicity (လူမျိုးရေး)
           * Target a religious group (ဘာသာရေး)
           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)
( 2 ) Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
            * Self-Harm
            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)

  (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

Sexually explicit cont
My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)

အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။






Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။
 အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။ဒါမှ repot လုပ်တာအောင်မြင်နိုင်ပါမယ်။



 Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ


ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပသည့်Internet Governance ဖိုရမ်၌ အထက်ပါအဖွဲ့သို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။

ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဖြစ် သည်ဟု သိရသည်။ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်းရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည်ဟုလည်းသိရသည်။”

သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။
 
Ref : Popular News

Monday, October 28, 2013

Internet Speed Hack


ကျနော် အခုတင်ပေးမှာကိုတော့ လူတိုင်းလိုချင်ကြမယ်ထင်တယ်....။ အခုတင်ပေးတာက Internet Speed Hack တဲ့ software လေးပါ... တကယ်လဲမြန်လာပါတယ်... ကျနော်စမ်းသုံးကြည့်ပြီးပါပြီ.....။ အသုံးပြုရတာလဲလွယ်ပါတယ်.. အသုံးပြုနည်းကတော့ အရင်ဆုံး zip file ကို ဒေါင်းလိုက်ပါ..။ Download လုပ်နည်းတွေကိုတော့ ကျနော် ဆိုဒ်ရဲ့ Menu Bar မှာ တင်ပေးထားပါတယ်...။ ဒေါင်းပြီးရင် Zip file ကိုဖြည် လိုက်ပါ....။ ပြီးရင် အထဲက  Internet Speed Hack v6.1 ဆိုတာလေးကို Right Click >> Run as Administrator နဲ့ ဖွင့်ပေးလိုက်ပါ...။ ပြီးရင် ကိုယ်ကြိုက်တဲ့ Speed ကိုရွေးပြီး Patch ကိုနှိပ်ပေးလိုက်ပါ...။ ပြီးရင် သူကပြန်ပြောပါလိမ့်မယ် Speed Hack လို့ ရသွားပြီဖြစ်တဲ့အကြောင်း Message Box လေးနဲ့ ပြပါလိမ့်မယ်..။ ကျနော်ကတော့ နောက်ဆုံး Speed ကိုပဲရွေးပါတယ်..။ ဒါနဲ့ ၁ ခု ပြောဖို့ မေ့နေတာ... ကျနော်စမ်းကြည့်ရသလောက်က သူက WiFi Speed ကိုပိုပြီး အလေးပေးထားပါတယ်...။ ရိုးရိုး Cable တွေအတွက် သိပ်အလုပ်မလုပ်သလိုပဲခင်ဗျ..။ WiFi နဲ့ သုံးတဲ့ လူတွေအတွက်တော့ အဆင်ပြေတာပေါ့ဗျာ...။ ကဲပြောနေကြာတယ် အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ...။



Zip ကိုဖြည်လိုက်ရင် Password တောင်းပါလိမ့်မယ်... အဲ့ဒီမှာ kogyikyaw လို့ ရိုက်ထည့်ပေးလိုက်ပါ..။

Download From >> Mediafire

Download From >> Ziddu

Download From >> 4shared

Sunday, October 27, 2013

Hentia Student Japan Sexy Game full download ( ၁၈ နှစ်အထက်များသာ ကစားရန်)

ကျနော် အခုတင်ပေးတာကတော့ ၁၈ နှစ်အထက် လူတွေအတွက်ပါ...။ IT Reshare ဆိုတဲ့ အတိုင်း မို့ လို့ Reshare ပြန်လုပ်တာပါ..။ ဒါကို ကျနော်က Game လို့ သတ်မှတ်လို့ ကျနော့်ဆိုဒ်မှာ တင်လိုက်တာပါ.။ Porn ဖြစ်နေပေမယ့် Game လို့ ပဲသတ်မှတ်ထားလို့ ပါ.။ ကဲ စကားတောင် ရှည်သွားပြီ.။
ဂိမ်းဆော့ရင်း သော့ တွေပွင့်ပြီးအဆင့်တက်ဖို့ ကတော့ ဒီအပိုင်းမှာကျွမ်းကျင်တဲ့ ဆရာကြီးတွေအတွက်က မခက်ခဲ့ပေ့မယ့် မကျွမ်းကျွင်တဲ့ လူအတွက်ကတော့ နည်းနည်းလေ့လာပေါ့ဗျာ။ လိုချင်သူများအောက်မှာဒေါင်းသွားနိုင်ပါတယ်။






 Download Link 1 (tusfiles) >> http://adf.ly/YLVs8
tusfiles ကဒေါင်းလိုဒ် လုပ်ရင် Download buttom အကြီးကြီး အောက်က (Use our download manager and get recommended downloads.)  ဆိုတာကို အမှန်ခြစ်ဖြုတ်ပါ ပြီးမှ Download Button အသေး လေးကို နှိပ်ပြီး Download လုပ်ပါ.။


Download Link 2 (4shared) >> http://adf.ly/YLTTB

4shared ကဒေါင်းရင် sing up တောင်းပါလိမ့်မယ် ကိုယ့် email ပေး  password ကို ကြိုက်တာ ပေးပြီး အကောင့်ဖွင့်ပြီး မှsing in ပြန်ဝင်ပြီးဒေါင်းပါ ။ Sign In လုပ်ရတာ Free ပါ လုပ်ရတာလဲ လွယ်ပါတယ်..။

Install လုပ်နည်း...
၁. အရင်ဆုံး Download လုပ်ပါ..။
၂. Download လုပ်လို့ ရလာတဲ့ rar file ကို ဖြည်လိုက်ပါ... (Winrar ဖြစ်ဖြစ် 7zip ဖြစ်ဖြစ်သုံးပြီး ဖြည်ပါ)
၃. အထဲက Folder တွေ အဆင့်ဆင့် ၀င်သွားလိုက်ပါ..။
၎. ပြီးရင် Start.exe ဆိုတာကိုနှိပ်လိုက်ပါ..။
၅. ဂိမ်းထဲရောက်သွားပြီဆိုရင် ဂျပန်စာ နဲ့ ရေးထားတာပါ..
၆. အပေါ်ဆုံး စာကြောင်းက New Game ပါ.။
၇. ဒုတိယ စာကြောင်းက Load Game ပါ (ဒါက New Game မှာ ကစားထားဖူးမှ Load Game ကပေါ်မှာပါ... ကိုယ့်စားထဲတဲ့အခန်းတွေအတွက် ရွေးဆော့လို့ ရဖို့ ပါ.)
၈. တတိယစာကြောင်းက Full Screen Mode (On / Off) လုပ်တာပါ..။
၉. စတုတ္ထ စာကြောင်းက တော့ ကစားတဲ့အချိန် Sound (On / Off) လုပ်တာပါ.။
၁၀. အောက်ဆုံးစာကြောင်းက ဂိမ်းထဲကနေ ပြန်ထွက်ရတာပါ..။

Wednesday, October 23, 2013

Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်

ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် SamsungGalaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။

Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။

Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။
 
Ref : http://www.myanmarinternetjournal.com

How To Refresh & Reset Your Windows 8

image
  အစ်ကိုရေ ကျွန်တော့ Window 8 ရဲ့ Start Page မှာ Desktop ဆိုတဲ့ Tile မပေါ်တောု့လို့ ပါ။ ကူညီပါဦး ခင်ဗျား.ပြီးတော့ ဘေးက Setting မှာလဲ Change PC Setting ကိုလဲ Click လုပ်တာ ဘာမှ ပေါ်မလာတော့လို့ ပါခင်ဗျာ။
C-Box မှာမေးနေတာ ၂ ကြိမ် ၃ ကြိမ်ဖြစ်နေလို့ ကိုသူရ ရေးထားတာလေးကိုပဲ အလွယ် မျှဝေပေးလိုက်ပါတယ်..။ 
 
Window 8 မှာ အဲ့ဒီလို အဆင်မပြေတော့ဘူးဆိုရင် Restore ပြန်လုပ်ကြည့်ပါ.. System Restore ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့တကွ ရှင်းပြထားတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်...။

Refresh Your PC

Windows 8 မှာ အရင် windows တွေ မှာ မပါတဲ့ features တွေ အများကြီးပါရှိလာပါတယ်။

အဲဒီ ထဲက refresh and reset ဆို တဲ့ feature နှစ်ခု အကြောင်းမျှဝေချင်ပါတယ်။

အရင် windows တွေမှာ windows ကောင်းကောင်းအလုပ်မလုပ်တော့ရင် windows အခွေ ဒါမှမဟုတ် တစ်ခြား installation media တစ်ခုခုကို အသုံးပြုပြီး windows ပြန်တင် ဒါမှမဟုတ် windows ကို repair ပြန်လုပ်ရပါတယ်။

Windows 8 ရဲ့  refresh and reset ဆိုတဲ့ feature ကအလားတူအလုပ်မျိုး လုပ်ပေးနိုင်ပြီး windows 8 ကို repair or reinstall လုပ်ပေးနိုင်ပါတယ်။

Refresh Your PC

Refresh လုပ်တာဟာ repair လုပ်တာနဲ့ တူပါတယ်။

Windows 8 ကို refresh လုပ်ရင် personalized setting , files စတာတွေကို မဖျက်ဘဲ မပြောင်းလဲ ဘဲ နဂို အတိုင်း ရှိနေမှာပါ။

PC setting ကို တော့ default အနေအထားကို ပြန်ပြုပြင်ပါလိမ့်မယ်။နောက်ပြီး Microsoft Windows Store ကနေ install လုပ်ထားတဲ့ applications တွေဟာလည်း မပျက်ဆီးဘဲ ဒီအတိုင်းရှိနေမှာဖြစ်ပေမယ့် store ကနေ install လုပ်ထားတာမဟုတ်တဲ့ applications တွေကို တော့ ဖျက်ပစ်မှာဖြစ်ပါတယ်။

Refresh လုပ်ဖို့ အတွက် Charms bar(Win + C) ကို နှိပ်ပြီး Setting > Change PC Setting ကို နှိပ်ပါ။General ကိုနှိပ်ပြီး Get Started ကို နှိပ်ပါ။


Box တစ်ခု ပေါ်လာပြီး refresh လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။ Next နှိပ်ပါ။


နောက် တစ်ဆင့်မှာတော့ restart လုပ်မယ့်အကြောင်းအသိပေးပါလိမ့်မယ်။Windows 8 cd/dvd အခွေကို ထည့်ပြီး Refresh ကို နှိပ်ရင် restart ချပြီး refresh စလုပ်ပါပြီ။


Reset Your PC

Reset လုပ်တာဟာ ၀င်းဒိုးကို clean install လုပ်တာနဲ့ တူပါတယ်။သင့်ဖိုင်တွေ application တွေအားလုံးကို ဖျက်ပစ်မှာဖြစ်ပြီးWindows ကို ပြန်ပြီး အသစ် install လုပ်မှာပါ။Reset လုပ်ဖို့ အတွက်လည်း charms bar (Win + C) ကို နှိပ်ပြီး setting >Change PC Setting >General ကို နှိပ်ပြီး Get Started ကိုနှိပ်ပါ။



နောက်တစ်ဆင့်မှာ Reset လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။


နောက်တစ်ဆင့်မှာတော့ drive အားလုံးကို reset လုပ်နိုင်သလို system drive ကို ပဲ ရွေးချယ်ပြီး reset လုပ်နိုင်ပါတယ်။


နောက်တစ်ဆင့်မှာ တော့ Windows 8 Cd/Dvd အခွေကို ထည့်ပြီး Reset ကို နှိပ်ပါ။

Restart ကျပြီးရင် တော့ သင့် windows 8 အသစ်စက်စက်ကို ပြန်လည်အသုံးပြုနိုင်ပါပြီ။


Refresh Or Reset On Boot

သင့် windows 8 ကွန်ပြူတာဟာ လုံးဝ boot မတက်နိုင်တော့ရင် လည်း refresh or reset ကို အသုံးပြုနိုင်ပါတယ်။

ဒီလိုအနေအထားမှာ windows 8 installation cd/dvd ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။


 
Credit to : http://www.kothuya.com

လူကြိုက်များ ရေပန်းစားဦးမယ့် iPad Air

လူကြိုက်များ ရေပန်းစားဦးမယ့် iPad Air

=======================
ခွန်နေ(AMMG)

Apple's Event ပွဲကတော့ မနေ့က အမေရိကန်  San Francisco မှာရှိတဲ့ Yerba Buena Center မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျင်းပသွားတဲ့
ပွဲမှာတော့ အားလုံးသိပြီးလောက်ပြီဖြစ်တဲ့ Apple ရဲ့ 

1. OS X 10.9
2. New Macbook 13 & 15
3. Mac Pro
4. iLife
5. iWork
6. iPad Air
7. iPad Mini with Retina Display တွေ ကို ထုတ်ဖော်ပြသ သွားပါတယ်။

အဲဒီထုတ်ကုန်တွေထဲမှာ iPad ရဲ့ မျိုးဆက်သစ် iPad Air ကတော့ ကမ္ဘာတစ်
ဝှမ်းမှာရှိတဲ့ Apple ပုရိတ်သတ်တွေ စိတ်ဝင်စားမှုအများဆုံးနဲ့ လူကြိုက်
အများဆုံး ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်။

အကြောင်းကတော့ အသွင်ပြင်ကော၊ဒီဇိုင်းမှာပါ ထွက်ပေါ်ပြီးသမျှ အရာတွေ
ထက် စွမ်းဆောင်ရည်မှာကော၊အရည်သွေးပိုင်းမှာပါ အကုန်လုံးကို နောက်
ကောက်ချသွားနိုင်လို့ပါပဲ။

iPad ရဲ့ မျိုးဆက်သစ် iPad Air မှာ ယခင်ကခန့်မှန်းထားသလိုပဲ iPhone 5S
မှာပါဝင်လာတဲ့ A7 Chip,64bit architecture ထည့်သွင်းပါဝင်လာတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကမာ့္ဘအကောင်းဆုံး အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားလို့ပါပဲ။
။

အသွင်းအပြင် ဒီဇိုင်းမှာလည်း အပေါ့ဆုံး၊အပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ
အလေးချိန် ၁ ပေါင်တိတိသာ လေးပါတယ်။ ပြီးတော့ အသုံးပြုသူတွေ
အတွက်ကျေနပ်စေလောက်တဲ့ ကျယ်ပြန်တဲ့မျက်နှာပြင် ၉.၄ လက်မ၊ အထူ
ဝ.၂၉ လက်မ(၇.၅ မီလီမီတာ) ရှိပါတယ်။

9.7-inch Retina display + iOS 7

မျက်နှာပြင်အကျယ် ၉.၇ လက်မှာ Retina မျက်နှာပြင်အသုံးပြုပေးထားတဲ့
ဒီ iPad Air ဟာ pixels 1.3 million အထိကြည်လင်ပြတ်သားစေမှာ ဖြစ်တဲ့
အတွက် HDTV လိုရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ထက် အဆသန်းပေါင်း 
များစွာ ကြည်လင်သာလွန်စေပါတယ်။ 

Ultrafast wireless

အခုထွက်ရှိလာတဲ့ iPad Air မှာမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ iPad Air Wifi နဲ့
iPad Air Wifi+Cellular ဆိုပြီးထုတ်လပ်ထားတာပါ။ Wifi စွမ်းဆောင်မှု
အပိုင်းမှာ သာမန်ထက် နှစ်ဆမြန်ဆန်စေတဲ့ စွမ်းဆောင်ရည်ပိုင်းကိုရရှိစေမှာ
ပါ။ Wifi+Cellular အမျိုးအစားမှာတော့ Wifi စနစ်တင်မက Sim-Card အသုံးပြုကာ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ အမြန်ဆုံးအင်တာနက်
ဝန်ဆောင်မှုဖြစ်တဲ့ LTE network စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။

Powerful apps included

ဒါကတော့ Apple တွေမှာသာသီးသန့်ရှိတဲ့ မှုပိုင် Applications ပါ။ အဆိုပါ
Apps ဟာ အီးမေလ်တွေအလွယ်တကူပို့လို့အဆင်ပြေစေမယ့်အပြင်၊ သီချင်း
တွေကိုနားဆင်အသုံးပြုနိုင်တယ်၊ မိမိဖန်တီးထားတဲ့ သီချင်းတွေ၊ Web တွေ
ရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ တင်လို့ရတယ်။ အဲဒီ
ထဲမှာ Musics ပိုင်းတွေဖြစ်တဲ့ ဂီတာတီးတာတွေ၊ Keynote တွေကိုမိမိကိုယ်
တိုင်စိတ်ကြိုက်ရေးဆွဲ ဖန်တီးလို့ရတယ်။

Over 475,000 apps on the App Store

iPad Air ကနေ Apple Store က Apps ပေါင်း ၄၇၅၀၀၀ ကိုအလွယ်တကူ
ရယူနိုင်တယ်။

ထွက်ရှိလာမယ့် မော်ဒယ်လ်နဲ့ ဈေးနှုန်းတွေကတော့

Wi‑Fi Version အတွက်

16GB   -  $499
32GB   -  $599
64GB   -  $699
128GB  -  $799

Wi‑Fi + Cellular Version အတွက်

16GB   -   $629
32GB   -  $729
64GB   -  $829
128GB -  $929 

အမည်းရောင် နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်ထားတယ်။ နိုင်ဝင်ဘာ-၁ ရက်နေ့မှာဖြန့်ချိရောင်းချပေးပါလိမ့်မယ်။

Ref:Apple
 iPad ရဲ့ မျိုးဆက်သစ် iPad Air မှာ ယခင်ကခန့်မှန်းထားသလိုပဲ iPhone 5S မှာပါဝင်လာတဲ့ A7 Chip,64bit architecture ထည့်သွင်းပါဝင်လာတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကမာ့္ဘအကောင်းဆုံး အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားလို့ပါပဲ။ ။ အသွင်းအပြင် ဒီဇိုင်းမှာလည်း အပေါ့ဆုံး၊အပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အလေးချိန် ၁ ပေါင်တိတိသာ လေးပါတယ်။ ပြီးတော့ အသုံးပြုသူတွေ အတွက်ကျေနပ်စေလောက်တဲ့ ကျယ်ပြန်တဲ့မျက်နှာပြင် ၉.၄ လက်မ၊ အထူ ၀.၂၉ လက်မ(၇.၅ မီလီမီတာ) ရှိပါတယ်။
 9.7-inch Retina display + iOS 7 မျက်နှာပြင်အကျယ် ၉.၇ လက်မှာ Retina မျက်နှာပြင်အသုံးပြုပေးထားတဲ့ ဒီ iPad Air ဟာ pixels 1.3 million အထိကြည်လင်ပြတ်သားစေမှာ ဖြစ်တဲ့ အတွက် HDTV လိုရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ထက် အဆသန်းပေါင်း များစွာ ကြည်လင်သာလွန်စေပါတယ်။ Ultrafast wireless အခုထွက်ရှိလာတဲ့ iPad Air မှာမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ iPad Air Wifi နဲ့ iPad Air Wifi+Cellular ဆိုပြီးထုတ်လပ်ထားတာပါ။ 
Wifi စွမ်းဆောင်မှု အပိုင်းမှာ သာမန်ထက် နှစ်ဆမြန်ဆန်စေတဲ့ စွမ်းဆောင်ရည်ပိုင်းကိုရရှိစေမှာ ပါ။ Wifi+Cellular အမျိုးအစားမှာတော့ Wifi စနစ်တင်မက Sim-Card အသုံးပြုကာ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ အမြန်ဆုံးအင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ LTE network စနစ်ကိုပါ အသုံးပြုနိုင်မှာပါ။ Powerful apps included ဒါကတော့ Apple တွေမှာသာသီးသန့်ရှိတဲ့ မှုပိုင် Applications ပါ။ 
အဆိုပါ Apps ဟာ အီးမေလ်တွေအလွယ်တကူပို့လို့အဆင်ပြေစေမယ့်အပြင်၊ သီချင်း တွေကိုနားဆင်အသုံးပြုနိုင်တယ်၊ မိမိဖန်တီးထားတဲ့ သီချင်းတွေ၊ Web တွေ ရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ တင်လို့ရတယ်။ အဲဒီ ထဲမှာ Musics ပိုင်းတွေဖြစ်တဲ့ ဂီတာတီးတာတွေ၊ Keynote တွေကိုမိမိကိုယ် တိုင်စိတ်ကြိုက်ရေးဆွဲ ဖန်တီးလို့ရတယ်။ Over 475,000 apps on the App Store iPad Air ကနေ Apple Store က Apps ပေါင်း ၄၇၅၀၀၀ ကိုအလွယ်တကူ ရယူနိုင်တယ်။
 ထွက်ရှိလာမယ့် မော်ဒယ်လ်နဲ့ ဈေးနှုန်းတွေကတော့ Wi‑Fi Version အတွက် 16GB - $499 32GB - $599 64GB - $699 128GB - $799 Wi‑Fi + Cellular Version အတွက် 16GB - $629 32GB - $729 64GB - $829 128GB - $929 အမည်းရောင် နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်ထားတယ်။ နိုင်ဝင်ဘာ-၁ ရက်နေ့မှာဖြန့်ချိရောင်းချပေးပါလိမ့်မယ်။

Credit To : TechSpace Journal

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call နှင့် Message များကို Block နည်း

အခု ကျနော် ပြောမှာကတောာ့ Viber မှာ ကိုယ်မလိုချင်တဲ့ Viber call တွေ Message တွေကို မ၀င်အောင်လုပ်နည်းလေးပါ...။ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ..။ မသိသေးတဲ့လူတွေ အတွက်ပေါ့ဗျာ... အရင်ဆုံး ရှိပြီးသား viber ထဲကနေ Deactive ပြန်လုပ်လိုက်ပါ...(Setting ထဲကနေ ၀င်လုပ်လို့ ရပါတယ်) ပြီးရင် viber ကို အစကနေ setup ပြန်လုပ်ရပါမယ်...။ အဲ့မှာ မိမိဖုန်းနံပါတ် ရိုက်ထည့်ရမယ့် နေရာ ရောက်ရင် မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံး ဂဏန်း တစ်လုံး အပိုရိုက်ထည့်လိုက်ပါ..။ eg.09430000011 (နောက်ဆုံး 1 ကအပို တစ်လုံးပါ) Viber ကနေ code အတွက် ဖုန်းခေါ်တဲ့ အခါ မိမိဖုန်းထဲကိုပဲ ၀င်ပါတယ်.။ နောက်ဆုံး တိုးထားတဲ့ 1 ဂဏန်း က အကျုံးမ၀င်ပါဘူး..။ Viber code ရပြီဆိုရင်တော့ မိမိဆီကို messages တို့ viber ph call တို့ ခေါ်စေချင်တဲ့လူတွေကို မိမိ ဘက်ကနေအရင်ဆုံး message ပို့ ထားလိုက်ပါ.။ အဲ့ဒါမှ မိမိ ဘက်က စပို့ ထားတဲ့လူတွေသာလျှင် မိမိဆီကို ပြန်ပြီး message တို့ ph call တို့ ခေါ်လို့ ရမှာဖြစ်ပါတယ်..။ ကဲ ... ဒီလောက်ဆိုရင် ကိုယ် ဆီကို မလိုချင်တဲ့ message တွေ ဖုန်း call တွေ ကို viber ကနေ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်..။ အားလုံးပဲ စိတ်အနှောက်အယှက်ဖြစ်ခြင်းကနေ ကင်းဝေးကြပါစေခင်ဗျာ...။

Friday, October 11, 2013

လက်ခုပ်တီးပြီး ဖုန်းရှာမယ်

 



မိမိဖုန်းအထားမှား ရင်သော်လည်းကောင်း၊ အနီးအနားမှာရှာမတွေ့ရင်သော်လည်းကောင်း လက်ခုပ်တီးပြီး
ဖုန်းရှာလို့ရမယ့် clap to find apk လေးဖြစ်ပါတယ်။ လက်ခုပ်တီးလိုက်တာနဲ့ ဖုန်းက မိမိပေးထားတဲ့ အသံလေး ထမြည်မှာဖြစ်ပါတယ်။ ကျွန်တော်စမ်းသပ် ထားပြီးသား ပါခင်ဗျာ။ အရမ်းအဆင်ပြေတဲ့ ဆော့ဝဲလ်လေးဖြစ် ပါတယ်။ ဆော့ဝဲလ်ကိုဖွင့်ပြီး လုပ်ရမဲ့အဆင့်လေးတွေကို ကျွန်တော်
Screenshot ရိုက်ပြီး ပုံလေးတွေနဲ့ပြထားပါတယ်ခင်ဗျာ။ မိမိနှစ်သက်ရာသီးချင်းလေးတွေကို ringtone အဖြစ်ပေးလို့ရပါတယ်ခင်ဗျာ။ ဆော့ဝဲလ်ကိုဖွင့်ပြီး အသုံးပြုမယ်ဆိုရင် ပြန်ထွက်တဲ့အခါ Close မလုပ်ပဲနဲ့ Minimize လုပ်ပေးပါ။ ဒါမှ အသုံးပြုလို့ရမှာပါခင်ဗျာ။

Download=>> Link 1, Link 2

ဒေါင်းလုပ် လုပ်နည်းများ (မဖြစ်မနေဖတ်ပေးပါ)

ကျွန်တော့်ဆိုဒ်လေးမှာ Download လုပ်ခြင်းနဲ့ ပက်သတ်လို့ အခတ်အခဲလေးတွေ
ဖြစ်မှာစိုးလို့ Download လုပ်နည်းလေးတွေ ပြောပြလိုက်ပါတယ်။ သိပြီးသားသူများကတော့ ကျော်ဖတ်သွားပေးပါခင်ဗျာ။
အခုဖော်ပြထားတဲ့ Download လုပ်ရမယ့်ဆိုဒ်တွေက ကျွန်တော့်ဆိုဒ်မှာ
အသုံးများတဲ့ဆိုဒ်တွေဖြစ်လို့ ပုံနှင့်တကွ သေချာလေးရှင်းပြထားပါတယ်။
အခြားသော Website များတွင် တင်ထားသော ဆော့ဝဲများကိုလည်း
ဒေါင်းနိုင်ရန်အတွက် ရည်ရွယ်ပါသည်။
~~~~~~~~~~~~~~~~
Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
ဥပမာ http://adf.ly/XLhXZ လင့်မျိုးပေါ့
အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်
 
ပြီးမှ ညာဘက်အပေါ်ဆုံးထောင့်နားက SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
ဒေါင်းလုပ် လင့်နေရာကို ရောက်ပါမည်။
 
ဒါက ADF.LY ကျော်နည်းလေးပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
D-h.st မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
TusFile မှဒေါင်းနည်း

၁. အမှန်ခြစ်ဖြုတ်ပါ...
၂. Download File ဆိုတာကိုနှိပ်ပြီးဒေါင်းပါ.။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
Share Beast မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Zippyshare မှ ဒေါင်းနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Wednesday, October 9, 2013

အခုပြောမှာကတော့ (PTC) အကြောင်း ပါ



PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click)  မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး  နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website  တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့  အဲ့ဒိ  Social  ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊
ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ  ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊  အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။

သတိပြုစရာ အချက်များ

ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website၁၅၀.၀၀၀  ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ  ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး  ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။  (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။  တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့  Site 5ခု မှ 10ခု  လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊  PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။

မှတ်ချက်။    ။ ကျွန်တော် PTC Website တွေ နဲ့ ပိုက်ဆံ ရှာနေတာ (၄) နှစ်ကျော် နေပါပြီ။

အခု ကျွန်တော့ PTC Website တွေ ရဲ့ ၀င်ငွေဟာ တစ်ရက်  $200 ($200/Day) ၀န်းကျင်ရှိပါတယ်။ တစ်နှစ် ဆိုရင် $80,000 ($80,000/year) ရှိပါတယ်။ အမြတ် သီးသန့်တွက်မည် ဆိုပါက တစ်နှစ် $60,000 ကျော်ကျော် ရှိပါတယ်။ သည်အခြေအနေ ရောက်ဖို့ ကျွန်တော့ အိပ်ကပ်ထဲက ပိုက်ဆံ တစ်ပြားမှ မဆိုက်ခဲ့ ပါဘူး။ ဆိုက်ချင်လဲ ဆိုက်လို့မရခဲ့ဘူးလေ။ အဒီတုန်းက Paypal Account လဲ မဖွင့်တတ်ခဲ့ဘူးလေ။ ရှင်းရှင်း ပြောရရင် PTC Account ထဲမှာ ရှိတဲ့ ပိုက်ဆံ တောင် ဘယ်လိုထုတ် ရမယ်မှန်း သိခဲ့တာမဟုတ်ဘူး။ အခုပြန်တွေးကြည့်ရင်ကောင်းတယ်လို့တောင်ထင်ပါတယ် ဘာကြောင့်လဲ ဆိုတော့ ပိုက်ဆံ ထုတ်မရတော့ ရတဲ့ ပိုက်ဆံကို PTC Site တွေမှာ Referral (PTC ရဲ့အသက် ဟာ Referral လို့ပဲ မှတ်ထာပေးပါ၊ Referral အကြောင်းကို အောက်မှာ ရှင်းပြပါမယ်)  တွေ ၀ယ်ပြီးရင်းဝယ်ရင်းနဲ့ပဲ အခု သည်လောက် ၀င်ငွေ ရလာတာပါ။ ခင်ဗျား တို့လည်း စအလုပ်လုပ်ပြီး တစ်နှစ်လောက် ကြာရင် တစ်နှစ်ကို $8,000 ၀န်းကျင်လောက် ရနေပါပြီ။ ပိုက်ဆံကို မထုတ် ပဲ နှင့် ဆက်ရင်းသွားရင်တော့ ၃ နှစ်လောက်နေရင် အနည်းဆုံး တစ်နှစ် $60,000 လောက် ရမှာပါ။ အဲဒိ အချိန်ရောက် လျှင်တော့ ထုတ်ပြီးရင်း ထုတ်ပေါ့ ။ ကျွန်တော့လည်း မမေ့ နဲ့ပေါ့။
PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%

PTC စည်းကမ်းချက်များ

PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့  ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း  အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။

ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း

PTCWebsite
 တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း   လုပ်ခံရနိုင်ပါတယ်။

အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း

စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။

Proxy အသုံးပြုခြင်း

login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ  အကောင့်လုပ် နှိပ်နေတယ်။  နိုင်ငံခြား ရောက်သွားရင်လည်း   ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲဆိုတော့   တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxy ကျော်ကိုကျော်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။

(အောက်မှာ Paypal Account ဖွင့် နည်း နှင့် မိမိ လက်ထဲ ပိုက်ဆံ ရအောင်ထုတ် နည်းကို ပြည့်ပြည့် စုံစုံ ဖော်ပြပေးသွားပါမည်။)

အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း

အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။

ငွေကို ဘယ်လိုထုတ်မလဲ

အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....
ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။
(Paypal Account ဖွင်းနည်းကို ပြည့်ပြည့်စုံစုံ Post တင်ပေးထားပါသည်။)

ငွေကို လက်ထဲရောက်အောင် ဘယ်လိုထုတ်မလဲ (မသိသောသူများ အတွက်သာ)

အရင် ဦဆုံး Paypal မှာ Sign Up လုပ်လိုက်ပါ။ Cyber Banking အကျိုးဆောင် company များနှင့် ဆက်သွယ်ပြီး ထုတ်နိုင်ပါတယ်။
ဥပမာ။    ။   www.shwemoney.com   တာရှိပါတယ်။ မြန်မာ Website ပါOnline Banking System  အကျိုးဆောင်Company ပါ။ ငွေလွှဲ ခ ကတော့ လွှဲငွေ၏ ၅% ပါ။
        Ph : 01-510-554
        Address : No (9), Shin Saw Pu Pagoda Street(near city mark) Sanchaung Township
        Email : support@shwemoney.com

Startup Now 

 မှက်ချက်။     ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။

1) Neobux



2) ProBux





4) BUXP








PTC Registering (Register ဘယ်လိုလုပ်မလဲ)

PTC registering  ကိNEOBUX နှင့် ဥပမာပေး ပြီး ရှင်းပြ ပါ မယ်။
1) အောက်ကပုံကိုနှိပ်လိုက်ပါ...



2)

3)
Paypal Email နေရာမှာ ကြိုက်တဲ့ email ဖြည့်လို့ ရပါတယ်။ အချိန်မရွေး ပြောင်းလို့ ရတယ်။ Paypal Account လည်း ဖွင့်စရာမလိုသေးပါဘူး။ Cash out လုပ်တဲ့အချိန်ရောက် မှ Paypal Account ဖွင့်လည်းရပါတယ်။ 
4)

အထပ်ပါပုံမျိုးတွေ့ရပါက Neobux က သင့်ရဲ့ အီးမေးလိပ်စာကို စာပို့လိုက်ပါပြီ၊ အဲ့ဒီ့စာထဲမှာ Validation code ပါထည့်ပေးလိုက်တယ်၊ အဲ့ဒီ့ကုတ်ကိုကူးပြီး အထပ်ပါပုံရဲ့ မြှား  ပြထားတဲ့နေရာမှာထည့်ပေးရမယ်၊ (ပုံမှန်အားဖြင့် Neobux မှပေးပို့သောစာများဟာ သင့်အီးမေးရဲ့ Inbox ထဲမှာမရှိတတ်ပဲ Spam box ထဲရောက်နေတတ်ပါတယ်၊ Spam box မှာရှာပါ၊) အောပါပုံမှာဥပမာပြထားပါတယ်။


 

  


ဒါဆိုရင် သင့်ရဲ့ neobux register လုပ်ခြင်းအစီအစဉ် အောင်မြင်စွာ ပြီးဆုံးပါပြီ 
ကဲ login သာ လုပ်လိုက် ပါတော့......
Secondary Password က မသုံးလဲ ရပါတယ်။

Neobux ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ 

(1) Home page မှာ View Advertisements ကိုနှိပ်ပါ။
(2) ကြော်ငြာ Link တွေ ကို click ပါ။ ( Red, Green , Orange)  စသည့်အရောင်တွေ နှင့် တွေရပါ လိမ့် မယ်။ ကျွန်တော် က နှိပ်ပြီးသားဖြစ်နေလို့ ပါ။
(3) အနီရောင် အစက်လေး ကို နှိပ်လိုက်ပါ
(4) Close ကို Click လိုက်ပါ။ ဒါဆိုရင် ကြော်ငြာ တစ်ခု ကြည်လို့ ပြီး သွားပါပြီ။ 
ကြော်ငြာအားလုံး ကုန်အောင် ကြည့် လိုက်ပါ။
အားလုံးပြီးသွား ရင် User name ပေါ်နေတဲ့ နေရာ မှာ click နှိပ်လိုက်ပါ။ ခင်ဗျား တို့ရထားတဲ့ ပိုက်ဆံ တွေ့ ရပါလိမ့်မယ်။

NEOBUX ကို example ပေးပြီး ပါ ပြီ။ ကျန်တာတွေလဲ ထိုနည်း၎င်း ပါဘဲ ။ PTC site တွေအများကြီးပါ ကြိုက်တာကို စမ်းကြည့် ပါ။ But register မလုပ်ခင်တော့ Forum တို့ Payment Proof တို့ကို အရင်ကြည့်ပါ....... Good luck EVERYBODY

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews