iOS 7.1 ကို updae လုပ်ပြီး နောက်ပိုင်း Zawgyi Profile ထည့်ထားပေမယ့် မမြင်ရတော့ပါဘူး ။
အခုချိန်ထိတော့ fixed ရှာမတွေ့ သေးပါဘူး ။ ဖြစ်နိုင်တာကတော့ Apple ရဲ့  bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်.။
ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ရှိပါတယ်.။
၁။ Multi Task မှာ Run နေတဲ့ App တွေအားလုံးကို ပိတ်လိုက်ပါ.။
၂။ Setting > General > Profiles အောက်ကိုသွားပြီးတော့ သွင်းထားတဲ့ Zawgyi or Unicode Font Profile ကိုဖျက်လိုက်ပါ.။
၃။ Font ပေါ်ချင်တဲ့ (မြင်ချင်တဲ့) Application တွေကို ဖွင့်ထားပေးပါ..။ (Safari ကတော့ အရင်အတိုင်းပဲ ပေါ်မှာမဟုတ်ပါဘူး ...။ Safari မှာ ပေါ်အောင်လုပ်နည်းကိုနောက်မှသပ်သပ်တင်ပေးပါ့မယ်ခင်ဗျာ)
၎။ Font Profile ကိုပြန်သွင်းပါ...။ ဘယ်ကသွားရမှန်းမသိရင် ဒီလင့်ကို Click ပါ ..။ ပြီးရင် Download ကို နှိပ်ပြီး Install လုပ်ဖို့ ပေါ်လာရင် Install Now ကိုနှိပ်ပြီး သွင်းလိုက်ပါ.။
၅။ Multi Tasking မှာဖွင့်ထားတဲ့ App တွေမှာ ပြန်သွားကြည့်ရင် မြန်မာ လိုမြင်နေရပါပြီ...။
ဒါပေမယ့် ဖုန်းကို Restart လုပ်လိုက်တာ ဒါမှမဟုတ်ရင် Multi Task ကနေ ပိတ်လိုက်ရင်ဖြစ်စေ .ပြန်မမြင်ရတော့ပါဘူး..။ အဲ့ကျရင် အထက်ကနည်းအတိုင်း မြင်ချင်တဲ့အချိန်မှာ ပြန်လုပ်ပေးရပါတယ်...။ တစ်ခုရှိတာ Viber လို Muti Task ကို auto update လုပ်နေတဲ့ App မျိုးဆိုရင်တော့ ကိုယ်က Multi Task ကနေ မပိတ်လဲသူက auto Font ပျောက်ပျောက်သွားတတ်ပါတယ်...။ ဒီနည်းက ဇော်ဂျီ ဖြစ်ဖြစ် ယူနီကုဒ် ဖြစ်ဖြစ် မထူးခြားပါဘူးခင်ဗျာ..။
Sunday, March 23, 2014
iOS 7.1 is not working with Zawgyi Profile
12:58 AM
Unknown
No comments
0 comments:
Post a Comment