Blogger Widgets

Friday, November 1, 2013

မဖြစ်မနေဖတ်ပေးပါ... အရေးကြီးလို့ ပါ...

ကျနော့် Blog လေးကိုလာရောက်အားပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး ကိုတင်ရှိပါတယ်ခင်ဗျာ..။ အခု ကျနော်တစ်ခုလောက်အကူအညီလေး ပြန်တောင်းချင်လို့ ပါဗျာ..။ ကျနော့်ဆိုဒ်မှာ Advertisement လေး ၃ ခုထည့်သွင်းထားပါတယ်..။ တစ်ခုက site ရဲ့ အပေါ်ဆုံးမှာပါ.. တစ်ခုက ဘေးက မြန်မာစံတော် ချိန်ဆိုတာရဲ့ အောက်ဆုံးမှာပါခင်ဗျာ...။ နောက်တစ်ခုရဲ့ Site ရဲ့ အောက်ဆုံးမှာပါ...။ အဲ့ ဒီ Advertisement ၃ ခုကို ကျနော်ဆိုဒ်ကို တစ်ခါ ၀င်ကြည့်တိုင်း တစ်ကြိမ် ဆီ Click ပေးသွားကြပါခင်ဗျာ..။

ဘာလို့ အဲ့လိုတောင်းဆိုလဲဆိုတော့ ကျနော် အဲ့ဒီက နေ ပိုက်ဆံရှာနေလို့ ပါ.။ Advertisement တွေကို ကလစ် တစ်ချက်နှိပ် တိုင်း သူ့ ဟာသူ Amount ဘယ်လောက်ဆိုတာ ပေးသွားပါတယ်..။ တစ်စက်တည်းက ထိုင်နှိပ်နေလို့ မရပါဘူး တစ်နေ့ ကို တစ်စက်ကို တစ်ကြိမ်ပဲ ပေးနှိပ်ပါတယ်..။ အဲ့ဒါကြောင့်ပါ..။ ကျနော်ပြောချင်တာက အခုလို ရလာတဲ့ပိုက်ဆံ တွေက ကျနော့်အတွက်မဟုတ်ပါဘူး...။ ကျနော် မိဘ မဲ့ကလေးကျောင်းလေး တစ်ကျောင်းတွေ့ ထားလို့ ပါ...။ အဲ့ဒီမှာ လှူချင်လို့ လုပ်တာပါ..။ အဲ့ဒီမှာလှူဖို့ လဲအစီအစဉ်ရှိပြီးသားပါ..။

အဲ့လိုပြောတော့ မင်းဘာသာ မင်းလှူပါလားလို့ ပြောနိုင်လာပါတယ် (ပြောမယ်လို့ မဆိုလိုပါဘူးခင်ဗျာ)... အဲ့လိုလှူဖို့ ကျနော်က အခုမှ ဒုတိယနှစ်ဖြေထားတဲ့ ကျောင်းသားပါခင်ဗျာ အလုပ်မလုပ်သေးပါဘူး..။ ကျောင်းတစ်ဖက် တက်ရင်း ကျနော်သိ သလောက်မှတ်သလာက်လေး တွေကို
ပြန်လည်မျှဝေပေးနေတာပါခင်ဗျာ..။

အဲ့ဒါကြောင့် ကျနော့်မှာဝင်ငွေ မရှိပါဘူး...။ ဒါကျနော် ပွင့်ပွင့်လင်းလင်း ၀န်ခံတာပါ..။ ၀င်ငွေမရှိလို့ အခုလို Blog လေးရေးတယ်...ပြီးတောာ့ Advertisement တင်လို့ အလှူခံပြီး ရတဲ့ ပိုက်ဆံလေးနဲ့ မိဘ မဲ့ကလေးတွေကို လှူမှာပါခင်ဗျာ...။ မိတ်ဆွေတို့ အနေနဲ့ လဲ ကိုယ့်အိတ်ထဲကနေ လဲ ဆိုက်ထုပ် ပေးရတာမဟုတ်ပါဘူးဗျာ... Advertisement ၁ ခုကို click လေး ၁ ချက် နှုန်းနဲ့ ၃ ခု အတွက် Click ၃ ခုကို တစ်နေ့ မှ တစ်ကြိမ်စီပဲ နှိပ်ပေးရတာပါဗျာ...။ အားလုံးအတွက် အပန်းမကြီးဘူးလို့ ထင်ပါတယ်...။ ကဲကျနော်တောင်းဆိုချင်တာကတော့ ဒါပါပဲခင်ဗျာ...။ မိတ်ဆွေ တို့ လဲ ၀ိုင်းဝန်းကူညီ ကြမယ်လို့ ထင်ပါတယ်ခင်ဗျာ...။

ကျနော်တစ်ခုပြောဖို့ မေ့နေတယ်.... အဲ့ဒါက Mobile Phone နဲ့ သုံးတဲ့လူတွေအတွက်ပါ....
အောက်ကအဆင့်လေးတွေအတိုင်းလုပ်လိုက်ပါ...။

1. Website ကိုသွားလိုက်ပါ (www.itkogyikyaw.blogspot.com)

2. Website ကိုရောက်ရင် အောက်ဆုံးကို သွားကြည့်လိုက် အဲ့မှာ Web Version ဆိုတာရှိလိမ့်မယ်... အဲ့ဒါလေးကိုနှီပ်လိုက်ပါ...။

3. ပြီးရင် အပေါ်ဆုံးကိုပြန်သွားပါ...အဲ့မှာ တွေ့ ပါလိမ့်မယ်ခင်ဗျာ...။


တစ်ချို့ ဖုန်းတွေမှာ Advertisement ကိုနှိပ်လိုက်ရင် New Page နဲ့ သွားတာမျိုးရှိပေမယ့် တစ်ချို့ ဖုန်းတွေက Back နဲ့ ပြန်သွားပြီး Refresh ပြန်လုပ်ပေးရပါတယ်ခင်ဗျာ...။

ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

0 comments:

Post a Comment

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews