ကျနော်တို
့USB တို့ Memory Card တို့ သုံးတဲ့အခါမှာတစ်ခါတစ်လေမှာဖြစ်တတ်ပါတယ် USB
Drive က Wirte Protect ဖြစ်နေပါတယ်ဆိုပြီးအောက်ကစာသားမျိုးတွေလာပြပါတယ်.။
- Cannot copy files and folders, drive is write protected
- Cannot format the drive, drive is write protected
- The disk is write protected
- Remove write protection or use another disk
- Media is write protected
အဲလိုဖြစ်တဲ့အခါကျရင်
အဲဒီ Write Protect ကိုပယ်ဖျက်တဲ့နည်းလေးကိုကျနော်ပြောပြချင်ပါတယ်.။
Registry ပိုင်းမှာပြင်ရမှာဖြစ်တဲ့အတွက် Registry Key ကို Backup
လုပ်ထားဖို့ မမေ့ပါနဲ့ .။ တစ်ခုခုဖြစ်တာ နဲ
့နဂိုအတိုင်းပြန်လုပ်နိုင်အောင်လို့ ပါ.။ ဘယ်လိုလုပ်ရမလဲဆိုတာ
အခုစပြောပြပါ့မယ်.။
1. ပထမဆုံး Start >> Run နဲ့ Run Box ကိုခေါ်လိုက်ပါ.။ (Window Key + R) နဲ့ ခေါ်လဲရပါတယ်။
ပြီးရင် Run Box ထဲမှာ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ.။ Enter ခေါက်ပါ.။
( HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies )
WriteProtect
ဆိုတာကိုတွေ့ ရပါလိမ့်မယ်.။ အကယ်လို့ အဲဒီလိုမတွေ့ ခဲ့ရင် ကိုယ့်ဘာသာ
ဖန်တီးပေးဖို့  လိုအပ်ပါတယ်.။ ဘယ်လိုဖန်တီးပေးရမလဲဆိုတော့.။ အဲဒီ Registry
Key (Default) ဆိုပြီးရှိတဲ့ အဖြူကွက် လွတ်တဲ့နေရာမှာ Right Click >> New >> DWORD (32-bit) Value ဆိုတာပါကိုနှိပ်ပေးလိုက်ပါ.။ ပြီးရင် Key Name ကို WriteProtect လို့ ပေးလိုက်ပါ.။
မှတ်ချက်။ ။(ရှိပြီးသားလူများ အသစ်ဖန်တီးပေးရန်မလိုပါ။)
ပေးပြီးရင် ကျနော်တို့ ဖန်တီးထားတဲ့ WriteProtect ဆိုတဲ့ Key ကို Double Click နှိပ်လိုက်ပါ.။ ပြီးရင် Value Data ဆိုတဲ့အောက်က Text Box မှာ 0 ထားပေးပါ။ ပြီးရင်ဘေးက Hexadecimal ဆိုတာကိုရွေးပေးပါ.။ ပြီးရင်တော့ Ok နှိပ်ပေးလိုက်ပါ.။
အားလုံးပြီးသွားရင်တော့
စက်ကို Restart ချပေးလိုက်ပါ.။ စက်ပြန်တက်လာရင် USB Pendrive ထဲကို Data
(File / Folder) တွေထည့်ကြည့်ပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.။