Blogger Widgets

Sunday, December 8, 2013

Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း...

သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား...? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား...? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား...? Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။ အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊...

iOS အနိမ့်အတွက် ဇော်ဂျီဖောင့် အဟောင်းလေးများ

iPhone 3G အတွက် အမြင့်ဆုံး iOS မှာ iOS 4.2.1 ဖြစ်ပြီး ထပ်မံ၍လည်း Update လုပ်လို့ မရနိုင်တော့ဘူး ဆိုတာ အားလုံးသိထားကြပြီး ဖြစ်ပါလိမ့်မယ်။ ဤကဲ့သို့ သော အခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် Restore / Jailbreak ပြန်လုပ်ပြီးနောက် မြန်မာဖောင့် ပြန်လည် သွင်းယူရန် Cydia Source တွင် iOS အနိမ့် ဇော်ဂျီဖောင့်များအား ဖယ်ရှားရှင်းလင်းပြီး update လုပ်ထားခြင်းကြောင့် ယခင်လို တိုက်ရိုက် လွယ်ကူစွာ မသွင်းယူနိုင်တော့ပါဘူး။ ဒီအတွက် လိုအပ်သော ဇော်ဂျီနှင့် ပက်သက်၍ ကိုစေတန် စုစည်းဖေယ်ပြထားသော (.deb) file များကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ >> unicode-font.deb >> unicode-keyboard.deb >> wootylab-mmkeyboard_1.0-2_iphoneos-arm.deb >> wootylab-zawgyihardware_0.9-1_iphoneos-arm.deb >> zawgyi-font-iOS-Uninstaller.deb >>...

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်... ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်... >>Reset Password<< နည်းလမ်း (၁) ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။ သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple...

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။ Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။...

iOS 7 အတွက် Keyboard Shortcuts များ

Apple က iOS 7 မှာ developer တွေ သူတို့ရဲ့ App တွေမှာ third party အနေနှင့် external bluetooth keyboard ကို တွဲဖက် အသုံးပြုနိုင်အောင် ဖန်တီးနိုင်မယ့် အခွင့်အလမ်းကို ထောက်ပံ့ပေးထားပါတယ်။ ဒီအတွက် အချို့ App တွေမှာ Bluetooth keyboard သုံပြီး စာရိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဥပမာအနေနှင့် မြန်မာ App တစ်ခုဖြစ်တဲ့ "Sar" မှာ bluetooth hardware keyboard နဲ့ တွဲသုံးနိုင်အောင် ထည့်သွင်းပေးထား တွေ့ရပါတယ်။ iPad ကို Bluetooth keyboard နှင့် အသုံးပြုသူများအတွက် iOS 7+ အတွက် keyboard shortcuts များကို ဖော်ပြပေးလိုက်ပါတယ်။ အချို့ shortcuts များမှာ လောလောဆယ် အနေနှင့် iOS 7.0.3/7.0.4 များနှင့် အလုပ်မလုပ်နိုင်သေးပါ။ >> Safari << ⌘L to Open Location (like Safari for Mac, this selects the address bar so you can start typing to open...

iOS 7.0.4 တင်ရင် Jailbreak လုပ်နိုင်ပါ့မလား....?

iOS 7 ထွက်လာပြီးနောက်ပိုင်း Hacker တွေက Jailbreak Tool ကို အားလုံးအတွက် မထုတ်ပေးနိုင်ခင်မှာ Apple က iOS ကို version တစ်မျိုးပြီး တစ်မျိုး Update လုပ်လာတာ အခုဆ်ုရင် iOS 7.0.4 ဖြစ်သွားပါပြီ။ ဒါဟာ Apple က Jailbreak မလုပ်နိုင်အောင် အဟန့်အတား ဖြစ်စေဖို့ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်သလို တည်ငြိမ်ပြီးပြည့်စုံတဲ့ iOS ဖြစ်အောင် ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်.. တစ်ကယ်တော့ Hacker တွေရဲ့ လက်ထဲမှာ iOS 7 ထွက်ကတည်းက Jailbreak လုပ်နိုင်နေပါပြီ၊ အဲဒီအချိန်ထဲကသာ Jailbreak Tool ကို အများသုံးနိုင်လောက်အောင် အချောသတ်ပြီး ထုတ်ပေးခဲ့ရင် အခုဆို အဲဒီ Tool က သုံးစားလို့ရမှာ မဟုတ်တော့ပါဘူး။ အချောသတ် Tool တစ်ခုဖြစ်ဖို့ လနဲ့ချီပြီး ကြာတတ်တာကြောင့် Hacker တွေက အခုချိန်ထိ ထုတ်မပေးသေးပါဘူး။ Apple နဲ့ Hacker တွေရဲ့ ကစားပွဲတစ်ခုပါပဲ...။ iOS 7.0.4 ထွက်လာတဲ့အခါမှာ...

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews