Blogger Widgets

Tuesday, January 28, 2014

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ





SIM Card ဆိုတာ Subscriber Identity Module သို့မဟုတ် Subscriber Identification Module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။ တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။ H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ် H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ် H3 - ပိုမိုကောင်းမွန်သော ကွန်ရက် H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ် Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။ SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။ SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။ Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။ GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။ 2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

ဒီပို့ စ်လေးကို PDF အနေနဲ့ သိမ်းထားချင်ရင် ဒေါင်းပါ >> Download post as PDF

Viber မှာ Block လုပ်လို့ ရပြီ

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
Viber ရဲ့ နောက်ဆုံးထွက် Version လေးပါ ... block feature တွေပါပါဝင်လာပါပြီ... ကဲ ဘယ်သူမှန်း ဘယ်ဝါမှန်းမသိ Group တွေကနေ ဖုန်းနံပါတ်တွေရ ပြီး ကိုယ်နဲ့ မသိဘဲ ကိုယ့်ကို လာနှောက်ယှက်နေတဲ့လူတွေ ... ကိုယ့်ရဲ့ ရည်းစားဟောင်းတွေ ကို အရင်က Viber မှာ ဘလော့ လုပ်လို့ မရပါဘူး ... အခု ပေးထားတဲ့ Viber မှာတော့ Block လုပ်လို့ ရသွားပါပြီ...Valentine လဲနီးတော့ ရည်းစားသစ် လေး နဲ့ အဆင်ပြေနေတုန်း ရည်းစားဟောင်း က Viber မှာလာပြောရင်လဲ အခက်တွေ့ နိုင်တယ်နော့.... :D  အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

ဒီအသစ်ကိုသာ ပြောင်းသုံးကြတော့ နှောက်ယှက်သူလည်း ဘလော့လို့ ရပီ ပုံတွေလည်းအများကြီးပို့ ရပီ အသံကိုလည်း HD Quality နဲ့ လုပ်ထားပြီးပြီတဲ့ အသစ်ဟာ ဖလမ်းဖလမ်းထတာ သေချာတယ် အသုံးလိုသူများအောက်က လင့်မှာ ဒေါင်းလုပ်ယူသုံးပါ။Play store သုံးရတဲ့သူ Update လုပ်လိုက်ပါ.။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2014/01/viber-block.html?showComment=1390915123359#c6698853370129159821
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
Download from here >> Mediafire Link

Thursday, January 2, 2014

Zapya ကို PC မှာသုံးလို့ရပြီနော်



Zapya ဆိုတာဘာလဲဆိုပြောစရာမလိုလောက်တော့ဘူးနဲ့ တူတယ်။
အခု PC အတွက် Zapya ထွက်ရှိလာပါပြီ။IOS ရော Android ရော ချိတ်ပီး
သီချင်းတွေ ဆော့ဖ်ဝဲတွေ ဖိုင်တွေ ရှယ်လို့ ရပါတယ်။စမ်းကြည့်တာတော့အိုကေတယ်။
သုံးပုံသုံးနည်းကတော့ ဆော့ဖ်ဝဲဖွင့်လိုက်တာနဲ့  hotspot ထောင်ပီးသားပဲ။Password
ရော တစ်ခါတည်းခံပီးသား။လွယ်ပါတယ်။ရှယ်ရတာလည်း မြန်တယ်။
Laptop တွေနဲ့ တော့ အိုကေတယ်။ Desktop တော့ မစမ်းကြည့်ရသေးဘူး :D
အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။
 
တရုတ်စာတော့ဖတ်တတ်ဝူး။သွင်းနည်းကတော့ အပြာရောင် စာတန်းတာနှိပ်သွားလိုက်။
ဖိုင်တွေ ပို့ပြီးရင် My document ထဲက
Dewmobile ဖိုဒါထဲမှာ သွားရှာနိုင်ပါတယ်ခင်ဗျာ
=======================

 

Sunday, December 8, 2013

Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း...

သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား...? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား...? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား...?

Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။
အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊ ရနိုင်တဲ့ Store ရဲ့  ID ကို ထပ်မံပြောင်းလဲ ဖွင့်လှစ်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဆို လူတစ်ယောက်ထဲနဲ့  Apple ID အနည်းဆုံး (၂) ခုလောက် ဖြစ်နေတတ်ပါတယ်။
ဒီအခါမှာ ID, Password တွေ မှတ်ရတဲ့ ပြဿနာက မသေးလှပါဘူး၊ App တွေကို Update လုပ်တဲ့ အခါမှာ ID မတူတဲ့အတွက် Sin In/Sign Out နဲ့ Store ပြန်ချိန်းပေးရပါတယ်၊ အဓိက ကတော့ App တွေ တစ်ခုနှင့် တစ်ခု Apple ID မတူတဲ့ အတွက် iTunes နဲ့  sync လုပ်ရမှာ အခက်အခဲရှိလာပါတယ်။

ယခုတင်ပြမယ့် နည်းလမ်း (Trick) လေးကတော့ မိမိရဲ့  Apple ID တစ်ခုထဲနဲ့  အခြား Store က App တွေကို (၅) မိနစ်အတွင်း ရယူနိုင်ပြီး၊ iTunes နဲ့  Sync လုပ်ရာမှာရော update လုပ်ရာမှာပါ အဆင်ပြေချောမွေ့ စေပါတယ်..

နမူနာ အနေနဲ့  Singapore Store (Apple ID) ပဲရှိတဲ့ ကျွန်တော့အတွက် US Store မှာပဲ ရနိုင်တဲ့ "Kindle" reader App ကို လိုချင်နေပါတယ်..
အဲဒီလိုပဲ ဖြစ်ဖူးကြမှာပါ... ကဲ.. စလိုက်ရအောင်

**iPhone, iPad, iPodTouch များမှ ဆောင်ရွက်နည်း**

အဆင့် ၁)
Settings -> iTunes & App Store -> Apple ID ကို နှိပ်ပါ။


အဆင့် ၂)
"View Apple ID" ကို နှိပ်ပါ။


အဆင့် ၃)
"Country/Region" ကို နှိပ်ပါ။


အဆင့် ၄)
"Store" မှာ နှစ်သက်ရာ နိုင်ငံကို ရွေးချယ်ပါ။ နမူနာ အနေနှင့် "United States" ကို ရွေးချယ်ပါမည်။


အဆင့် ၅)
"Next" ကို နှိပ်ပါ။


အဆင့် ၆)
"Agree" ကို ဆက်နှိပ်ပါ။


အဆင့် ၇)
ဤအဆင့်တွင် သင်ရွေးချယ်ခဲ့သော နိုင်ငံ၏ အသိမှတ်ပြု လိပ်စာကို ထည့်သွင်းပေးရပါမည်။ (ဤနေရာတွင် အကြံပြုလိုသည်မှာ Hotel လိပ်စာ တစ်ခုခုကို Google တွင် ရှာ၍ ဖြည့်ပါ)
US Store ရွေးခဲ့သူများ အနေနှင့် အောက်ပါလင်ခ့်ကို သွားရောက်၍ လိပ်စာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါသည်။

>> US လိပ်စာတစ်ခုရယူရန်

အောက်ပါအတိုင်း ရရှိလာသော လိပ်စာကို ဖြည့်သွင်းပြီး "Next" နှိပ်ပါ။



အဆင့် ၈)
US Store သို့  အောင်မြင်စွာ ပြောင်းလဲသွားပါပြီ..




*************************************


**PC ၏ iTunes မှ ဆောင်ရွက်နည်း**

အဆင့် ၁)
iTunes မှ "Sing In" အရင်လုပ်ပါ။ (Sign In ထားပြီးပါက ဤအဆင့်ကို ကျော်ပါ)


အဆင့် ၂)
Apple ID ကို နှိပ်ပါ -> Account ကို နှိပ်ပါ။


အဆင့် ၃)
"Account Information" ရှိ "Country/Region" ဘေးရှိ "Change Country or Region" ကို နှိပ်ပါ။


အဆင့် ၄)
နှစ်သက်ရာ နိုင်ငံကို ရွေးချယ်ပါ။ နမူနာ အနေနှင့် "United States" ကို ရွေးချယ်ပါမည်။


အဆင့် ၅)
"Continue" ကို နှိပ်ပါ။


အဆင့် ၆)
check box မှာ အမှန်ခြစ်ပေးပြီး "Agree" ကို ဆက်နှိပ်ပါ။


အဆင့် ၇)
ဤအဆင့်တွင် သင်ရွေးချယ်ခဲ့သော နိုင်ငံ၏ အသိမှတ်ပြု လိပ်စာကို ထည့်သွင်းပေးရပါမည်။ (ဤနေရာတွင် အကြံပြုလိုသည်မှာ Hotel လိပ်စာ တစ်ခုခုကို Google တွင် ရှာ၍ ဖြည့်ပါ)
US Store ရွေးခဲ့သူများ အနေနှင့် အောက်ပါလင်ခ့်ကို သွားရောက်၍ လိပ်စာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါသည်။

>> US လိပ်စာတစ်ခုရယူရန်

အောက်ပါအတိုင်း ရရှိလာသော လိပ်စာကို ဖြည့်သွင်းပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
US Store သို့  အောင်မြင်စွာ ပြောင်းလဲသွားပါပြီ..


ကျွန်တော်လိုချင်နေတဲ့ "Kindle" ကို ကျွန်တော့် Apple ID တစ်ခုထဲနှင့် လွယ်ကူအောင်မြင်စွာ download လုပ်လို့  ရပါပြီ..



လိပ်စာပြောင်းလဲသွားကြောင်း Apple မှ သင်၏ Mail ထဲသို့  စာပို့ လာပါလိမ့်မည်။ အထက်ပါ နည်းလမ်းဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Apple iTunes Store မှ အားလုံးကို Download ရယူနိုင်ပါမည်။

iOS အနိမ့်အတွက် ဇော်ဂျီဖောင့် အဟောင်းလေးများ

iPhone 3G အတွက် အမြင့်ဆုံး iOS မှာ iOS 4.2.1 ဖြစ်ပြီး ထပ်မံ၍လည်း Update လုပ်လို့ မရနိုင်တော့ဘူး ဆိုတာ အားလုံးသိထားကြပြီး ဖြစ်ပါလိမ့်မယ်။
ဤကဲ့သို့ သော အခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် Restore / Jailbreak ပြန်လုပ်ပြီးနောက် မြန်မာဖောင့် ပြန်လည် သွင်းယူရန် Cydia Source တွင် iOS အနိမ့် ဇော်ဂျီဖောင့်များအား ဖယ်ရှားရှင်းလင်းပြီး update လုပ်ထားခြင်းကြောင့် ယခင်လို တိုက်ရိုက် လွယ်ကူစွာ မသွင်းယူနိုင်တော့ပါဘူး။

ဒီအတွက် လိုအပ်သော ဇော်ဂျီနှင့် ပက်သက်၍ ကိုစေတန် စုစည်းဖေယ်ပြထားသော (.deb) file များကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

>> unicode-font.deb
>> unicode-keyboard.deb
>> wootylab-mmkeyboard_1.0-2_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-font-iOS-Uninstaller.deb
>> zawgyi-font-iOS.deb
>> zawgyi-font-old.deb
>> zawgyi-font.deb
>> zawgyi-iOS43-font.deb
>> zawgyi-iPadkeyboard.deb
>> zawgyi-iPhone43kb.deb
>> zawgyi-keyboard-4.1.deb
>> zawgyi-keyboard.deb
>> zawgyiiPadkeyboard.deb

Update:deb for iOS 5.1


>> wootylab-mmkeyboard_1.1-1_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-iOS43-font.deb

Credit to : Saturngod

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။


၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။


၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။


၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ)


၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။





နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။


၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။


၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။



၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။


နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...

*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။


Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။


Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။


  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။



Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

>> Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Credit to : Apple

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။

Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication" option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။

"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။

"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..


အကယ်၍ သင့်မှာ Apple ID တစ်ခုရှိနေပြီး "Rescue Mail" မထည့်သွင်းရသေးဘူး ဆိုရင်တော့ အမြန်ဆုံးသာ ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...


>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<

၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။


၂) "Manage your Apple ID" ကိုနှိပ်ပါ။

၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။


၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။


  • ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏ information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု email ပေးပို့ပါ။
  • တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။


၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။


၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။ (Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။


၇) သင်၏ Email ကို Rescue Mail အဖြစ် Verify ဖြစ်သွားကြောင်းတွေ့ရပါမည်။



Apple ID နှင့် Password Reset / Recovery လုပ်နည်းကို အောက်ပါနေရာတွင် ဖတ်ရှုနိုင်ပါသည်..

>> Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း




Credit to : Apple / မိုးသိကြား

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews