Blogger Widgets
Showing posts with label Myanmar Font. Show all posts
Showing posts with label Myanmar Font. Show all posts

Friday, June 27, 2014

Root မလို မြန်မာစာ ( By - Kyaw Ko Ko )



 
ကျွန်တော်အရင်ထုတ်မယ်ဆိုတဲ့ Root မလိုတဲ့ မြန်မာဖောင့်ပါ အရင်က မဖြစ်နိုင်ဘူး လှောင်တာပြောင်တာခံရပါသေးတယ် အရင်က apk နဲ့ ထုတ်မလို့ ကျွန်တော်ပညာ အားနည်းလို့ မထုတ်နိုင်တော့ပါ ရနေတာကြာပါပြီ အမြင်ကတ်လို့ မတင်တာပါ အခုတော့ တင်ပေးလိုက်ပါပြီ ကြိုက်ရင်ဒေါင်းပါ မကြိုက်ရင် ကျော်သွားပါ ဒါပါဘဲ ခဗျားတို့ အဆင်ပြေရင် ပျော်ပါတယ် အဆင်မပြောတာရှိလဲပြောကြပေါ့ မူရင်းလင့်ကနေရှယ်ပေးပါ ဘယ်လောက်ဒေါင်းလဲသိချင်လို့ ပါ အလုံးတိုင်းမရရင်တော့မဆဲနဲ့ ပေါ့ မရတဲ့ အလုံးတွေရဲ့ model, build number နဲ့ android version တော့ ပြန်ပြောခဲ့ ကြပါ update လုပ်နိုင်အောင် လို့ ပါ ကျေးဇူးတင်ပါတယ်

Download Link :

https://www.mediafire.com/?2tcivlmv9ue4y52

 

Credit to - Kyaw Ko Ko

Monday, May 12, 2014

iOS Zawgyi Profile offline

 
သိပြီးသူတွေလဲသိပြီးကြမှာပါ ကျနော်တင်တာတောင် တော်တော်လေး နောက်ကျသွားပြီထင်တယ်... :) iOS 7.1 ကနေစပြီး Zawgyi Profile မရတော့တဲ့အတွက် ဖျက်လိုက် ပြန်သွင်းလိုက် လုပ်နေရပါတယ်... အဲ့လိုလုပ်တာမှာ Internet Connection ရှိနေရင် (ကောင်းနေရင်) တော့အကြောင်းမဟုတ်ဘူးပေါ့... ကိုယ်ကလဲ ရတဲ့ Turtle Internet Connection လေးနဲ့ သုံးလို့ ရတဲ့အဖြစ်... :P  Viber ပေါ်မှာ ချစ်ချစ်လေး နဲ့ ကြူ ဖို့ ကလဲချိန်းထားတယ်... ခက်တာက Background Auto Refresh ဖြစ်သွားတာတို့ ဒါမှမဟုတ် Background က Apps တွေကို ပိတ်မိတာတို့ နဲ့ ကြုံရင် Zawgyi font profile ကဖျက်ပြီးပြန်သွင်းရပါတယ်... အဲ့လိုအကြောင်းတွေနဲ့ ကြုံလာ ရင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ထားတဲ့ Link ပျောက်သွားတာတို့  တစ်ခုခုပေါ့ဗျာ ... အဲ့လိုဆိုရင် သွားပြီဗျာ ချစ်ချစ်က မြန်မာလိုပြော... ဒီမှာက လေးထောင့်တွေပေါ် နဲ့ တိုင်ပတ်ပြီပေါ့ဗျာ.... Myanglish နဲ့ ပြောလို့ ပြောရင်လဲ ကိုင်တဲ့ဖုန်းက iPhone ဆိုပြီး မြန်မာစာလေးတောင် မပေါ်ဘူးလားပြောခံရဦးမယ်... အဲ့ပြဿနာတွေ ရှင်းဖို့ အတွက် Developer Hein Thet Khin Zaw က ရေးထားတဲ့ MyFont - Myanmar Font ဆိုတဲ့ App လေးကို  App Store ကနေ အခမဲ့ရယူနိုင်ပါပြီ... အဲ့ကောင်လေးသွင်းထားရင် အင်တာနက် လဲရှိနေစရာလိုပါဘူးခင်ဗျာ.. အင်တာနက်မမိတဲ့နေရာမျိုး သွားရင် ချစ်ချစ်နဲ့ အပြန်အလှန်ပြောထားတဲ့ Message လေးတွေ ပြန်ဖတ်ချင်လို့  Profile ဖျက်ပြီး ပြန်သွင်းတဲ့အချိန်ကျရင် ဒီကောင်လေး သွင်းထားတော့အဆင်ပြေတာပေါ့ဗျာ... ကဲ စကားတောင်ရှည်သွားပြီ.... အားလုံးပဲ အဆင်ပြေကြပါစေဗျာ... လင်ကတော့ အောက်ကလင့်ပါခင်ဗျာ...
https://itunes.apple.com/sg/app/myfont-myanmar-font/id855256130?mt=8
အခုလို အစစအရာရာ အဆင်ပြေအောင်လုပ်ပေးထားတဲ့ Developer Hein Thet Khin Zaw ကိုလဲဒီနေရာလေးက နေ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ... :)

Sunday, March 23, 2014

iOS 7.1 is not working with Zawgyi Profile

iOS 7.1 ကို updae လုပ်ပြီး နောက်ပိုင်း Zawgyi Profile ထည့်ထားပေမယ့် မမြင်ရတော့ပါဘူး ။

အခုချိန်ထိတော့ fixed ရှာမတွေ့ သေးပါဘူး ။ ဖြစ်နိုင်တာကတော့ Apple ရဲ့  bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်.။

ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ရှိပါတယ်.။

၁။ Multi Task မှာ Run နေတဲ့ App တွေအားလုံးကို ပိတ်လိုက်ပါ.။

၂။ Setting > General > Profiles အောက်ကိုသွားပြီးတော့ သွင်းထားတဲ့ Zawgyi or Unicode Font Profile ကိုဖျက်လိုက်ပါ.။

၃။ Font ပေါ်ချင်တဲ့ (မြင်ချင်တဲ့)  Application တွေကို ဖွင့်ထားပေးပါ..။ (Safari ကတော့ အရင်အတိုင်းပဲ ပေါ်မှာမဟုတ်ပါဘူး ...။ Safari မှာ ပေါ်အောင်လုပ်နည်းကိုနောက်မှသပ်သပ်တင်ပေးပါ့မယ်ခင်ဗျာ)

၎။ Font Profile ကိုပြန်သွင်းပါ...။ ဘယ်ကသွားရမှန်းမသိရင် ဒီလင့်ကို Click ပါ ..။ ပြီးရင် Download ကို နှိပ်ပြီး Install လုပ်ဖို့ ပေါ်လာရင် Install Now ကိုနှိပ်ပြီး သွင်းလိုက်ပါ.။

၅။ Multi Tasking မှာဖွင့်ထားတဲ့ App တွေမှာ ပြန်သွားကြည့်ရင် မြန်မာ လိုမြင်နေရပါပြီ...။

ဒါပေမယ့် ဖုန်းကို Restart လုပ်လိုက်တာ ဒါမှမဟုတ်ရင် Multi Task ကနေ ပိတ်လိုက်ရင်ဖြစ်စေ .ပြန်မမြင်ရတော့ပါဘူး..။ အဲ့ကျရင် အထက်ကနည်းအတိုင်း မြင်ချင်တဲ့အချိန်မှာ ပြန်လုပ်ပေးရပါတယ်...။ တစ်ခုရှိတာ Viber လို Muti Task ကို auto update လုပ်နေတဲ့ App မျိုးဆိုရင်တော့ ကိုယ်က Multi Task ကနေ မပိတ်လဲသူက auto Font ပျောက်ပျောက်သွားတတ်ပါတယ်...။ ဒီနည်းက ဇော်ဂျီ ဖြစ်ဖြစ် ယူနီကုဒ် ဖြစ်ဖြစ် မထူးခြားပါဘူးခင်ဗျာ..။

Sunday, December 8, 2013

iOS အနိမ့်အတွက် ဇော်ဂျီဖောင့် အဟောင်းလေးများ

iPhone 3G အတွက် အမြင့်ဆုံး iOS မှာ iOS 4.2.1 ဖြစ်ပြီး ထပ်မံ၍လည်း Update လုပ်လို့ မရနိုင်တော့ဘူး ဆိုတာ အားလုံးသိထားကြပြီး ဖြစ်ပါလိမ့်မယ်။
ဤကဲ့သို့ သော အခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် Restore / Jailbreak ပြန်လုပ်ပြီးနောက် မြန်မာဖောင့် ပြန်လည် သွင်းယူရန် Cydia Source တွင် iOS အနိမ့် ဇော်ဂျီဖောင့်များအား ဖယ်ရှားရှင်းလင်းပြီး update လုပ်ထားခြင်းကြောင့် ယခင်လို တိုက်ရိုက် လွယ်ကူစွာ မသွင်းယူနိုင်တော့ပါဘူး။

ဒီအတွက် လိုအပ်သော ဇော်ဂျီနှင့် ပက်သက်၍ ကိုစေတန် စုစည်းဖေယ်ပြထားသော (.deb) file များကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

>> unicode-font.deb
>> unicode-keyboard.deb
>> wootylab-mmkeyboard_1.0-2_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-font-iOS-Uninstaller.deb
>> zawgyi-font-iOS.deb
>> zawgyi-font-old.deb
>> zawgyi-font.deb
>> zawgyi-iOS43-font.deb
>> zawgyi-iPadkeyboard.deb
>> zawgyi-iPhone43kb.deb
>> zawgyi-keyboard-4.1.deb
>> zawgyi-keyboard.deb
>> zawgyiiPadkeyboard.deb

Update:deb for iOS 5.1


>> wootylab-mmkeyboard_1.1-1_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-iOS43-font.deb

Credit to : Saturngod

Monday, November 4, 2013

Zawgyi for iOS 7 & Later (No Jailbreak)


အခုစာမျက်နှာကို iOS 7 & above (eg. 7.0.1, 7.0.2, 7.0.3) ကနေ Safari ကိုသုံးပြီးဝင်လိုက်ပါ...။

ပြီးရင် http://d.pr/f/M8Es+  ကို click လုပ်လိုက်ပါ...။

ပြီးရင် ခနစောင့်ပေးပါ ပြီးရင် အောက်ပုံလိုပေါ်လာရင် Install ဆိုတာကိုနှိပ်ပေးလိုက်ပါ....။


 


Install ပြီးရင်တော့ Done ဆိုပြီးပေါ်လာပါမယ်... Done ကိုနှိပ်လိုက်ပါ... ကဲ ဘော်ဒါတို့ ရဲ့ iPhone iOS 7 & above ရဲ့ ဘယ်နေရာမှာမဆို Zawgyi-One နဲ့ ရေးထားတဲ့ Myanmar Font တွေ မြင်ရပါပြီ... FB ကို မြန်မာလိုမမြင်ရလို့ FB app မသုံးပဲ Mogok တို့ လို Myanmar Browser တွေလဲသုံးစရာမလိုတော့ ဘူးပေါ့ဗျာ... :)  FB ကို FB app နဲ့ သုံးတာက ပိုပြီး အဆင်ပြေမြန်ဆန်ပါတယ်...။ :)

mobileconfig file ရေးပေးတဲ့ သန့် သက် ကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ...။

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews