Blogger Widgets

Sunday, December 8, 2013

iOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော "Background App Refresh" ကို "Disable" လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက "Disable" လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။


AirDrop ကို အသုံးမပြုသည့်အခါ "Off" ထားပါ။


"Automatic downloads" ကို "Off" ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။


"Brightness" ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ "Auto Brightness" On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။


"Notification Center" မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် "On" ထားပါ။


Mail setting ရှိ "Fetch New Data" တွင် "Push" ကို "Disable" လုပ်ထားပါ။


"Location Services" ကို မလိုအပ်ပါက "Off" ထားပါ။


iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> "Reduce Motion" ကို "Enable" လုပ်ပါ။


iOS 7 ရဲ့ Wallpaper မှာ "Dynamic" နဲ့ "Stills" ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။


Siri ၏ setting ရှိ "Raise to Speak" ကို "Disable" လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။


"Spotlight Search" တွင် ရှာဖွေရန် မလိုအပ်သည်များကို "Off" လုပ်ထားပေးပါ။


Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် "Vibrations" ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။

Cellular Data setting ရှိ "LTE" ကို "Off" ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။


General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။


"Limit Ad Tracking" ကို "Enable" လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable


အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။ 
 
Credit to - မိုးသိကြား

YouTube Capture App

ယခုနောက်ပိုင်း Facebook ပေါ်မှာ မိမိ ဝါသနာပါရာ အကြောင်းအရာလေးများကို (ဥပမာ သီချင်းဆိုပြ၊ ရယ်စရာလေးတွေလုပ်ပြခြင်းနှင့် တစ်ခုခုကို သင်ပေးခြင်း) အစရှိသည်ဖြင့် Video post လေးတွေလုပ်ပြီး တင်လာတာက တော်တော်လေးကို ခေတ်စားလာနေပါတယ်။

များသောအားဖြင့်တော့ Mobile Camera လေးများနှင့် ရိုက်ယူကြပါတယ်၊ အဲဒီလို သူငယ်ချင်းတွေ အတွက် ကမ္ဘာပေါ်မှာ အကြော်ကြားဆုံး Video sharing site တစ်ခုဖြစ်တဲ့ YouTube ကနေပြီး Video တွေကို လွယ်လွယ်ကူကူ Upload လုပ်နိုင်အောင် App တစ်ခုကို ထုတ်ပေးထားပါတယ်...

"Capture" လို့ အမည်ပေးထားတဲ့ YouTube ရဲ့ App က ဗီဒီယိုများကို Pause, Resume ပုံစံနဲ့ ရိုက်ကူးနိုင်သလို ရိုက်ကူးပြီးသား Video clips များကို အကန့်အသတ်မရှိ Timeline တွင် ထည့်သွင်းပြီး (ဖြတ်ညှပ်)Trim လုပ်ခြင်း၊ အရှေ့အနောက် (Rearrange) လုပ်နိုင်ခြင်းတို့အပြင် မိမိ၏ Music Library ထဲတွင် ရှိသော သီချင်းများကို နောက်ခံတေးဂီတ (PlayBack) အနေနှင့်ပါ ထည့်သွင်းနိုင်ပြီး "YouTube" မှာ တိုက်ရိုက် Upload လုပ်နိုင်ပါလိမ့်မယ်..





အဲဒီနောက် မိမိနှစ်သက်ရာ Social Network မှာ မျှဝေလို့ ရပါပြီ...
>> iOS အတွက် App Store မှာ "FREE" ရယူနိုင်ပါပြီ..
>> အောက်က QR code လေးကို Scan လုပ်ပြီး Free Download လုပ်နိုင်ပါပြီ..

Credit to : YouTube 

Cydia Crash အတွက် ဖြေရှင်းနည်း


ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...

Download Software

>> Download iExplorer 3.2.3.3
>> Download iFunBox 2.6

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)



အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

Credit to - မိုးသိကြား

Wednesday, December 4, 2013

ညောင်ရွက်ဖြင့် ဖုန်းဘတ်ထရီကို အားသွင်းနိုင်


သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ဖုန်းဘတ်ထရီ များကို ညောင်ရွက်ဖြင့်  အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ ယုံကြည်တဲ့သူတွေဟာ အလွန်နည်းပါတယ်။ ဒါကြောင့် လူတွေ အမှန်တကယ် အသုံးပြုနိုင်အောင် အောက်ပါ အတိုင်း ညွှန်ပြထား ပါတယ်။
 
၁။ ဖုန်းကာဗာကို ဖွင့်လိုက်ပါ။
၂။ ဖုန်းဘတ်ထရီကို ယူပါ။
၃။ စိမ်းစိုနေသော ညောင်ရွက်နှစ်ရွက်ကို ယူလိုက်ပါ။
၎။ ညောင်ရွက်၏ အရိုးကို ဘတ်ထရီ၏ ထိပ်သို့ ပုံမှာ ပြထားသည့် အတိုင်း မီးနစ် အနည်းငယ် ထိုးလိုက်ပါ။
၅။ အဝတ်သန့်သန့်ဖြင့် ဘတ်ထရီကို သန့်ရှင်းရေး လုပ်ပါ။
၆။ ဘတ်ထရီကို ဖုန်းထဲသို့ ပြန်ထည့်လိုက်ပါ။
၇။ ထို့နောက် ဖုန်းကို ဖွင့်ပါ။
၈။ ထိုအခါ ဖုန်းအားများ ရရှိလာပါလိမ့်မယ်။

ဖုန်းအားသွင်းဖို့ အခက်အခဲ ဖြစ်သော တောတောင်ထဲမှာ ဖုန်းဘတ္ထရီ မရှိပါက အထက်ပါ ဖော်ပြပါ အတိုင်း ပြုလုပ်ပါက မိမိ၏ ဖုန်းအားကို ပြည့်လာစေပါလိမ့်မယ်။
သို့သော် ညောင်ရွက်ကလွဲပြီး အခြားအရွက်များဖြင့် အသုံးပြုလို့ မရနိုင်ပါဘူး။
ရုက္ခဗေဒ ပညာရှင်တွေရဲ့ အဆိုအရ သစ်ပင်တွေမှာ ရှိတဲ့ စွမ်းအင်တွေနဲ့ လျှပ်စစ် စွမ်းအင်တွေဟာ တစ်ခုနှင့် တစ်ခု ပြန်အလှန် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 

Sunday, November 10, 2013

facebook နှင့် ဆိုင်သောကျူတိုရီယယ် များ စုစည်းမှု ( pdf file )

facebook နှင့် ပက်သက်သော ကျူတိုရီယယ် များ စုစည်းမှု ...ဘလော့ ကာအူးးးးးအူးးးတွေရေးထားတဲ့ 
ကောင်းနိုးရာရာလေးတွေကိုတစ်နေရာတည်းကနေအဆင်ပြေပြေဖတ်နိုင်အောင်စုစည်းပေးထားတာပါခင်ဗျာ။
အထဲမှာ ပိုစ် ပေါင်း (၁၆ ) ခုကိုစုည်းထားပေးပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကတော့  ( 3MB ) ပဲရှိပါတယ်။ကဲတစ်နေရာတည်းကနေ ဒီအကြောင်းအရာတွေကို လွယ်လွယ်ကူကူဖတ်နိုင်ပါပြီ။
Facebook မှာ သိထားသင့် တဲ့ အကောင့်  security အကြောင်းများ
facebook မှာ password မေ့ သွားတာကိုပြန်ယူမယ်
facebook မှာ report တင်နည်း
facebook မှာ လော့ ကျသွားတဲ အကောင့် များ ကိုပြန်ယူနည်း
facebook မှာ 3 trusfriend ဖြင့်  မိမိတို့ အကောင့် ကို ပြန်လည်ရယူခြင်း။
facebook မှာ လော့ မှန်သမျှ အကုန်ရ ဥုံဖွ နည်းလမ်းကောင်း။
facebook မှာ hack ခံရသောအကောင့် အားပြန်ယူနည်း။
facebook မှာ email password ချိန်းပြီး hack သွားသောအကောင့် ကိုပြန်ယူနည်း။
facebook မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စာလုံးလှလှလေးတွေနဲ့ ချက်မယ်။
faceboo မှာ teamviewer ကဲ့ သို့ သော app ကိုအသုံးပြုနည်း။
facebook မှာ အီးမေးထဲသို့  notification မဝင်အောင်ပိတ်နည်း။
facebook မှာ chatting box ထဲက စာလုံးလှလှလေးများအကြောင်း
facebook မှာ မိမိနှစ်သက်သော style အသစ်အဆန်း ထွင်သုံးခြင်း
facebook မှာ website down သွားသည့် အခါ ပိုစ် တင်နည်း။
facebook မှာ Message တွေကို scrip သွင်းပြီးဖျက်နည်း။

Download - zippyshare  mediafire ziddu

မိမိဖုန်း ရဲ့ Screen ကို Video ပြန်ရိုက်ဖို့ Z Screen Recorder Pro Apk v1.0.12



Android အသုံးပြု့တဲ့ မိမိရဲ့ဖုန်းကို Video ပြန်ရိုက်ချင်တဲ့လူတွေအတွက် PRO version လေးပါ


Android အတွက် tutorial လုပ်ချင်တဲ့လူတွေအတွက် အရမ်းအဆင်ပြေစေမှာပါ


မိမိ ဖုန်းမှာတော့ Root လုပ်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။


Google Play မှာတော့ 1.34 $ ပေးရပါတယ် ကျနော် ဆီမှာတော့ အလကားဒေါင်းသွားပါ...။

 

Monday, November 4, 2013

Zawgyi for iOS 7 & Later (No Jailbreak)


အခုစာမျက်နှာကို iOS 7 & above (eg. 7.0.1, 7.0.2, 7.0.3) ကနေ Safari ကိုသုံးပြီးဝင်လိုက်ပါ...။

ပြီးရင် http://d.pr/f/M8Es+  ကို click လုပ်လိုက်ပါ...။

ပြီးရင် ခနစောင့်ပေးပါ ပြီးရင် အောက်ပုံလိုပေါ်လာရင် Install ဆိုတာကိုနှိပ်ပေးလိုက်ပါ....။


 


Install ပြီးရင်တော့ Done ဆိုပြီးပေါ်လာပါမယ်... Done ကိုနှိပ်လိုက်ပါ... ကဲ ဘော်ဒါတို့ ရဲ့ iPhone iOS 7 & above ရဲ့ ဘယ်နေရာမှာမဆို Zawgyi-One နဲ့ ရေးထားတဲ့ Myanmar Font တွေ မြင်ရပါပြီ... FB ကို မြန်မာလိုမမြင်ရလို့ FB app မသုံးပဲ Mogok တို့ လို Myanmar Browser တွေလဲသုံးစရာမလိုတော့ ဘူးပေါ့ဗျာ... :)  FB ကို FB app နဲ့ သုံးတာက ပိုပြီး အဆင်ပြေမြန်ဆန်ပါတယ်...။ :)

mobileconfig file ရေးပေးတဲ့ သန့် သက် ကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ...။

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews