Blogger Widgets

Friday, November 23, 2012

"The command prompt has been disabled by your administrator" Error ဖြေရှင်းနည်း

 
 
 ပထမဆုံး ဒီအောက်က အနီရောင်နဲ့ Command ကို Copy ကူးပါ  Start > Run မှာ ထည့်ပေးပြီး Enter ခေါက်ပါ...
  REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f

 ဒုတိယနည်းကတော့ 
Start > Run မှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ .. အောက်ကလမ်းကြောင်းအတိုင်း ရောက်အောင်သွားပြီး
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
 System က ညာဘက် Panel မှာ DisbleCMD ကို Double Click ပြီး တန်ဖိုးကို (၀) ပြောင်းပေးလိုက်ပါ..။

တတိယနည်းကတော့  Group Policy Editor  ကနေတဆင့်ပြင်ပေးရမှာပါ...  Star > Run  မှာ  gpedit.msc  ရေးထည့်ပေးပြီး Enter ခေါက်ပါ... Group Policy Editor box တတ်လာရင် အောက်ကလမ်းကြောင်းအတိုင်းတစ်ဆင့်ချင်းသွားပါ...

User Configuration \ Administrative Templates \ System

  Prevent access to the command prompt စာကြောင်းကိုရှာပါ တွေ့ရင်  Double-click  ပြီး Disable ဖြစ်နေရင် Not Configured ကိုပြောင်းပေးပြီး OK ပေးလိုက်ပါ...။
နောက်ဆုံးအဆင်မပြေသေးဘူးဆိုရင် ဒီအောက် ဖိုင်လ်လေး ဒေါင်းယူပြီး Right Click နဲ့ Install ပေးလိုက်ပါ...
 
အဆင်ပြေပါစေ....
 

Windows explorer has stopped working ဖြေရှင်းနည်း





အခုတင်မယ့် ပို့ စ်လေးကတော့ ကျနော်တို့ ကွန်ပျူတာ ကိုနေ့ စဉ်သုံးနေတဲ့ လူတိုင်းကြုံဖူးကြမယ် လို့ ထင်ပါတယ်ခင်ဗျာ.။ အဲ့လိုဖြစ်ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အောက်မှာဆက်ကြည့်လိုက် ရအောင်..

Start >> Run ကိုခေါ်ပြီး regedit ရေးထည့် Enter ခေါက်လိုက်ပါ ..

 Registry Editor Box တတ်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားပါ..

 HKEY_LOCAL_MACHINE\Softwares\microsoft\windows\current version\explorer\browser Helper Objects 

 Browser Helper Objects ဆိုတဲ့စာသားပေါ်ကို Right Click ထောက်ပြီး Delete လုပ်ပေးလိုက်ပါ ...







Yes ကို နှိပ်ပေးပြီး Registry Editor ကိုပိတ်ကာ ကွန်ပြူတာကို Restart ချပေးလိုက်ပါ...။
--------------------------------------------------------------------------------------------------------
ဒါတွေကတော့ အဲ့ဒီနည်းအပေါ်ကနည်းအတိုင်းအဆင်မပြေသေးရင် နောက်တစ်နည်း နဲ့ ဖြေရှင်း လို့ ရပါသေးတယ်.။ ဒီနည်းကတော့ ကျနော် Googling လုပ်ထားတဲ့နည်းလေးပါ..။ မူရင်းအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ.။
Solutions For “Windows Explorer Has Stopped Working” Error:
Option 1. Run CHKDSK
Go to the Start button.
In the Search box, type “cmd” (without quotes) and press Enter.
At the command prompt, type “chkdsk /r /f” (without quotes) and press Enter.
Reboot your computer.
NOTE: You might receive an error message that states
Go to the Start button.
Go to “All Programs > Accessories” and right click on “Command Prompt”.
Select “Run as Administrator”.
In the Search box, type “cmd” (without quotes) and press Enter.
At the command prompt, type “chkdsk /r /f” (without quotes) and press Enter.
Reboot your computer.

Option 2. Tweak IE Options
Open Internet Explorer.
Go to “Tools > Internet Options > Advanced Tab”.
Uncheck “Enable third-party browser extensions”.
Click “Apply”.
Reboot your computer.
Option 3. Machine Throttling

Go to the Start button.
In the Search box, type “regedit” (without quotes) and press Enter.
Look for the following registry key: “HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\ SQMClient\Windows\DisabledSessions”.
On the right window pane, delete the subkey: “Machine Throttling”.
Reboot your computer.
အားလုံး အဆင်ပြေကြပါစေ....

(MSE Offline ပြုလုပ်နည်း) Microsoft Security Essentials (MSE) Offline Update




အင်တာနက်အခတ်အခဲကြောင့် Microsoft Security Essentials (MSE) ကို Online Update မလုပ်နိုင်တဲ့ သူငယ်ချင်းများ Offline အနေနဲ့ Update လုပ်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....
ပထမဆုံး မိမိသုံးနေတဲ့ Operating System က 32bit လား 64bit လားဆိုတာ သိထားရပါ့မယ် .... Win + Pause/Break ကို တွဲနှိပ်လိုက်ရင် သိနိုင်ပါတယ်... အောက်မှာ 32bit ဆိုရင် 32bit ကိုဒေါင်းယူပါ... 64bit ဆိုရင် 64bit ကို ဒေါင်းယူပါ...။ ကျနော့်ဆိုဒ်ရဲ့ ဘေးမှာလဲ တင်ပေးထားပါတယ်..။
ဒေါင်းယူပြီးရင် mpam-fe ဆိုတဲ့ exe ဖိုင်လ်လေးရလာမှာပါ အဲ့ဒီဖိုင်လ်လေးကို Desktop မှာတင်ပြီး Right Click  -> Run as administrator  နဲ့ Run ပေးလိုက်ပါ ...
 ပြီးသွားရင် MSE ကိုဖွင့် Update ကို နှိပ်ပြီး Offline Update လုပ်နိုင်ပါပြီ.....
အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်...
အဆင်မပြေသေးရင်  ဒီနည်းအတိုင်း  Offline Update လုပ်ပေးနိုင်ပါသေးတယ်...။

မြန်မာ Programmer တစ်ဦးရေးသားတဲ့ MSE Offline Updater Software ပါ။


Microsoft Security Essential ကို နှစ်သက်သူများအတွက် အဆင်ပြေစေမယ့် ကျနော့်ရဲ့ဆရာ တစ်ယောက်ရေးသားထား MSE Offline Update ရယူတဲ့ Software လေးတစ်ခု တင်ပေးလိုက်ပါတယ်။ MSE တင်ထားပြီး အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာဟာ Auto Update ဖြစ်တာမို့ MSE ကို သီးသန့် Update လုပ်စရာမလိုတာကို အားလုံးသိပါတယ်။ ဒီ Software လေးက အဲဒီလိုမျိုး Up to date ဖြစ်နေတဲ့ MSE ရဲ့ Update ကို zip file အနေနဲ့ ဆွဲထုတ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် Offline Update ကို သက်သက် download ဆွဲစရာမလိုတော့ပါဘူး။ နောက်ပြီး ရလာတဲ့ update zip file နဲ့ ဒီ software ကို အသုံးပြုပြီး MSE out of date ဖြစ်နေတဲ့ ကွန်ပျူတာမှာ offline update ပြုလုပ်နိုင်ပါတယ်။ အခုမှ version 1.0 အနေနဲ့ အခမဲ့ဖြန့်ချိတာမို့ လိုအပ်တာများ၊ အဆင်မပြေတာများရှိရင်တော့ Comments များရေးသားထားခဲ့နိုင်ပါတယ်ခင်ဗျာ။

Download Here ===>  4shared Mediafire

Window 7 မှာ Time Zone တွေ ချိန်ညှိမရခဲ့ရင်

အခုကျနော်တင်တဲ့ ပို့ စ်ကကျနော် ကိုယ်တိုင်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဟိုသွားဒီသွား ဟိုရှာဒီရှာ နဲ့ တွေ့ လာတာလေးပါ စာဖတ်သူတွေ လဲ အဲ့လိုဖြစ်ခဲ့ရင် ပြင်လို့ ရအောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ.။ ကျနော် ဖတ်လာတဲ့အတိုင်း ပြန်ကူးပြတာဖြစ်လို့ မူရင်းပိုင်ရှင် တင်ထားတဲ့ အတိုင်းပဲ ပြန်ဖော်ပြပေး လိုက်ပါတယ်ခင်ဗျာ.။ 

ကျနော်သုံးနေတာ window7 ပါ။ကျနော်လည်းတက်သလောက် မှတ်သလောက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပါသေးတယ်။
မရဘူး။ သူငယ်ချင်း ၃ ယောက်လောက် ကိုပြောင်းပီး အကူအညီ တောင်းကြည့်တယ် Teamviewer နဲ့ ပါချိတ်ပြီး ပြင်ကြည့်တယ် လုပ်ပေးတယ် မရဘူး။  Google မှာ ဗြောင်းဆန်နေအောင် ရှာတယ် အဆင်မပြေဘူး။
ဒါနဲ့ နောက်ဆုံး အမြဲတမ်းအလုပ်ရှုတ်နေတတ်တဲ့ အကိုကြီး ကိုဝင်း (ဝင်းကမ္ဘာကျော်)  ကို သွားမေးတော့" ညီလေး ဒါလေးဖတ်ကြည့်ပြီး တော့ .reg ဖိုင်လေးကို run လိုက်" လို့ပြောတယ်။သူပြောတာနဲ့ အဲဒီမှာ အဆင်ပြေသွားပါတယ်။

ကျနော့်အတွေ့အကြုံလေးတွေကိုအောက်မှာပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။
နားလည်ကြမယ်လိမ့်လို့မျှော်လင့်ပါတယ်ခင်မျာ .....

၁) အောက်ကပြထားတဲ့နာရီကမမှန်တော့ပါဘူး။အဲ့ဒါကို မှန်အောင်ပြန်တိုက်ချင်တာပါ။
အခုပြထားတဲ့ နာရီပေါ်မှာ right click နှိပ်လိုက်ပါ Adjust time/date ဆိုတာလေးကိုနှိပ်လိုက်ပါ။



၂။အောက်ကပုံ အတိုင်းပေါ်နေရပါမယ်။ ဒါပေမယ့်ကျနော့် စက်မှာကတော့ ဒီလိုမဟုတ်ပါဘူး။


၃။ဒီအောက်က ပုံအတိုင်းဖြစ်နေပါတယ်။ ဘာမှကိုလုပ်လို့မရဘူး reset တောင်လုပ်လို့မရဘူး....


အချိန် ရက် လ တွေပြောင်းလို့ရခဲ့ရင်တောင်  OK ကို နှိပ်လို့မပြန်ပါဘူး....

၎။နောက်ဆုံး cmd မှာ Comment ရိုက်ပြီး ပြင်ကြည့်တာတောင်မရပါဘူး...

Link လေးတခုပေးတယ် အောက်မှာရှင်းထားတယ်နော် 
1. အောက်မှာပေးထားတဲ့ ဒေါင်းလုပ် ဆိုတာကို ကလစ်ပြီးတော့ .reg ဖိုင်လေးကိုဒေါင်းလိုက်ပါ 
Restore_All_Windows_7_Default_Time_Zones.reg
download
2.  .reg  ဖိုင်လေးကို  desktop ပေါ်မှာ save လိုက်ပါ။

3. အပေါ်ကရလာတဲ့.reg ဖိုင်လေး ကို right click နှိပ်ပြီး Merge ဆိုတာလေးကိုရွေးပါ..

4.  Merge  ကို click နှိပ်ပြီး run လိုက်ပါ ပြီးတော့ Yes (UAC), Yes, ပြီးတော့ OK နှိပ်လိုက်ပါ

5.  OK နှိပ်တာဟာ နောက်ဆုံးအဆင့်ပါ အဲဒါလေးပြီးသွားရင် ကွန်ပြူတာကို Restart (သို့) log off  နဲ့ဖြစ်ဖြစ် ပိတ်လိုက်ပါ ။ျWindow ပြန်ပွင့်လာရင် အားလုံး အဆင်ပြေသွားပါပြီ။

6. နောက်ဆုံးကတော့ .reg ဖိုင်လေးကို delete ပြစ်လိုက်ပါ။
Thanks to Shawn  and  ကိုဝင်း



 
 

Refer : ကိုလတ်(ကျွဲဆင်း)

Tuesday, November 20, 2012

နိုင်ငံတကာနဲ့ Online Dota ခုတ်ကြမယ်.။

  
 
 
ဒီတစ်ခါ ကျနော်တင်ပေးမှာကတော့ Online Dota ခုတ်လို့ ရမယ့်နည်းလေးပါ.။ Dota ခုတ်တဲ့ လူတွေ အတွက်ပါ.။ သိပြီးသားလူတွေလဲရှိမှာပါ.။ မသိသေးတဲ့လူတွေအတွက်ပါ.။ ကျနော်ပြောတဲ့ Online Dota ဆိုတာက YTP ကလုပ်ထားတာမဟုတ်ပါဘူး သူက Malaysia, Philipin, Singapore, Asia စသည်ဖြင့် အဲ့လိုနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးကစား ရမှာပါ.။ ကဲပြောနေကြာတယ်.စလိုက်ရအောင်..။ အရင်ဆုံး Online Dota ခုတ်ဖို့ Frozen Throne ကို Install သွင်းထားရပါမယ်.။ ပြီးရင် သူ့ version က 1.24e ဖြစ်ရပါမယ်.။ အကယ်လို့ ကိုယ်သုံးတာက ဘယ် version မှန်းမသိဘူး သိရင်လဲ နိမ့်နေတယ် မြင့်နေတယ် ဆိုရင် လဲ ကိစ္စမရှိပါဘူး.။ ကျနော် အောက်မှာ version လေးတင်ပေး ထားပါတယ်.။ version switcher ကို ဒီနေရာ ကနေ ယူလိုက်ပါ.။ ဒီကောင်လေးကို ဘယ်လို သုံးရလဲ ဆိုတော့ အောက်မှာကြည့်လိုက်ပါ.။

Warcraft Version Switcher Guide
1. Extract the zip file from above link.
2. Check the extracted folder and open "Wvs.exe"


3. A warning message will come out, click ok.


4. Set your Warcraft 3 Folder.


5. The application will be closed. Open "Wvs.exe" again.


6. Click Switch Version Button (first button).
7. Double Click the Warcraft 3 version you want to switch.
8. The Warcraft 3 version will be switched.
 
ကဲ အပေါ်က အဆင့်တွေပြီးရင်တော့ Warcraft III (Frozen Throne) ကို version 1.24e ပြောင်းလို့ ပြီးပါပြီ.။ အဲ့ဒါပြီးရင် Online နဲ့ ချိတ်ဖို့ Garena ဆိုတဲ့ Software ကို ဒေါင်းရပါမယ်.။ ဒီနေရာ ကနေယူလိုက်ပါ.။ ပြီးရင် သူ့ ဆိုဒ်မှာ Register လုပ်ရပါမယ်.။ Register ကို ဒီကနေ သွားလုပ်လိုက်ပါ.။ ပြီးရင် Install လုပ်လိုက်ပါ.။ Install လုပ်ပြီးရင် သူ့ ကို Login ၀င်ဖို့ ပေါ်လာပါမယ်..။ ခုနက Register လုပ်ထားတဲ့ အတိုင်း login ၀င်လိုက်ပါ.။ ပြီးရင် Lan ဆိုတဲ့ ကွန်ပျူတာ သုံးလုံးနဲ့ အပြာရောင် button လေးကို နှိပ်ပါ.။ ခနစောင့်ပေးပါ..။ ပြီးရင် နောက်ထပ် window တစ်ခုပေါ်လာပါမယ်.။ အဲ့ဒီမှာ Game ကိုရွေးပေးပါ.။ ပြီးရင် Warcraft III TFT ဆိုတာကို ရွေးပေးပြီး OK နှိပ်ပါ.။ ပြီးရင် ဘယ်ဘက်ခြမ်းမှာ ကိုယ်ကစားချင်တဲ့ နိုင်ငံရွေးပါ.။ ညာဘက် အကွက်ကျယ်ထဲမှာ ကိုယ်ရွေးထားတဲ့ နိုင်ငံပေါ်မူတည်ပြီး Room တွေရှိပါတယ် ကြိုက်တဲ့ Room ၀င်ကစားနိုင်ပါတယ်.။ တစ်ခုရှိတာ သူက free ဆိုပေမယ့် လူပြည့်နေရင် ခနခန ၀င်ပေးရပါတယ်..။ အဲ့လိုမဟုတ်ရင် Gold Member ၀င်ထားရပါတယ်။ တစ်ခန်းမရတစ်ခန်းပေါ့ဗျာ.။ အော်မေ့တော့မလို့ Room ကိုဝင်ပြီးရင် Start game ကိုနှိပ်ရင်သူက ကိုယ်သွားထားတဲ့ Warcraft III လမ်းကြောင်းတောင်းပါတယ်.။ ရွေးပေးလိုက်ပါ.။ ၁ခါလုပ်ပြီး ထပ်လုပ်စရာမလိုပါဘူးခင်ဗျာ.။ ပြီးရင်တော့ ပုံမှန် ကစားသလိုပဲ Local Area Network ကိုဝင်ပြီး ကိုယ်တိုင် server ထောင်မလား သူများထောင်ထားတာကို ၀င်ကစားမလား စိတ်ကြိုက်ကစားနိုင်ပါပြီ ခင်ဗျာ.။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ.။



Moblie phone ရဲ့ လျှိုဝှက်ချက် (၅)ခု















ဖုန်းကိုင်တဲ့သူတွေအတွက် ဗဟုတအဖြစ်တင်ပြလိုက်ပါသည်။ လျှိဝှက်ချက်တော့ မဟုတ်ပါဘူး ။ မသိသေးလို့ပါ။  ကျွန်တော်ကတော့ ဖုန်းအကြောင်း နားမလည်ဘူး။ ဒါပေ့မယ့်ဖုန်းရှိတဲ့ သူတွေအတွက် အသုံးလို လို့ လိုငြား ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ 

(၁) အရေးပေါ် ကွန်ရက်ရှာရန်

Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင်

 မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက် အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက်အသုံး ဝင်စေမယ့် အချက်တစ်ချက် ဖြစ်ပါတယ်.။

(၃) ကားသော့ကျန်ခဲ့ရင်

 အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါ တယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင်

 မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ် ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ
ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ်

 မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကိုဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ်သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue toothdevice တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ.။

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews