Blogger Widgets

Monday, November 19, 2012

Gtalk မှာ မိမိနားထောင်နေတဲ့သီချင်း ကိုပေါ်နေစေဖို့အတွက်


         
ဒါကတော့ သိတဲ့လူလဲ ရှိသလို မသိတဲ့လူလဲရှိတဲ့ အတွက် တင်ပေးလိုက်တာပါခင်ဗျာ.။ သိပြီးသားသူငယ်ချင်းများ လည်းရှိပါတယ်။ ကျွန်တော် က မသိသေးသူများ အတွက် ရည်ရွယ်ပြီးမျှဝေပေးလိုက်ရပါတယ်။ နည်းလမ်းကတော့လွယ်လွယ်လေးပါ။ 


http://api.ning.com/files/BFsnHVHTw8YuLpItPBocHC91Mvhe6nLr1G7HHktS2pRvsQpSutfgZm2BTlg6CzDNoj-w260aUuSipFmr-eCOGv80EmNp-d*d/WMplayer.jpg

Window Media Player နဲ့ မိမိနားထောင်ချင်တဲ့သီချင်းလေးကိုအရင်ဖွင့်ထားလိုက်ပါ။ ပြီးသွားရင် Tools > Options >Plug-ins ကိုရွေးပေးပါ။ ပြီးသွားရင် Category: ထဲကနေပြီးတော့ Background ကိုရွေးပေး
ပါ။ ဒါဆိုရင် ဘေးကအကွက်လေးမှာ Google Talk Music Plugin ကို ကိုအမှန်ခြစ်ပေးပါ ။ ပြီးသွားရင် Ok
နှိပ်ပေးပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaUp5Bej7WqisR5rNLC_UCxQOCGm4KRPA_KWorJWGGmXEGrbY08ls2W6RAM8xRBpO55lAcaiYf595-PAi_xhiJ7fJCzfcSLCezMp6a0WlTfmOO1jzBnpzg3ukUmXoOKvf6yHI71jQmoio/s320/gtalk.png

Gtalk မှာ အပေါ်ကပုံအတိုင်းရွေးပေးလိုက်တာနဲ့ မိမိနားထောင်နေတဲ့သီချင်းကိုပေါ်လာမှာဘဲဖြစ်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

Window (32 bit & 64 bit) များအကြောင်း

ကျနော် ဒီပို့ စ်ကို MMiTD ကနေ ပြန်ဖတ်မိပြီး ပြန်ရှယ်ပေးထားတာပါခင်ဗျာ.။ MMiTD မှ ကိုဟူး ကိုလဲ ဒီနေရာကနေပဲခွင့်တောင်းလိုက်ပါတယ်ခင်ဗျာ.။              
32 bit တို့ 64 bit တို့ဆိုတာ Processor ရဲ့ လုပ်နိုင်စွမ်း Data တွေကို တွက်ချက်နိုင်စွမ်း နည်းပညာတွေပါလို့ပဲ အရင် မှတ်ထားလိုက်ပါ.. သိထားရမှာကတော့ 64 bit processor ရဲ့ လုပ်ဆောင်ချက်က 32 bit ထက် ပိုပြီး မြန်ဆန်သွက်လက်ပါတယ်.. တချိန်တည်းတပြိုင်တည်းမှာပဲ Program တွေအများကြီးကို Run ထားနိုင်ပါတယ်..

32 bit OS တို့ 64 bit OS တို့က တော့ Operating System (Windows) ကို ပြောတာပါ.. 64 bits OS က RAM ပမာဏကို ပိုပြီး အသုံးချ နိုင်တယ်.. 32 bits OS က တော့ RAM ပမာဏ ကို အပြည့်အ၀ အသုံးမချနိုင်ဘူး..
အဲတော့ 64 bits OS က ပိုမြန်တယ်လို့ ဆိုနိုင်တယ်.. RAM ကို 4GB ကနေ အထက် သုံးနိုင်တယ်.. ဒါပေမယ့် .. သူ့အတွက်က လိုချင်တဲ့ဆော့ဝဲတွေကို အလွယ်တကူ အင်စတော လုပ်လို့မရနိုင်ဘူး 64 bits OS ကို support လုပ်နိုင်တဲ့ specified application/software တွေ အသုံးပြုလို့ရနိုင်မယ်.. များသောအားဖြင့်တော့ application တော်တော်များများက 64 bit အတွက်ပါ အဆင်ပြေအောင်တော့ ရေးထားကြပါတယ်..

အဲတော့ မေးစရာတွေ ရှိလာပါလိမ့်မယ်..

၁။ ကျနော့စက်မှာတင်ထားတာက 32 bit OS လား 64 bit OS လား.
အဖြေ.>> အလွယ်ဆုံးနည်းကတော့ My Computer ကို Right Click>> Properties >> General Tab မှာ လက်ရှိ windows အမျိုးအစားကိုပြပါတယ် ဥပမာအားဖြင့်
64 bit OS ဆိုရင် Windows XP Professional x64 Edition Version ...
32 bit OS ဆိုရင် Windows XP Professional Version / Service pack .. စသည်ဖြင့်ပေါ့.
မသေချာဘူး နောက်တစ်မျိုး ထပ်ပြီးဘယ်မှာ ကြည့်လို့ရနိုင်မလဲ.. ရပါသေးတယ်.. Run မှာ dxdiag လို့ ရိုက်ပါ.. အဲဒိမှာ Operating System မှာ ကြည့်ကြည့်ပါ.. 64 bit ဆိုရင် 64-bit လို့ ရေးထားပါလိမ့်မယ်.. x86(32 bit) ဆိုရင်တော့ ပုံမှန်ပဲ ပြထားပါလိမ့်မယ်..
နောက်တစ်နည်း ကတော့ Start Menu >> Run >> winmsd.exe လို့ ရိုက်လိုက်ပါ.. အဲဒိမှာလည်း System type မှာ.. x86(32 bit) လား x64(64 bit) လားဆိုတာ ပြနေပါလိမ့်မယ်..
နောက်တစ်နည်းကတော့ Device Manager မှာ Processor ကို Double Click (or) Right Click >> Properties .. မှာ Detail Tab မှာ .. x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..
နောက်တစ်နည်းရှိသေးတယ်. :D Run >> regedit >> HKLM\Hardware\DESCRIPTION\System\CenteralProcessor\0 မှာ ညာဘက်က Identifier ဆိုတဲ့ value မှာ အပေါ်ကလိုပဲ x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..

၂။ 32 bit Processor နဲ့ 64 bit Processor ဘယ်လိုခွဲမလဲ
အဖြေ >> ဖိုရမ်တော်တော်များများမှာ ဒီကိစ0x081စနဲ့ ပတ်သတ်လို့ တော်တော်လေး ခေါင်းစားထားကြတာတွေ့ရပါတယ်..
နည်းမျိုးစုံသုံးပြီးတော့ ခွဲနေကြပါတယ်.. ဒါပေမယ့် ခေါင်းပဲစားနေဆဲဖြစ်နေကြပါတယ်.. အဲတော့ ခေါင်းမစားပဲ တစ်ခုခု စားကြရအောင် :D CPU-Z .(installer ကိုပဲ Download လုပ်ပါ) သို့မဟုတ်
AIDA32 ဆိုတဲ့ Freeware လေးတွေနဲ့ စစ်လို့ရပါတယ်.. CPU-Z ကို run လိုက်ပြီးရင် အောက်မှာပြထားသလိုပေါ့..

အနီကွက်ထဲက Instruction မှာ EM64T (if its Intel) or AMD64 (if its AMD) ဆိုတာ ပါရင် 32 bit Processor ဖြစ်နေရင်တောင်မှ 64 bit capable ရှိတဲ့ Processor ဖြစ်တဲ့အတွက် 64 bit OS တင်လို့ရနိုင်ပါတယ်.. AIDA32 မှာဆိုရင် အောက်ကလိုမျိုးလေးပေါ့


၃။ 32 bit processor ရှိတဲ့ computer မှာ 64 bit OS install လုပ်လို့ရပါသလား..
အဖြေ>> အပေါ်က ပြောထားသလိုပါပဲ... 32 bit processor မှာ 32 bit OS ပဲ run လို့ရပါတယ်... 64 bit capable ရှိတဲ့ 32 bit processor ဆိုရင်တော့ 64 bit OS ကို run လို့ရပါတယ်.. မိမိစက်က Processor က 64 bit capable ရှိမရှိကို အပေါ်က နည်းအတိုင်း စစ်ဆေးကြည့်နိင်ပါတယ်.. ဒိထက်သေချာချင်ရင်တော့ 64 bit OS ကို install လုပ်ကြည့်လိုက်ပါ.. အောက်ကပုံအတိုင်း message တက်လာရင် မရဘူးလို့မှတ်ပေါ့ :D

Fix iTunes Error 11, 1013, 1600, 1601, 1602, 1603, 1604 for iOS 5.1 (Restoring or Updating)


iPhone, iPad, iPod touch များကို iOS 5.1 သို့  Update လုပ်ရာတွင်သော်၎င်း၊ Custom firmware နဲ့  Restore လုပ်ရာတွင်သော်၎င်း ကြုံတွေ့ ရတတ်တဲ့ Error များကတော့ (11, 1013, 1600, 1601, 1602, 1603, 1604) တို့ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ ယင်း error များက upgrade / Restore လုပ်ရာတွင် unknow error အဖြစ်နဲ့  အောက်ပါအတိုင်း message တက်လာတတ်ပါတယ်။


အခုလို error မျိုးက မကြာခဏ ဖြစ်လေ့ရှိပြီး အချိန်အနည်းငယ် ပေးပြီး ဖြေရှင်းလိုက်ရင်တော့ ပြေလည်သွားတတ်ပါတယ်။
ဖြေရှင်းရန် နည်းလမ်းနှစ်သွယ်ကို တင်ပြလိုက်ပါတယ်။

ပထမနည်းလမ်း

၁) TinyUmbrella ကို Download ရယူပါ။
၂) TinyUmbrella ကိုဖွင့်ပြီး "Advance" tab ကိုသွားပါ။
၃) ပုံတွင်ပြထားသည့်အတိုင်း "Set Hosts to Cydia on Exit" ကို အမှန်ခြစ် ဖြုတ်လိုက်ပါ။
၎) ထိုနောက် TinyUmbrella ကို ပိတ်ပါ။



ဒုတိယနည်းလမ်း

ဒီနည်းလမ်းကတော့ ကွန်ပျူတာတွင်းရှိ Hosts file ကို ဝင်ရောက်ပြင်ဆင်ခြင်းဖြစ်ပါသည်။

For Mac :

• Finder ကိုဖွင့်ပါ။
• COMMAND + SHIFT ကိုတွဲနှိပ်၍ G ကိုနှိပ်ပါ။
• " /private/etc/ " ဟုရိုက်ထည့်ပြီး "Go" နှိပ်ပါ။
• "hosts" ကိုရှာပါ။
• Text editor နှင့်ဖွင့်ပြီး gs.apple.com ပါသော စာကြောင်းတိုင်းကို ဖျက်ပစ်ပါ (သို့ ) ထိုစာကြောင်းများ ရှေ့ တွင် " # " ရိုက်ထည့်ပါ။
• Save လုပ်ပါ။

For Windows :

မိမိ၏ Windows အလိုက် "hosts" file ကို အောက်ပါလမ်းကြောင်းများတွင်ရှာပါ။

• Windows 95/98/Me c:\windows\hosts
• Windows NT/2000/XP Pro c:\winnt\system32\drivers\etc\hosts
• Windows XP, Vista, 7 c:\windows\system32\drivers\etc\hosts
• "hosts" file ကို Right click ခေါက်ပြီး "Note Pad" နှင့်ဖွင့်ပါ။
• ထိုနောက် gs.apple.com ပါသော စာကြောင်းတိုင်းကို ဖျက်ပစ်ပါ။
• Save လုပ်ပါ။

အခုဆိုရင် iPhone, iPad, iPod touch တို့ ကို iTunes နဲ့  ပြန်လည် Update / Restore လုပ်နိုင်ပါပြီ။

iOS 5.0.1/5 Cydia White icon FIX !!!

iOS 5.0.1 / 5 သုံးထားတဲ့ iPhone 4, 3GS, iPod touch 4G, 3G and iPad 1 တို့ ကို Jailbreak လုပ်ပြီးသော်လည်း Cydia icon က တစ်ခါတစ်ရံ အဖြူရောင်ပဲ ပေါ်နေတဲ့အခါမှာ ဖြေရှင်းဖို့  နည်းလမ်းလေး တစ်ခုပါ..
ယခုလို အဖြစ်ပျက်မျိုးကို အချို့  Tweaks တွေ install လုပ်လိုက်တဲ့ အခါမှာ မကြာခဏ ကြုံတွေ့ ရတတ်ပါတယ်။ ဒီအခါမှာ ဖြေရှင်းဖို့  အတွက် နည်းလမ်း သုံးသွယ်ကို တင်ပြပေးလိုက်ပါတယ်။


နည်းလမ်း (၁)

အဆင့် ၁) : RedsnOw 0.9.9b8 ကို Run ပါ (Download ရယူရန်)

အဆင့် ၂) : "Extras" button ကိုနှိပ်ပါ။

အဆင့် ၃) : "Just boot" ကိုနှိပ်ပေးလိုက်ပါ။

အထက်ပါဖြေရှင်းနည်းနှင့် မပြေလည်ပါက အောက်ပါနည်းနှင့် ကြိုးစားနိုင်ပါသေးတယ်။

နည်းလမ်း (၂)

အဆင့် ၁) : Home Screen ရှိ Cydia မှ Manage ကိုသွားပါ။

အဆင့် ၂) : Installed list and an Option မှ "Cydia Installer" ကိုတွေ့ ပါမည်။

အဆင့် ၃) : "Cydia Installer" ကိုရွေးပြီး "Modify" ကိုနှိပ်ပါ။

အဆင့် ၄) : နောက်ဆုံးတွင် "Re-install" button ကိုနှိပ်ပေးလိုက်ပါ။

အထက်ပါ နည်းလမ်း နှစ်မျိုးနှင့် အဆင်မပြေပါက အောက်ပါ နည်းတစ်နည်း ကျန်ပါသေးသည်။

နည်းလမ်း (၃)

အဆင့် ၁) : Home ရှိ Cydia ကိုဖွင့်ပြီးနောက် "Changes" tab ကိုနှိပ်ပြီး "Refresh" နှိပ်ပါ။ ဒီအခါ Cydia တွင် Update လုပ်ရန် လိုသည်များ တက်လာပါမည်။

အဆင့် ၂)
: "Essential Upgrade" နှင့် Update လုပ်ပေးလိုက်ပါ။

အဆင့် ၃) : Update အလုပ်များ လုပ်ပြီးသည်နှင့် Cydia ကို ပြန်ပိတ်လိုက်ပြီး Reboot လုပ်ပါ။

အထက်ပါ နည်းလမ်းများထဲမှ တစ်နည်း နည်းနှင့် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါသည်။

iTunes cannot read contents


အခုပြဿနာကို ဖြေရှင်းရန် iFunBox (သို့ ) iphone Explorer တစ်ခုခုလိုအပ်ပါသည်။

>> Download iFunBox
>> Download iPhone Explorer

၁) iPhone ကို PC နဲ့ ချိပ်ပြီး iFunBox ကို Run လိုက်ပါ။

၂) ဘယ်ဘက် ကော်လံ အောက်ဆုံးရှိ "Raw File System" ကိုရွေးပြီး။ ညာဘက် ကောလံတွင် “/private/var/mobile/Media/iTunes_Control/iTunes/” လမ်းကြောင်းအတိုင်း လိုက်သွားပါ။

၃) နောက်ဆုံး iTunes folder ထဲရှိ "iTunesDB" file ကို Delete (ဖျက်ပစ်ပါ)။

၎) iPhone ကို PC နှင့် ချိပ်ဆက်ထားခြင်း မှ ဖြုတ်လိုက်ပါ။

၅) iTunes ကို Run ပါ။

၆) iPhone ကို PC နှင့် ပြန်ချိပ်ဆက်ပါ။ iTunes နှင့် iPhone ပြန်အဆင်ပြေသွားပါလိမ့်မယ်။

iTunes Error 1013,1014 & 1015

iTunes error 1013 သည် iOS 4.2.1 နှင့် iOS 4.3.3 တို့ ကို Update လုပ်သော အချိန်များတွင် ဖြစ်ပေါ်လေ့ ရှိသော Error များဖြစ်သည်။

ယင်း error များကို ဖြေရှင်းရန် နည်းလမ်း နှစ်သွယ်ဖြင့် တင်ပြပေးထားပါသည်။

နည်းလမ်း (၁)
Host file ကို ပြင်ဆင်ခြင်း

၁) My Computer -> Local Disk (C:) -> Windows -> System32 -> drivers -> etc -> hosts ကိုသွားပါ။
၂) "hosts" ကို Right click ထောက်ပြီး Copy ကူးယူပြီး Desktop တွင် Paste လိုက်ပါ။
၃) Desktop ရှိ "hosts" file ကို Note pad နှင့်ဖွင့်ပါ။
၎) "gs.apple.com" ပါရှိသော စာကြောင်းတိုင်းကို Delete လုပ်ပြီး Save ပါ။
၅) ယင်း Save ပြီးသော Desktop ရှိ "hosts" file ကို Copy ကူးပြီး အဆင့်(၁) တွင် ဖော်ပြထားသော လမ်းကြောင်းအတိုင်း Replace လုပ်ပေးလိုက်ပါ။
၆) Device ကို Restore ပြန်လုပ်ပါ။

နည်းလမ်း (၂)

၁) Download fixrecovery43 (Win)
၂) iTunes ကို ဖွင့်ထားပါပြီး fixrecovery43.exe ကို Run လိုက်ပါ။ ထို့ နောက် Device ကို DFU mode အောက်ပါ အတိုင်း ပြောင်းပါ။
၃) iDevice ကို Turn Off လုပ်ပါ။
၎) Home + Power button ကို ၁၀စက္ကန့် ခန့် နှိပ်ပါ။
၅) Power button ကို လွှတ်ပြီး Home button ကို fixrecovery43 က iDevice ကို Detect သိသည်ထိ နှိပ်ထားပါ။
၆) fixrecovery43 က Detect သိသွားပါက Screen ပေါ်မှာ ပုံတွင်ပြထားသကဲ့သို့  စာတန်းများတက်လာပါလိမ့်မည်။


အထက်ပါ အတိုင်း ဆောင်ရွက်သော်လည်း Recovery mode မှ မထွက်ခဲ့ပါက TinyUmbrella, RecBoot စသည်တို့ ဖြင့် ကြိုးစားနိုင်ပါသေးသည်။

iTunes Error 16xx (1600, 1601, 1602, 1603, 1604) & 21

IPSW Restore ပြန်လုပ်တဲ့အချိန် (အထူးသဖြင့် 4.3.3 IPSW) မှာ ဖြစ်ပေါ်တတ်တဲ့ error လေးပါ။
ဒီ error က DFU mode ဝင်လိုက်ရင် ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

DFU Mode အတွက် အောက်တွင် နည်းလမ်း နှစ်သွယ် တင်ပြပေးထားပါတယ်...

နည်းလမ်း (၁)
DFU Mode (Manual)

၁) iDevice ကို PC နှင့် ချိပ်ဆက်ထားပြီး Power OFF ပါ။
၂) Home + Power button ကို ၁၀ စက္ကန့် နှိပ်ပေးပါ။
၃) ၁၀ စက္ကန့် ခန့်  နှိပ်ပြီးနောက် Power button ကို လွှတ်ပါ။ Home button ကိုတော့ iTunes က detect သိသည်ထိ နှိပ်ပေးထားပါ။
၎) iTunes မှ Shift + Restore နှိပ်ပြီး Firmware ကို Restore ပြန်လုပ်ပါ။

နည်းလမ်း(၂)
DFU mode ဝင်ရန် အထောက်ကူပြု အဖြစ် iREB software ကို အသုံးပြုနိုင်ပါတယ်...

၁) Download iREB (Win)
၂) iREB ကို Run လိုက်ပြီး မိမိ iDevice အမျိုးအစားကို ရွေးလိုက်ပါ။


၃) DFU mode ဝင်ရန် ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ပါ။
၎) iTunes မှ Shift + Restore နှိပ်ပြီး Firmware ကို Restore ပြန်လုပ်ပါ။

အထက်ပါနည်းများနှင့် Error 16xx (1600, 1601, 1602, 1603, 1604) & 21 တို့ ကို ဖြေရှင်းနိုင်ပါလိမ့်မည်..

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews