Blogger Widgets

Friday, June 27, 2014

မြန်မာနိုင်ငံ၏ပထမဆုံးဖိုင် hosting တစ်ခုဖြစ်တဲ့ downloadmm

 
ကျွန်တော့်အနေနဲ့ အင်တာနက်အသုံးပြုသူ မြန်မာတွေကို တတ်နိုင်သလောက်အဆင်ပြေအောင်လုပ်ပေးနေချင်တဲ့အရာလေးတစ်ခုရှိပါတယ်။
အခု အဲဒီဆန္ဒကို ပြုလုပ်ပြီးစီးသွားပြီဖြစ်လို့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ Online ပေါ်မှာFile တွေတင်တဲ့အခါ နိုင်ငံခြား File Sharing Site တွေကိုအများဆုံးအသုံးပြုကြပါတယ်။ အခု ကျွန်တော်က
မြန်မာတွေအတွက်အဓိကရည်ရွယ်ပြီး Download MM လို့အမည်ရတဲ့ မြန်မာတွေအတွက် File Upload/Download Sharing Site
တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

Website Link: http://www.downloadmm.com/

-Download MM သည် အင်တာနက်သုံးစွဲသူ မြန်မာတို့အတွက် ဖိုင်များကို Online ပေါ်မှာမျှဝေရာတွင် ပိုမိုအဆင်ပြေစေရန်ပေါ်ပေါက်လာသော
File Sharing Service တစ်ခုဖြစ်ပါတယ်။
- Download MM ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုးရှင်းလွယ်ကူစွာ Upload/Download လုပ်နိုင်ရန်ဖြစ်ပါတယ်။
-Site ကိုမြန်မာဘာသာဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ မည်သူမဆိုအလွယ်တကူနားလည်နိုင်ပါမယ်။
-Download MM တွင်မိမိတို့ရဲ့ဖိုင်များကိုမည်သူမဆို Upload/Download အခမဲ့ပြုလုပ်နိုင်ပါသည်။
-Premium Download / Slow Download ဟူ၍ ခွဲခြားထားခြင်းမရှိပါ။ Download ခလုတ်ကိုတန်းနှိပ်ပြီး
Direct Download ရယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။
- ဖိုင်များဟုဆိုရာတွင် မည်သည့်ဖိုင်မဆို Upload လုပ်နိုင်မှာဖြစ်ပါတယ်။
- File size 200 MB ခန့်ရှိသော ဖိုင်အထိ Upload လုပ်နိုင်မှာဖြစ်ပါတယ်။ (နောင်တွင် ဒီထက်ပိုပြီး MB များများတင်နိုင်အောင်ပြုလုပ်ပေးသွားပါမယ်)
-File နှစ်ခု ၊ သုံးခု တစ်ပြိုင်နက် Upload လုပ်နိုင်မှာဖြစ်ပါတယ်။
- Download MM ကို Myanmar Mobile App Store မှဝန်ဆောင်မှုပေးထားခြင်းဖြစ်ပါသည်။
- Download MM ကိုအသုံးပြု၍ File များကို upload တင်ပြီးမျှဝေနိုင်ကြပါပြီ။
-လောလောဆယ်တော့ Beta အနေနဲ့ ဒီ site ကိုစတင် run ထားပါပြီ။
- အင်တာနက်အသုံးပြုသူများအနေနဲ့ Download MM ကိုပိုမိုသိရှိလာအောင် ဒီပို့စ်ကို Share ပေးကြဖို့လည်းတောင်းဆိုပါတယ်။

Tuesday, June 10, 2014

Dahma တရားတော် Software



အခု ကျနော်တင်ပေးမယ့် Software လေးကတော့ ကျနော်ကိုယ်တိုင်ရေးထားတဲ့ software လေးပါ... Link သေနေတယ်ဆိုလို့ လင့်အသစ်ပြန်တင်ပေးထားပါတယ်...။ ပြီးတော့ Software ကို နည်းနည်း လေးလဲပြောင်းထားပါတယ်ခင်ဗျာ... ။ ဒီ software လေးမှာ အဓိက ကတော့ ပရိတ်ကြီး ၁၁ သုတ်, ပဌာန်း, ဓမ္မစင်္ကြ  ၃ မျိုးကိုအဓိကထားပြီးရေးထားတာပါ... ဒီ တရား တွေကို နာချင်ရင် တစ်နေရာစီကနေ ပင်ပင်ပန်းပန်းရှာ ပြီးရင် တစ်ခုလုပ်တိုင်း download time ကိုတစ်ခါစောင့်ရတဲ့ ဒုက္ခလေး ကင်းဝေးသွား အောင်လို့ ပါ... အခုဒါလေး ဒေါင်းထားလိုက်ရုံနဲ့ တရားတော် ၃ မျိုးလုံးကို ကြိုက်တဲ့ အချိန်တိုင်း နာယူနိုင်ပါပြီ... အောက်ကလင့်ကနေ Download လုပ်လိုက်ပါ ပြီးရင် Install လုပ်လိုက်ပါ Desktop ပေါ်မှာ Dahma ဆိုပြီး ညောင်ရွက်ပုံလေးနဲ့ icon လေးကို D-Click နှိပ်ပြီး မိမိနာချင်တဲ့ တရားကို click ၁ ချက်နှိပ်ပြီး နာယူနိုင်ပါပြီခင်ဗျာ...။

---
  
Download Here >>

 တစ်ခုပြောရဦးမယ် Install လုပ်ရင် path လမ်းကြောင်းကို တခြား မပြောင်းပါနဲ့ သူ့  original လမ်းကြောင်းအတိုင်းပဲ install လုပ်ပါ... ပြီး၇င် Just Me ကိုမလုပ်ဘဲ Everyone ဆိုတာကို ရွေးပေးပါ... အဲ့ဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ path လမ်းကြောင်းမပြောင်းမိ ဖို့ အဓိက ပြောချင်ပါတယ်.. path လမ်းကြောင်းပြောင်းသွားရင် တရားတွေ ဖွင့်လို့ မရဘူးဖြစ်သွားပါလိမ့်မယ်... အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... :)

Monday, May 12, 2014

Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်ခြင်း

facebook-updates-1024x768-wallpapers 


Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်ခြင်း နည်းပညာကို Facebook အသုံးပြုသူတိုင်း စိတ်ဝင်စားမယ်လို့ထင်ပါတယ် … PC, Android, iOS သုံးမျိုးလုံးမှာ ပြုလုပ်လို့ရပါတယ် … သိပြီးသားသူတွေရှီသလို မသိရသေးတဲ့သူတွေလဲရှီမှာ … ထို့ကြောင့် မျှဝေလိုက်သည် … ကဲစရအောင်ဗျာ …
၁။ မိမိ အသုံးပြုတဲ့ PC ဖြစ်ဖြစ် Mobile ဖြစ်ဖြစ် Browser ကို အသုံးပြုရမှာဖြစ်ပါတယ် … Mobile Phone မှာအတွက် ထုပ်ထားသော Facebook Application များတွင်အသုံးပြု၍မရသည့်အတွက် Browser ကို အသုံးပြုခြင်းဖြစ်ပါတယ် …
၂။ Browser ကိုအသုံးပြုပြီး www.facebook.com သို့သွားပြီး မိမိအကောင့်ကို ဝင်လိုက်ပါ … ပြီးရင် Facebook Home ကိုသွားပြီး မိမိ Profile (သို့) Cover ထားလိုသောပုံကို ရွေးချယ်၍ ပုံ၏ ညာဘက်အောက်ထောင့်နားတွင်ရှီသောနေရမှာ Friend အစား Only me ပြောင်း၍ Post တင်လိုက်ပါ … Post တင်ပြီးသောအခါတွင် မိမိတစ်ဦးတည်းမြင်ရမှာဖြစ်ပါတယ် …
1
၃။ မိမိတင်လိုက်တဲ့ ပုံကို Click တစ်ချက်နှိပ်ပါ။ ထိုအခါ Option lable ကိုတစ်ချက်နှိပ်ပြီး  Make Profile Picture (သို့) Make Cover Photo ကိုရွေးခြင်းဖြင့် မိမိ Profile (သို့) Cover ကိုပြောင်း လဲစေပါ။
2014-05-11_22-16-00
၎။ ထို့နောက် မိမိ Facebook Timeline မှ Photo ထဲသို့ဝင်ပါ။
2
၅။ ပြီးနောက် Your Photos ထဲသို့သွားပါ။ ထိုအခါ မိမိ Profile (သို့) Cover ပြုလုပ်ထားသောပုံကိုတွေ့ရပါလိမ်မယ် …
3
၆။ မိမိ Profile (သို့) Cover ပြုလုပ်ထားတဲ့ပုံကိုတစ်ချက်နှိပ်လိုက်ပါ။ ထိုအခါ ပုံပေါ်လာပါလိမ့်မည်။ ပုံ၏ ညာဘက်အပေါ်ထောင့်နားတွင် Edit ကိုတစ်ချက်နှိပ်ပေးပါ။
5
၇။ Edit နှိပ်လိုက်ပါက အောက်ကပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ် … Firend နေရာမှာ Only me လို့ပြောင်းလဲပေးလိုက်ပါ။
6
ထိုအခါ မည်သူမှ မိမိ Profile (သို့) Cover Photo တို့ကို Copy ကူယူခြင်း Save as လုပ်ခြင်းရတော့မည်မဟုတ်ပါ။ ယခု tutorial သည် Copy ရယူလို့မရအောင် ဖော်ပြခြင်းဖြစ်သည့်အတွက် … Copy ရယူလို့ရအောင် ပြုလုပ်နည်းကို မဖော်ပြတော့ပါ … :P
အားလုံးအဆင်ပြေကြပါစေခဗျာ …


Credit- MMAS
          Thihahtike
          Pyae Phyo

Probux ကနေ ပိုက်ဆံရှာမယ်



မြန်မာနိုင်ငံမှာ online ကနေပိုက်ဆံရှာနေတဲ့သူတွေတကယ်ရှိပါတယ်။ PTC sites တွေကနေ တစ်နေ့ တစ်နေ့ 5 ဒေါ်လာ လောက်ထုတ်နေတဲ့သူတွေရှိပါတယ်။ တစ်လ ဆိုရင်ပဲ ဒေါ်လာ 150$ ရနေပြီ... ဒါဘာမှပင်ပန်းတဲ့အလုပ်မဟုတ်ဘူးနော်... ကွန်ပျူ တာအရှေ့မှာ နာရီဝက် (မိနစ် ၃၀) လောက်လေး အချိန်ပေးရုံလေးနဲ့  တစ်လ ဒေါ်လာ 150$ ရမှာနော်...

Internet ပေါ်မှာ မိနစ် ၃၀ လောက်အချိန်ပေးနိုင်ရင် သင်လည်း စတင်နိုင်ပါတယ်။

-အဓိကရည်ရွယ်ချက်
၁.အိမ်ကနေပဲအလုပ်လုပ်မယ်
၂.ကြော်ငြာတွေကို နေတိုင်း click မယ်
၃.သူတို့ ခိုင်းတာလုပ်မယ်
၎.Member အဆင့်မြှင့်မယ်
၅.ပိုက်ဆံထုတ်မယ်..

-လိုအပ်ချက်
၁. မိနစ် ၃၀ အချိန်ပေးဖို့ လိုမယ်
၂. အိမ်မှာ computer တစ်လုံးရှိရမယ်
၃. internet လိုင်း (သို့ မဟုတ်) အင်တာနက်ချိတ်ထားတဲ့ဖုန်းရှိရမယ် (ဖုန်းနဲ့ ဆိုရင် ဖုန်းနဲ့  Computer နဲ့  ကို Hotspot ချိတ်ထားရမယ်)
၎. Email account နဲ့  PayPal account ( paypal account မရှိရင် paypal site ကိုသွားပြီး အကောင့်တစ်ခုဖွင့်ထားလိုက်ပါ ... [www.paypal.com] )
၅. နောက်ဆုံးအနေနဲ့ Mouse တစ်လုံးပေါ့..

ကျွှန်တော်ပြောချင်တာက ဒါကိုလုပ်တော့မယ်ဆိုရင် စိတ်ကိုနှစ်လိုက်ပါ တကယ်ငွေရပါတယ် အဓိက ကတော့စိတ်ရှည်ရမယ် ဇွဲရှိရမယ် ။ တရက် နှစ်ရက် လေးလုပ်ပြီး..ငွေရနည်းလို့  ဘာမှမဟုတ်ဘူး.. အလကားလို့ ထင်ပြီးမလုပ်ရင် နှမြောစရာကောင်းပါတယ်။ အပြင်မှာအလုပ်လုပ်သလို ၁လ ၂လ လောက်အချိန်ပေးပြီးလုပ်ကြည့်ပါ ငွေ ammount တက်လာပါလိမ့်မယ်။ ကဲဒါဆို စလိုက်ရအောင်.

ကျွှန်တော်ပြောတဲ့အဆင့်တွေကို အစီစဉ်အတိုင်းလုပ်ပါ။

၁.အရင်ဆုံး probux မှာ register လုပ်ပါမယ်။ ကျွှန်တော်ပြောတဲ့အဆင့်တွေကို မကျော်ဘဲ တခါတည်းလိုက်လုပ်စေချင်ပါတယ်။
REGISTER HERE ကျွှန်တော်ပေးတဲ့ link မှာပဲလုပ်စေချင်ပါတယ်။ ဒါ ကျနော်ကို Referal တင်ထားတဲ့သဘောပါပဲဗျာ... ။ သင့် mail ထဲကို probux က member ဖြစ်ကြောင်းစာလာရင် Register လုပ်တာပြီးသွားပါပြီ။ သင်က probux member ဖြစ်ပါပြီ။
၂.View Ads ကနေပြီး ကြော်ငြာတွေကိုလိုက်ကြည့်ပါ။ သူတို့ ကြည့်ရမယ့် ကြောငြာတွေကို ပြထားပါလိမ့်မယ်။ အကုန်ကြည့်ပါ။
နေ့ တိုင်း ပုံမှန် click ပြီးကြည့်ပါ။ စိတ်ရှည်ဖို့ လိုတယ်ဆိုတာ ဒီအစ ကိုပြောတာဖြစ်ပါတယ်။ကြော်ငြာတွေက ၂၄ နာရီ တစ်ခါအသစ်တင်ပါတယ်။ ဥပမာ – စာဖတ်သူက မနက်၉နာရီမှာ စclickတယ်ဆိုရင် နောက်နေ့  မနက်၉နာရီ ဆိုရင် ကြော်ငြာ အသစ်တွေရောက်နေပါတယ်။
၃. စိတ်ရှည်ရှည်နဲ့ နေ့တိုင်း click လုပ်ပါ $0.6 လောက်ရပြီဆိုရင် share ဝယ်ပါမယ်။
၎.main balance ထဲမှာရှိတဲ့ငွေတွေကို rental balance ထဲပြောင်းထည့်ပါမယ်။
၅. $0.6 ဆိုရင် 3 referrals ဝယ်လို့ ရပါတယ်။
၆. Rented referrals page မှာ Auto play ကို turn on လုပ်ပေးရပါမယ်။
၇. ဝယ်ထားတဲ့ရှယ်ယာ(referrals)တွေကို နေ့ တိုင်း စောင့်ကြည့်ပါ။ Rented referrals page၂ ရက် ၃ရက် နေလို့ မှ average က ၂ ကျော်ရင် recycle လုပ်ပေးပါ။ (များသောအားဖြင့်ကတော့ average 2 ထက်ကျော်တာနည်းပါတယ်။)
၈.ပိုက်ဆံတွေပိုရလာပြီဆိုရင် ရှယ်ယာ(referrals) တွေတတ်နိုင်သလောက်ဝယ်ပါ။ (မှတ်ချက်။ ။standard member ကတော့ ၁ပတ်ကို တခါပဲ ဝယ်လို့ ရပါတယ်)
၉. သင်က ရှယ်ယာ (referral) တွေဝယ်လိုက် , ကိုယ်တိုင်လည်း ကြော်ငြာတွေ click လို့ ငွေတွေရလာရင် မထုတ်လိုက်ပါနဲ့ ။ ဒါအရေးကြီးတဲ့အချက်ပါ၊ တော်တော်များများက ပိုက်ဆံရလာပြီဆိုတာနဲ့ ထုတ်သုံးချင်ကြပါတယ်။ ပိုက်ဆံရှိတယ်ဆိုရင် ရှယ်ယာပဲဝယ်ပါ။
၁၀. referrals 200 ရတဲ့အထိဝယ်ပါ။ rented referrals page ထဲက average 2 ထက်မကျော်တဲ့ ရှယ်ယာတွေကိုလည်း recycle လုပ်လုပ်ပေးပါ။
၁၁. အဲ့သလိုနဲ့ ငွေရများများလာတဲ့ အခါ $70 ရရင် Golden member ကို upgrade လုပ်လိုက်ပါ။
၁၂. Golden member ဖြစ်ပြီဆိုရင်ရှယ်ယာ referrals တွေကိုများများဝယ်ပါ။ referrals 800~1000 လောက်ရလာပြီဆိုရင် ကိုယ်ကိုယ်တိုင်တောင် click ရဘဲနဲ့ ဝယ်ထားတဲ့ referrals ကပေးတဲ့ ပိုက်ဆံတွေကိုရနေမှာဖြစ်ပါတယ်။ referrals တွေဝယ်ရင်း ငွေရရှိပုံနည်းစနစ်ကို ကြည့်ကြည့်လိုက်ပါ။



ကျနော်တို့  Referral တွေကို အဲ့လိုလဲတစ်ဖက်က ၀ယ်မယ်ဗျာ .. နောက်တစ်ခုက ခုနက ကျနော်အချက် ၁ မှာလို ကျနော့်လင့်ကနေ သွားပြီး Register လုပ်ခိုင်းတယ်... ဒါဆို ကျနော့်ဆီမှာ Referral တစ်ယောက်တိုးသွားပြီး အဲ့လိုဆို တစ်ယောက်က ကလစ်လုပ်တာနဲ့ ကျနော့်ဆီမှာလဲ percentage နဲ့ ပိုက်ဆံဝင်တာပေါ့ဗျာ... အဲ့လိုပြောလို့ ကျနော့်လင့်က၀င်တာနဲ့ တစ်ဖက်လူ မှာ ငွေရော့မယ်မပြောဘူးနော် ၂ ဖက်လုံး အကျိုးရှိတယ်... သူကလဲ သူ့ ကိုပေးမယ့်ငွေအပြည့်ရမယ် ကျနော်ကလဲ အဲ့လူကို Probux ကိုခေါ်လာပေးတဲ့အတွက် percentage ရတဲ့သဘောပေါ့ဗျာ... ကဲ သူငယ်ချင်းတို့ လဲ အဲ့လိုပဲ လက်ဆင့်လက်ဆင့်ကမ်းပြီး Referral တွေများများ စုနိုင်လေ ပိုက်ဆံပိုများလေပေါ့ဗျာ... ။ ကျနော့်ကိုလဲ Referral ထည့်ဖို့ မမေ့နဲ့ ဦးနော်... Referral ထည့်တဲ့အချိန်ကလဲ register လုပ်တဲ့အချိန်မှာပဲထည့်ရတာပါ... ကျနော့်ကို Referral ထည့်ချင်ရင် dejavu3110 ကိုသာ Referral ဆိုတဲ့နေရာမှာ ထည့်ပေးလိုက်ပါ  :)

Standard Members: 200 Referrals x $0.005 x 4 Ads per day = $4.00 per day (earning from rental referrals)
Golden Members: 200 Referrals x $0.01 x 4 Ads per day = $8,00 per day
1000 Referrals x $0.01 x 4 Ads per day = $40,00 per day
2000Referrals x $0.01 x 4 Ads per day = $80,00 per day
Ultimate Members: 4000 Referrals x $0.01 x 4 Ads per day = $160,00 per day ($57,600 per year)


iOS Zawgyi Profile offline

 
သိပြီးသူတွေလဲသိပြီးကြမှာပါ ကျနော်တင်တာတောင် တော်တော်လေး နောက်ကျသွားပြီထင်တယ်... :) iOS 7.1 ကနေစပြီး Zawgyi Profile မရတော့တဲ့အတွက် ဖျက်လိုက် ပြန်သွင်းလိုက် လုပ်နေရပါတယ်... အဲ့လိုလုပ်တာမှာ Internet Connection ရှိနေရင် (ကောင်းနေရင်) တော့အကြောင်းမဟုတ်ဘူးပေါ့... ကိုယ်ကလဲ ရတဲ့ Turtle Internet Connection လေးနဲ့ သုံးလို့ ရတဲ့အဖြစ်... :P  Viber ပေါ်မှာ ချစ်ချစ်လေး နဲ့ ကြူ ဖို့ ကလဲချိန်းထားတယ်... ခက်တာက Background Auto Refresh ဖြစ်သွားတာတို့ ဒါမှမဟုတ် Background က Apps တွေကို ပိတ်မိတာတို့ နဲ့ ကြုံရင် Zawgyi font profile ကဖျက်ပြီးပြန်သွင်းရပါတယ်... အဲ့လိုအကြောင်းတွေနဲ့ ကြုံလာ ရင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ထားတဲ့ Link ပျောက်သွားတာတို့  တစ်ခုခုပေါ့ဗျာ ... အဲ့လိုဆိုရင် သွားပြီဗျာ ချစ်ချစ်က မြန်မာလိုပြော... ဒီမှာက လေးထောင့်တွေပေါ် နဲ့ တိုင်ပတ်ပြီပေါ့ဗျာ.... Myanglish နဲ့ ပြောလို့ ပြောရင်လဲ ကိုင်တဲ့ဖုန်းက iPhone ဆိုပြီး မြန်မာစာလေးတောင် မပေါ်ဘူးလားပြောခံရဦးမယ်... အဲ့ပြဿနာတွေ ရှင်းဖို့ အတွက် Developer Hein Thet Khin Zaw က ရေးထားတဲ့ MyFont - Myanmar Font ဆိုတဲ့ App လေးကို  App Store ကနေ အခမဲ့ရယူနိုင်ပါပြီ... အဲ့ကောင်လေးသွင်းထားရင် အင်တာနက် လဲရှိနေစရာလိုပါဘူးခင်ဗျာ.. အင်တာနက်မမိတဲ့နေရာမျိုး သွားရင် ချစ်ချစ်နဲ့ အပြန်အလှန်ပြောထားတဲ့ Message လေးတွေ ပြန်ဖတ်ချင်လို့  Profile ဖျက်ပြီး ပြန်သွင်းတဲ့အချိန်ကျရင် ဒီကောင်လေး သွင်းထားတော့အဆင်ပြေတာပေါ့ဗျာ... ကဲ စကားတောင်ရှည်သွားပြီ.... အားလုံးပဲ အဆင်ပြေကြပါစေဗျာ... လင်ကတော့ အောက်ကလင့်ပါခင်ဗျာ...
https://itunes.apple.com/sg/app/myfont-myanmar-font/id855256130?mt=8
အခုလို အစစအရာရာ အဆင်ပြေအောင်လုပ်ပေးထားတဲ့ Developer Hein Thet Khin Zaw ကိုလဲဒီနေရာလေးက နေ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ... :)

Sunday, March 23, 2014

iOS 7.1 is not working with Zawgyi Profile

iOS 7.1 ကို updae လုပ်ပြီး နောက်ပိုင်း Zawgyi Profile ထည့်ထားပေမယ့် မမြင်ရတော့ပါဘူး ။

အခုချိန်ထိတော့ fixed ရှာမတွေ့ သေးပါဘူး ။ ဖြစ်နိုင်တာကတော့ Apple ရဲ့  bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်.။

ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ရှိပါတယ်.။

၁။ Multi Task မှာ Run နေတဲ့ App တွေအားလုံးကို ပိတ်လိုက်ပါ.။

၂။ Setting > General > Profiles အောက်ကိုသွားပြီးတော့ သွင်းထားတဲ့ Zawgyi or Unicode Font Profile ကိုဖျက်လိုက်ပါ.။

၃။ Font ပေါ်ချင်တဲ့ (မြင်ချင်တဲ့)  Application တွေကို ဖွင့်ထားပေးပါ..။ (Safari ကတော့ အရင်အတိုင်းပဲ ပေါ်မှာမဟုတ်ပါဘူး ...။ Safari မှာ ပေါ်အောင်လုပ်နည်းကိုနောက်မှသပ်သပ်တင်ပေးပါ့မယ်ခင်ဗျာ)

၎။ Font Profile ကိုပြန်သွင်းပါ...။ ဘယ်ကသွားရမှန်းမသိရင် ဒီလင့်ကို Click ပါ ..။ ပြီးရင် Download ကို နှိပ်ပြီး Install လုပ်ဖို့ ပေါ်လာရင် Install Now ကိုနှိပ်ပြီး သွင်းလိုက်ပါ.။

၅။ Multi Tasking မှာဖွင့်ထားတဲ့ App တွေမှာ ပြန်သွားကြည့်ရင် မြန်မာ လိုမြင်နေရပါပြီ...။

ဒါပေမယ့် ဖုန်းကို Restart လုပ်လိုက်တာ ဒါမှမဟုတ်ရင် Multi Task ကနေ ပိတ်လိုက်ရင်ဖြစ်စေ .ပြန်မမြင်ရတော့ပါဘူး..။ အဲ့ကျရင် အထက်ကနည်းအတိုင်း မြင်ချင်တဲ့အချိန်မှာ ပြန်လုပ်ပေးရပါတယ်...။ တစ်ခုရှိတာ Viber လို Muti Task ကို auto update လုပ်နေတဲ့ App မျိုးဆိုရင်တော့ ကိုယ်က Multi Task ကနေ မပိတ်လဲသူက auto Font ပျောက်ပျောက်သွားတတ်ပါတယ်...။ ဒီနည်းက ဇော်ဂျီ ဖြစ်ဖြစ် ယူနီကုဒ် ဖြစ်ဖြစ် မထူးခြားပါဘူးခင်ဗျာ..။

Wednesday, February 19, 2014

Pee Mak Phrakanong (2013) (မြန်မာစာတန်းထိုး)

 
နာမည်ကြီးထိုင်းသရဲကားပါ.... လူတိုင်းသိပြီးသားပေမယ့် ပြန်ကြည့်ချင်တဲ့လူတွေအတွက် တင်ပေးလိုက်တာပါ...။
 
Zip File size...345MB
Quality....အကြည်
Format...flv
hour....01:47:20
subtitle....မြန်မာ
 
 ရုပ်ရှင်တွင် စာတန်းထိုးနည်း သိချင်ပါက ဒီလင့်လေးက နေသွားဖတ်ပါ...။

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews