Blogger Widgets

Sunday, December 8, 2013

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။

Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication" option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။

"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။

"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..


အကယ်၍ သင့်မှာ Apple ID တစ်ခုရှိနေပြီး "Rescue Mail" မထည့်သွင်းရသေးဘူး ဆိုရင်တော့ အမြန်ဆုံးသာ ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...


>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<

၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။


၂) "Manage your Apple ID" ကိုနှိပ်ပါ။

၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။


၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။


  • ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏ information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု email ပေးပို့ပါ။
  • တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။


၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။


၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။ (Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။


၇) သင်၏ Email ကို Rescue Mail အဖြစ် Verify ဖြစ်သွားကြောင်းတွေ့ရပါမည်။



Apple ID နှင့် Password Reset / Recovery လုပ်နည်းကို အောက်ပါနေရာတွင် ဖတ်ရှုနိုင်ပါသည်..

>> Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း




Credit to : Apple / မိုးသိကြား

iOS 7 အတွက် Keyboard Shortcuts များ

Apple က iOS 7 မှာ developer တွေ သူတို့ရဲ့ App တွေမှာ third party အနေနှင့် external bluetooth keyboard ကို တွဲဖက် အသုံးပြုနိုင်အောင် ဖန်တီးနိုင်မယ့် အခွင့်အလမ်းကို ထောက်ပံ့ပေးထားပါတယ်။ ဒီအတွက် အချို့ App တွေမှာ Bluetooth keyboard သုံပြီး စာရိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဥပမာအနေနှင့် မြန်မာ App တစ်ခုဖြစ်တဲ့ "Sar" မှာ bluetooth hardware keyboard နဲ့ တွဲသုံးနိုင်အောင် ထည့်သွင်းပေးထား တွေ့ရပါတယ်။


iPad ကို Bluetooth keyboard နှင့် အသုံးပြုသူများအတွက် iOS 7+ အတွက် keyboard shortcuts များကို ဖော်ပြပေးလိုက်ပါတယ်။ အချို့ shortcuts များမှာ လောလောဆယ် အနေနှင့် iOS 7.0.3/7.0.4 များနှင့် အလုပ်မလုပ်နိုင်သေးပါ။

>> Safari <<

  • ⌘L to Open Location
    (like Safari for Mac, this selects the address bar so you can start typing to open a URL or search. You can’t move up/down with the keyboard to select results though)
  • ⌘T to open a new tab
  • ⌘W to close the current tab
  • ⌘R to refresh the current tab
  • ⌘. to stop loading the current tab
  • ⌘G and ⌘⇧G to move between Find In Page results (activate Find In Page with touch from the address bar, tap the search field at the bottom, then try the shortcuts)
  • ⌘[ and ⌘] for navigation


Note: Safari can’t switch between tabs or search in the current page with keyboard shortcuts in iOS 7.0.3.


>> Mail <<

  • ⌘N to create a new message
  • ⌘⇧D to send a message
    (from the Compose screen, it also works in other apps that implement a Mail sharing feature)
  • ⌦ (backspace) key to delete the currently selected message
  • ↑/↓ arrows to select suggested email address in To/CC/BCC popover fields



>> Pages <<

  • ⌘⇧K to comment
  • ⌘⌥K to show next comment
  • ⌘⌥⇧K to show previous comment
  • ⌘I/B/U to make text italic, bold, or underlined
  • ⌘D to duplicate the current object (such as an inline photo)
  • ⌘↩ to end editing and select parent (in table cells)
  • ↩ to insert a new line, ⌥↩ to select next cell (in table cells)
  • ⇥ to move to next cell, ⇧⇥ to move to previous cell
  • ⇧↩ to select cell above the current cell
  • ⌥↑/↓/→/← (arrow keys) to create a new row or column
  • ⌘↑/↓/→/← (arrow keys) to first/last cell in current row or column


Note: several keyboard shortcuts are shared across all the iWork apps, but we’ll repeat them in individual sections for clarity purposes.


>> Numbers <<

  • ⌘⇧K to comment
  • ⌘⌥K to show next comment
  • ⌘⌥⇧K to show previous comment
  • ⌘I/B/U to make text italic, bold, or underlined
  • ⌘D to duplicate the current object (such as an inline photo)
  • ⌘↩ to end editing and select parent
  • ↩ to select next cell
  • ⇥ to move to next cell, ⇧⇥ to move to previous cell
  • ⇧↩ to select cell above the current cell
  • ⌥↑/↓/→/← (arrow keys) to create a new row or column
  • ⌘↑/↓/→/← (arrow keys) to first/last cell in current row or column


Note: It’s possible that these shortcuts were enabled before, but I’ve added them for the sake of completeness because I haven’t seen them documented anywhere else.


>> Keyboard Symbols (ကီးဘုတ် သင်္ကေတ အဓိပ္ပါယ်)

⌘ Command
⇧ Shift
⌫ Backspace/Delete
⌥ Option / Alt
⌃ Control
↩️ Return
⇪ Caps lock
←↑→↓Arrow Keys

Credit to - မိုးသိကြား

iOS 7.0.4 တင်ရင် Jailbreak လုပ်နိုင်ပါ့မလား....?

iOS 7 ထွက်လာပြီးနောက်ပိုင်း Hacker တွေက Jailbreak Tool ကို အားလုံးအတွက် မထုတ်ပေးနိုင်ခင်မှာ Apple က iOS ကို version တစ်မျိုးပြီး တစ်မျိုး Update လုပ်လာတာ အခုဆ်ုရင် iOS 7.0.4 ဖြစ်သွားပါပြီ။
ဒါဟာ Apple က Jailbreak မလုပ်နိုင်အောင် အဟန့်အတား ဖြစ်စေဖို့ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်သလို တည်ငြိမ်ပြီးပြည့်စုံတဲ့ iOS ဖြစ်အောင် ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်..

တစ်ကယ်တော့ Hacker တွေရဲ့ လက်ထဲမှာ iOS 7 ထွက်ကတည်းက Jailbreak လုပ်နိုင်နေပါပြီ၊ အဲဒီအချိန်ထဲကသာ Jailbreak Tool ကို အများသုံးနိုင်လောက်အောင် အချောသတ်ပြီး ထုတ်ပေးခဲ့ရင် အခုဆို အဲဒီ Tool က သုံးစားလို့ရမှာ မဟုတ်တော့ပါဘူး။ အချောသတ် Tool တစ်ခုဖြစ်ဖို့ လနဲ့ချီပြီး ကြာတတ်တာကြောင့် Hacker တွေက အခုချိန်ထိ ထုတ်မပေးသေးပါဘူး။ Apple နဲ့ Hacker တွေရဲ့ ကစားပွဲတစ်ခုပါပဲ...။

iOS 7.0.4 ထွက်လာတဲ့အခါမှာ Jailbreak လုပ်ရန် စောင့်စားနေကြတဲ့သူများက iOS 7.0.4 ကို တင်လိုက်ရင် Jailbreak လုပ်ဖို့ အဆင်ပြေပါ့မလား၊ စိတ်ချရပါ့မလား ဆိုတဲ့ မေခွန်းတွေ ပေါ်ပေါ်က်လာခဲ့ပါတယ်။

"MuscleNerd" Jailbreak ဆရာကြီးက သူရဲ့ Twitter မှာ iOS 7.X.X ကိုသုံးနေပြီး Jailbreak ကိုစောင့်နေကြသူများ အနေနှင့် iOS 7.0.4 ကို ယောင်ပြီး တက်သွားမိခဲ့ရင်တောင် Jailbreak လုပ်နိုင်ပါသေးတယ် လို့ အသိပေးလိုက်ပါတယ်။ iOS 7.0.4 ဟာ Jailbreak အတွက် ဘာအနှောက်ယှက်မှ မရှိပဲ သည်းခံနိုင်ဖို့ လေ့ကျင့်ခန်းသာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

 
 
 
Credit to - မိုးသိကြား


iOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော "Background App Refresh" ကို "Disable" လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက "Disable" လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။


AirDrop ကို အသုံးမပြုသည့်အခါ "Off" ထားပါ။


"Automatic downloads" ကို "Off" ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။


"Brightness" ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ "Auto Brightness" On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။


"Notification Center" မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် "On" ထားပါ။


Mail setting ရှိ "Fetch New Data" တွင် "Push" ကို "Disable" လုပ်ထားပါ။


"Location Services" ကို မလိုအပ်ပါက "Off" ထားပါ။


iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> "Reduce Motion" ကို "Enable" လုပ်ပါ။


iOS 7 ရဲ့ Wallpaper မှာ "Dynamic" နဲ့ "Stills" ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။


Siri ၏ setting ရှိ "Raise to Speak" ကို "Disable" လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။


"Spotlight Search" တွင် ရှာဖွေရန် မလိုအပ်သည်များကို "Off" လုပ်ထားပေးပါ။


Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် "Vibrations" ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။

Cellular Data setting ရှိ "LTE" ကို "Off" ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။


General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။


"Limit Ad Tracking" ကို "Enable" လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable


အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။ 
 
Credit to - မိုးသိကြား

YouTube Capture App

ယခုနောက်ပိုင်း Facebook ပေါ်မှာ မိမိ ဝါသနာပါရာ အကြောင်းအရာလေးများကို (ဥပမာ သီချင်းဆိုပြ၊ ရယ်စရာလေးတွေလုပ်ပြခြင်းနှင့် တစ်ခုခုကို သင်ပေးခြင်း) အစရှိသည်ဖြင့် Video post လေးတွေလုပ်ပြီး တင်လာတာက တော်တော်လေးကို ခေတ်စားလာနေပါတယ်။

များသောအားဖြင့်တော့ Mobile Camera လေးများနှင့် ရိုက်ယူကြပါတယ်၊ အဲဒီလို သူငယ်ချင်းတွေ အတွက် ကမ္ဘာပေါ်မှာ အကြော်ကြားဆုံး Video sharing site တစ်ခုဖြစ်တဲ့ YouTube ကနေပြီး Video တွေကို လွယ်လွယ်ကူကူ Upload လုပ်နိုင်အောင် App တစ်ခုကို ထုတ်ပေးထားပါတယ်...

"Capture" လို့ အမည်ပေးထားတဲ့ YouTube ရဲ့ App က ဗီဒီယိုများကို Pause, Resume ပုံစံနဲ့ ရိုက်ကူးနိုင်သလို ရိုက်ကူးပြီးသား Video clips များကို အကန့်အသတ်မရှိ Timeline တွင် ထည့်သွင်းပြီး (ဖြတ်ညှပ်)Trim လုပ်ခြင်း၊ အရှေ့အနောက် (Rearrange) လုပ်နိုင်ခြင်းတို့အပြင် မိမိ၏ Music Library ထဲတွင် ရှိသော သီချင်းများကို နောက်ခံတေးဂီတ (PlayBack) အနေနှင့်ပါ ထည့်သွင်းနိုင်ပြီး "YouTube" မှာ တိုက်ရိုက် Upload လုပ်နိုင်ပါလိမ့်မယ်..





အဲဒီနောက် မိမိနှစ်သက်ရာ Social Network မှာ မျှဝေလို့ ရပါပြီ...
>> iOS အတွက် App Store မှာ "FREE" ရယူနိုင်ပါပြီ..
>> အောက်က QR code လေးကို Scan လုပ်ပြီး Free Download လုပ်နိုင်ပါပြီ..

Credit to : YouTube 

Cydia Crash အတွက် ဖြေရှင်းနည်း


ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...

Download Software

>> Download iExplorer 3.2.3.3
>> Download iFunBox 2.6

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)



အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

Credit to - မိုးသိကြား

Wednesday, December 4, 2013

ညောင်ရွက်ဖြင့် ဖုန်းဘတ်ထရီကို အားသွင်းနိုင်


သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ဖုန်းဘတ်ထရီ များကို ညောင်ရွက်ဖြင့်  အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ ယုံကြည်တဲ့သူတွေဟာ အလွန်နည်းပါတယ်။ ဒါကြောင့် လူတွေ အမှန်တကယ် အသုံးပြုနိုင်အောင် အောက်ပါ အတိုင်း ညွှန်ပြထား ပါတယ်။
 
၁။ ဖုန်းကာဗာကို ဖွင့်လိုက်ပါ။
၂။ ဖုန်းဘတ်ထရီကို ယူပါ။
၃။ စိမ်းစိုနေသော ညောင်ရွက်နှစ်ရွက်ကို ယူလိုက်ပါ။
၎။ ညောင်ရွက်၏ အရိုးကို ဘတ်ထရီ၏ ထိပ်သို့ ပုံမှာ ပြထားသည့် အတိုင်း မီးနစ် အနည်းငယ် ထိုးလိုက်ပါ။
၅။ အဝတ်သန့်သန့်ဖြင့် ဘတ်ထရီကို သန့်ရှင်းရေး လုပ်ပါ။
၆။ ဘတ်ထရီကို ဖုန်းထဲသို့ ပြန်ထည့်လိုက်ပါ။
၇။ ထို့နောက် ဖုန်းကို ဖွင့်ပါ။
၈။ ထိုအခါ ဖုန်းအားများ ရရှိလာပါလိမ့်မယ်။

ဖုန်းအားသွင်းဖို့ အခက်အခဲ ဖြစ်သော တောတောင်ထဲမှာ ဖုန်းဘတ္ထရီ မရှိပါက အထက်ပါ ဖော်ပြပါ အတိုင်း ပြုလုပ်ပါက မိမိ၏ ဖုန်းအားကို ပြည့်လာစေပါလိမ့်မယ်။
သို့သော် ညောင်ရွက်ကလွဲပြီး အခြားအရွက်များဖြင့် အသုံးပြုလို့ မရနိုင်ပါဘူး။
ရုက္ခဗေဒ ပညာရှင်တွေရဲ့ အဆိုအရ သစ်ပင်တွေမှာ ရှိတဲ့ စွမ်းအင်တွေနဲ့ လျှပ်စစ် စွမ်းအင်တွေဟာ တစ်ခုနှင့် တစ်ခု ပြန်အလှန် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews