Blogger Widgets

Friday, February 15, 2013

မိမိတင်ထားတဲ့Program တွေကို သူများက ဖြုတ်လို့မရအောင်

ကျွန်တော်တို့ တစ်ခါတစ်လေကျရင် ကိုယ်တင်ထားတဲ့ Program(Application) တွေကို တစ်ခြားမသိတဲ့ သူတွေက ဖြုတ်ပစ်လိုက်တာမျိုးတွေရှိပါတယ်။ အဲဒီလိုမဖြစ်အောင် အခုလိုကာကွယ်ထားလိုက်မယ်ဆိုရင်
အရင်ဆုံး Run ကနေ gpedit.msc ကိုရိုက်လိုက်ပါ ပြီးရင် User configuration ထဲကထဲက Administrative Templates ထဲက Control Panel ထဲက Add or Remove Programs ကိုသွားပါ
အဲဒီရောက်ရင် ညာဘက်မှာ Remove Add or Remove Programs ဆိုတာကိုတွေ့ ပါလိမ့်မယ် Right Click ထောက်ပြီး Properties ကိုဝင်လိုက်ပါ ပြီးရင် Enable ပေးလိုက်ပါ။ ဒါဆိုရင် Control Panel ဖွင့်လိုက်တဲ့အခါ Add or Removes Programs ကိုဖွင့်ရင်မရတော့ပါဘူး ဒါဆိုရင် မိမိတင်ထားတဲ့ Program တွေကို သူများက ဖြုတ်လို့မရတော့ဘူးပေါ့ ပြန်ပွင့်ချင်ရင်တော့ Not Configured ပြန်ပေးလိုက်ပါ။ 


အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ

Task Manager ပျောက်နေလို့ရှိရင်ရင်

ဒီနေ့ တစ်နေ့ လုံးကျနော် Registry အကြောင်းတွေချည်းပဲထိုင်ပြီးတင်ပေးနေတာပါ..။ အခုလဲ ကျနော် စဉ်းစား မိတာလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်..။ ဒီပို့စ်မတိုင်ခင်က Registry ခေါ်လို့ မရရင် ပြန်ပြီး Enable လုပ်တဲ့နည်းလေးပါ..။ အခုပြောမှာက ဗိုင်းရပ်စ်ကိုက်လို့  TaskManager ပျောက်နေရင်ပြန်ခေါ်တဲ့နည်းလေး
အသုံးဝင်မယ်ထင်ကြပါတယ်ဒါကြောင့်တင်ပေးလိုက်တာပါ။

Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့
Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာ ပါလိမ့်မယ်။
အားလုံး Ok ကြပါစေ..။ အားလုံး Ok ဆိုလို့ လွှမ်းပိုင်ဆိုတဲ့သီချင်းကိုပြောတာမဟုတ်ဘူးနော် :D။

Registry Editor ခေါ်လို.မရရင်

ကျနော်လဲ အခုတစ်လော Registry ပိုင်းကိုတော်တော်လေးလေ့လာမိပါတယ်..။ ကျနော်လေ့လာ လို့ ရတဲ့ ထဲက တစ်ချို့ ကို ကျနော့်ဆိုက်ကိုလာရောက်ကြည့်ရှု့ ပေးတဲ့ စာဖတ်သူတွေအတွက် ကောင်းမယ် ထင်တာလေးတွေ ကိုပြန်လည်မျှဝေပေးနေပါတယ်..။ အယ် တစ်ခုရှိတာ ကျနော်ကသာ တောက်လျှောက် Registry အကြောင်းတွေ ပြောနေတာ.စာဖတ်သူတွေကတစ်ခုမဟုတ်တစ်ခုတော့လိုက်တော့လုပ်ကြည့် ကြမှာပဲ .။ အဲလိုလုပ်တဲ့အခါမှာ စာဖတ်သူတွေရဲ့ စက်မှာ Registry ခေါ်လို့ မရတော့ဘူးဆိုပါတော့ (Virus ကြောင့်လဲဖြစ်နိုင်ပါတယ်.ဖြစ်တတ်ပါတယ်.။) အဲဒီလိုမျိုးဖြစ်နေရင် Registry ကို ခေါ်လို့ ရအောင် ပြန်လုပ်တဲ့ နည်းလေးကိုပြောပြချင်ပါတယ်..။ ကဲစလိုက်ကြရအောင်ဗျာ.။

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို Enable ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှတ်လိုက်ရင် ညာဘက်ခြမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။
ဒီလိုလေးကဖြစ်ခဲပါတယ်..။ ဖြစ်တော့ဖြစ်တတ်တာကြောင့်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်တိုင် မဖြစ်ခဲ့ ရင်တောင်မိမိမိတ်ဆွေ အပေါင်းအသင်း တို့ ရဲ့ စက်မှာဖြစ်နေရင်လဲလုပ်ပေးလို့ ရတဲ့နည်းလေးပါ.။
အားလုံးပဲအဆင်ပြေကြပါစေ.။

Folder Option ပျောက်ဆုံးပါက

Run box ထဲတွင် gpedit.msc ကိုရိုက်၍ enter နိုပ်ပါ
- Group Policy Editor ပွင့်လာပါက ဘယ်ဘက်အခြမ်းတွင် User Configuration >Administrative Templates >Windows Components >Windows Explorer  အထိရောက်အောင်သွား ပြီးရင် ညာဘက်အခြမ်းတွင် Removes the folder options menu item from the tools menu ကို Double Click နှိပ်ပါ dialog box ကျလာရင် disables ကိုရွေး Ok ကိုကလစ် ပြီးရင်
- Explorer (Window Key + E) တစ်ခုကို ဖွင့်၍ Tools menu ကို ကလစ်လိုက်ပါက သင့်ပျောက်နေသော Folder Option ပြန်လည်ထွက်ပေါ်လာပါလိမ့်မည်ခင်ဗျား။


အဆင်ပြေကြပါစေဗျာ...။

Hardware ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ

မိတ်ဆွေ အပေါင်းအသင်းတို့ ရဲ့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware ကောင်းစွာအလုပ်လုပ်ခြင်း
ရှိမရှိ ကြည့်ရှုတဲ့ နည်းလေးပါ အလွန်အသုံးဝင်မယ်လို့ ထင်ပါတယ်ဗျာ.။ တော်တော် များများလဲသိပြိး သားတွေ ဖြစ်မှာပါ.။ ဒါပေမယ့် မသိသေးတဲ့လူတွေအတွက် မျှပေးတာပါ.။  ပထမဆုံး Run box မှာ
devmgmt.msc ” လို့ ရိုက်ထည့် ပြီး enter ခေါက်ပါ Device Manager ဆိုတဲ့ box အခုလိုကျလာ ပါမယ်
အခုဆိုရင်တော့ သင်ရဲ့ ကွန်ပျူတာမှာ ချိတ်ဆက်အသုံးပြုထားတဲ့ Hardware တွေ ပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာ ကိုတွေ့မြင်နိုင်ပါပြီ အဲဒီမှာ တစ်ခုခု ချို့ယွင်းနေရင် “ ? “ ပုံစံနဲ့ ပြနေမှာပါ Scan (or) or reinstall ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းနိုင်ကြောင်းပါဗျာ

 အဆင်ပြေကြပါစေ...။

Virtual memory page file ကို ကွန်ပျူတာက Auto ရှင်းမယ်

ကွန်ပျူတာကို နေ့ တတူကွ အသုံးပြူသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါ
Shutdow ပေါ်ကမလို အပ်တဲ့ virtual memory page file တွေကို ကွန်ပျူတာက Auto ရှင်းလင်းနိုင်အောင် ပြလုပ်ပေးမယ့် နည်းလေးပါ Run box မှာ secpol.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ Local Security Settings ဆိုတာလေးကျလာပါမယ်

Local policies , security options ကို double click လုပ်ပါ ပြီးရင် shutdown : clear
virtual memory Page file ဆိုတဲ့စာကြောင်းလေးကို အောက်ဖက်နားလေးမှာ ရှာလိုက်ပါဦး

ဟောတွေ့ ပြီဗျာ ... တွေ့ပြီဆိုရင် စာကြောင်းပေါ်မှာ Right click ထောက်ပြီး properties ကိုသွားပါ
ပြီးရင် Disable ကို uncheck လုပ်ပြီး Enable ကို check လုပ်ပြီး ok ပေါ့ဗျာ computer က
Automatically clear လုပ်သွားပါလိမ့်မယ် ။ လုပ်ကြည့်လိုက်ပါ

* virtual memory : virtual memory n. Memory that appears to an application to be larger and more uniform than it is. Virtual memory may be partially simulated by secondary storage such as a hard disk. Applications access memory through virtual addresses, which are translated (mapped) by special hardware and software onto physical addresses. Acronym: VM. Also called: disk memory. See also paging, segmentation.

အဆင်ပြေကြပါစေဗျာ...။


 

Friday, November 23, 2012

"The command prompt has been disabled by your administrator" Error ဖြေရှင်းနည်း

 
 
 ပထမဆုံး ဒီအောက်က အနီရောင်နဲ့ Command ကို Copy ကူးပါ  Start > Run မှာ ထည့်ပေးပြီး Enter ခေါက်ပါ...
  REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f

 ဒုတိယနည်းကတော့ 
Start > Run မှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ .. အောက်ကလမ်းကြောင်းအတိုင်း ရောက်အောင်သွားပြီး
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
 System က ညာဘက် Panel မှာ DisbleCMD ကို Double Click ပြီး တန်ဖိုးကို (၀) ပြောင်းပေးလိုက်ပါ..။

တတိယနည်းကတော့  Group Policy Editor  ကနေတဆင့်ပြင်ပေးရမှာပါ...  Star > Run  မှာ  gpedit.msc  ရေးထည့်ပေးပြီး Enter ခေါက်ပါ... Group Policy Editor box တတ်လာရင် အောက်ကလမ်းကြောင်းအတိုင်းတစ်ဆင့်ချင်းသွားပါ...

User Configuration \ Administrative Templates \ System

  Prevent access to the command prompt စာကြောင်းကိုရှာပါ တွေ့ရင်  Double-click  ပြီး Disable ဖြစ်နေရင် Not Configured ကိုပြောင်းပေးပြီး OK ပေးလိုက်ပါ...။
နောက်ဆုံးအဆင်မပြေသေးဘူးဆိုရင် ဒီအောက် ဖိုင်လ်လေး ဒေါင်းယူပြီး Right Click နဲ့ Install ပေးလိုက်ပါ...
 
အဆင်ပြေပါစေ....
 

Free Backlinks
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews